Thursday, October 29, 2020

RFA သတင်းဌာန၏ ICRC ရိက္ခာတင်စက်လှေပစ်ခတ်ခံရမှုသတင်းနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်

 RFA သတင်းဌာန၏ ICRC ရိက္ခာတင်စက်လှေပစ်ခတ်ခံရမှုသတင်းနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အောက်တိုဘာ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

 
အဆိုပါထုတ်ပြန်ချက်တွင် -
 
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း စက်လှေပေါ်တွင်လိုက်ပါ လာသော AA အကြမ်းဖက် သောင်းကျန်းသူများက တပ်မတော်စစ်ရေယာဉ်များအား ပစ်ခတ်တိုက်ခိုက်ခဲ့၍ တပ်မတော်က ပြန်လည်ပစ်ခတ်ခဲ့သည့်
 
သတင်းအား RFA သတင်း ဌာန၏ အောက်တိုဘာ ၂၈ ရက် ည ၇ နာရီ ရေဒီယိုတိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင် “ICRC ရိက္ခာတင်စက်လှေ ရေတပ်ကပစ်ခတ်လို့ အရပ်သားတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ” သတင်းခေါင်းစဉ်ဖြင့် ထုတ်လွှင့်သွားခဲ့ပြီး သတင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများမှ စတင်ပစ်ခတ်မှုအားထည့်သွင်းဖော်ပြမှုမရှိဘဲ တပ်မတော်အပေါ် အများပြည်သူနှင့် ICRC အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးမှ အထင်အမြင်လွဲမှားစေမည့် အကြောင်းအရာများကို စိစစ်ခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် ထုတ်လွှင့်ခဲ့ပါသည်။
 
တပ်မတော်အနေဖြင့် အဆိုပါသတင်းအား မြေပြင်အခြေအနေမှန်သိရှိနိုင်ရန် အဆင့်ဆင့်စုံစမ်းစိစစ်ခဲ့ပြီး သတင်းမှန်အား အောက်တိုဘာ ၂၈ ရက်၊ ညနေတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ Website ၊ Facebook Page၊ MWD Online broadcasting Facebook Page၊ Myawady YouTube Channel နှင့် မြဝတီရုပ်မြင် သံကြားသတင်းတို့တွင်လည်းကောင်း၊ ယနေ့နံနက်ထုတ် မြဝတီသတင်းစာနှင့် ရတနာပုံ သတင်းစာတို့တွင် လည်းကောင်း ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။
 
၎င်းအပြင် အဆိုပါစက်လှေမှာ ICRC ၏စက်လှေမဟုတ်ဘဲ အငှားစက်လှေသာ ဖြစ်ပြီး စက်လှေပေါ်တွင် ICRC ဝန်ထမ်းတစ်ဦးမှ မပါကြောင်းနှင့် ဖြစ်စဉ်၏အနီး တစ်ဝိုက်တွင်လည်းရှိမနေကြောင်းကို အောက်တိုဘာ ၂၈ ရက်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ထုတ်ပြန်ပြီးဖြစ်သည်။
 
RFA သတင်းဌာနအနေဖြင့် သတင်းဌာနကြီးတစ်ခုအဖြစ် ရပ်တည်လျက်ရှိသော်လည်း သတင်းအချက်အလက် တိကျမှန်ကန်စေရန်နှင့် တတ်နိုင်သမျှပြည့်စုံစေရန် စိစစ်ခြင်း မပြုဘဲ သတင်းထုတ်ပြန်ခဲ့မှုကြောင့် ICRC အားတပ်မတော်က တမင်ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့သည်ဟူသော လွဲမှားသည့်သဘောသက်ရောက်စေပြီး နိုင်ငံတကာ အဖွဲ့အစည်းများ အားလုံးမှ မြန်မာ့တပ်မတော်အပေါ် ဖိအားသက်ရောက်စေရေး၊ အထင်အမြင်လွဲမှားစေရေး စသည့် မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာအား ထိခိုက်စေသော ဖော်ပြချက်အဖြစ် တွေ့ရှိရသည်။
 
သို့ဖြစ်ပါ၍ တပ်မတော်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အများပြည်သူအထင်အမြင် လွဲမှားစေသည့် စွပ်စွဲရေးသားချက်များ ပါဝင်သော စက်လှေပစ်ခတ်မှု သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ RFA သတင်းဌာနအား ကန့်ကွက်ကြောင်းနှင့် သတင်းဌာန၏ ဂုဏ်သိက္ခာအားစောင့်ထိန်း၍ ပြည်သူသို့အမှန်အတိုင်း ပြင်ဆင်ထုတ်ပြန်သွားရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

http://www.theladiesnewsjournal.com/news/fri-2020-10-30-0510/13947

No comments:

Post a Comment