ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျောက်ဆင်ကျေးရွာအနီး ရွာသားအသွင်ယူ၍ လှုပ်ရှားနေသော AA အကြမ်းဖက်သောင်းကျန်းသူများက ယနေ့ နေ့လယ်ပိုင်း၌
ကဇူးကိုင်းကျေးရွာနေ ယာဉ်မောင်း ဦးတင်အောင်မိုး ၄၇ နှစ်(ဘ)ဦးလှဆောင်၊ ဗမာ/ဗုဒ္ဓနှင့် ၎င်း၏ ဇနီး မအေးလှိုင် ၄၉ နှစ်(ဘ)ဦးမောင်ထွေး လိုက်ပါလာသည့် CANDA အမျိုးအစား ယာဉ်နှင့် အမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ယာဉ်မောင်း မောင်မောင်နိုင် ၂၅ နှစ်(ဘ)ဦးသောင်းတင်၊ ချင်း/ဗုဒ္ဓ၊ ယာဉ်နောက်လိုက် မောင်ကျော်သူလင်း ၂၅ နှစ်တို့ လိုက်ပါလာသည့် ISSUE အမျိုးအစား ယာဉ် ၂ စီး တို့အား ကဇူးကိုင်း - အလယ်ကျွန်း သွားကားလမ်းပေါ်ရှိ ဂျိတ်ချောင်းကျေးရွာ အနီးတွင် အကြောင်းမဲ့ မီးရှို့ဖျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ အပြစ်မဲ့ ပြည်သူ ၄ ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စိစစ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဖြစ်စဉ် ဖြစ်ပွားရာ ဝန်းကျင်အနီးတဝိုက်တွင် အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်မှု(Counter - terrorism Action)ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
http://dsinfo.org/node/626
No comments:
Post a Comment