Thursday, October 29, 2020

ICRC ရိက္ခာထောက်ပံ့ရေးရေယာဉ်ပစ်ခတ်ခံရဆိုသောသတင်း မှားယွင်းဟု တပ်မတော်တုံ့ပြန် ဖြစ်စဉ်တွင် ICRC၏အကူအညီများသယ်ပို့ အငှားရေယာဉ်ပါဝင်ဟု ICRC အတည်ပြု

 ICRC ရိက္ခာထောက်ပံ့ရေးရေယာဉ်ပစ်ခတ်ခံရဆိုသောသတင်း မှားယွင်းဟု တပ်မတော်တုံ့ပြန် ဖြစ်စဉ်တွင် ICRC၏အကူအညီများသယ်ပို့ အငှားရေယာဉ်ပါဝင်ဟု ICRC အတည်ပြု

By The Standard Time Daily -October 29, 2020

Share on Facebook


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း ကံပြင်ကျေးရွာအနီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) ရိက္ခာထောက်ပံ့ရေးရေယာဉ် တစ်စင်းအား တပ်မတော်မှ ပစ်ခတ်သဖြင့် မီးလောင်ပျက်စီးသွားသည် ဆိုသောသတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဆိုသည်။


လူမှုကွန်ရက်စာမျက်နှာအချို့မှ ယနေ့ နေ့လယ်ပိုင်းတွင်မေယုမြစ်အတွင်း ကံပြင်ကျေးရွာ အနီး အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) ရိက္ခာ ထောက်ပံ့ရေး ရေယာဉ်တစ်စီးအား တပ်မတော်မှ ပစ်ခတ်သဖြင့် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းများ ထွက်ခဲ့သည့် အတွက် ပြည်သူလူထုအနေဖြင့် သတင်းမှန်အားသိရှိနိုင်ရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


အဆိုပါတပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် မီးစွဲလောင်၍ မေယုမြစ်အတွင်း မျောပါ သွားသော စက်လှေမှာ AA အဖွဲ့ စီးနင်းလာသည့် စက်လှေဖြစ်ကြောင်း ထုတ်ပြန်ချက်ထားသော်လည်း ICRC ၏ ထုတ်ပြန်ချက်တွင်မူ လက်နက်ကိုင်ပဋိပက္ခဒဏ်ခံရသည် အရပ်သားများကို ကူညီပေးနေသည့် အိုင်စီအာရ်စီက ဆောင်ရွက်နေသော လုပ်ငန်းတစ်စိတ်တစ်ပိုင်းအနေဖြင့် စစ်တွေမှ ရသေ့တောင်သို့ အိုင်စီအာစီ၏ အကူအညီ များကို ကူညီပို့ဆောင်ပေးသည့် အငှားမော်တော်ယာဉ်တစ်စင်းပါဝင်ကြောင်း အိုင်စီအာရ်စီက အတည်ပြုပါ သည်ဟုဖော်ပြထားပြီး ဖြစ်စဉ်တွင် ပါဝင်သည့် ရေယာဉ်ပေါ်တွင် အာစီအာရ်စီ ဝန်ထမ်း မပါဝင်သည့်အပြင် ဖြစ်စဉ်၏ အနီးတစ်ဝိုက်တွင်လည်း ရှိမနေကြောင်းလည်း ဆိုထားသည်။


တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ရသေ့တောင် မြို့နယ်၊ မေယုမြစ်အတွင်း အုပ်ချုပ်မှု ကိစ္စရပ်များဆောင်ရွက်နေ သည့် တပ်မတော်စစ်ရေယာဉ် သုံးစီးသည် ယနေ့နံနက်ပိုင်းတွင် အောင်ဇေယျ ကျေးရွာမှ ရသေ့တောင်မြို့သို့ ခုတ်မောင်းလာစဉ် အောင်ဇေယျ ကျေးရွာ၏ တောင်ဘက်မီတာ ၂၀၀၀ ခန့်အကွာရှိ မင်းကျွန်းအနီးသို့အရောက် အနောက်ဘက်ကမ်းမှ အရှိန်ဖြင့်မောင်းနှင်လာသော အလျားပေ ၄၀ ၊ အနံ ၁၇ ပေခန့်ရှိ စက်လှေပေါ်မှ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ရေယာဉ်ပေါ်တွင်လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ စီးနင်းလာသည့် စက်လှေမှာ မီးစွဲ လောင်၍ မေယုမြစ်အတွင်း မျောပါသွားခဲ့ ခြင်းဖြစ်ကြောင်း ဆိုထားသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) မှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါစက်လှေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) စက်လှေမဟုတ်ကြောင်းသိရှိရပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရန်ရှိပါကလည်း သက်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီများသို့ ကြိုတင်အသိပေးညှိနှိုင်းပြီးမှသာ ပို့ဆောင်ပေးလျက်ရှိသည့်အပြင် လုံခြုံရေးအဖွဲ့များ ကလည်း လိုအပ်သည်များ ကူညီပူးပေါင်းဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ICRC ရိက္ခာထောက်ပံ့ ရေး ရေယာဉ် ပစ်ခတ်ခံရသည်ဆိုသည့် လူမှုကွန်ရက်တွင်ပျံ့နှံ့နေသော သတင်းမှားများနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် သတင်းမှန်အား သိရှိနိုင် ရန် ထုတ်ပြန်ကြောင်း ဖော်ပြထားသည်။

http://sdtimedaily.com/2020/10/29/shp34-13/

No comments:

Post a Comment