မြန်မာအမျိုးသမီးများကို ကူညီရန် အီတလီက ယူရိုလေးသိန်းထောက်ပံ့
မြန်မာနိုင်ငံတွင် ပြည်နယ်ခြောက်ခုမှ အမျိုးသမီးများကို ကူညီရန် အီတလီနိုင်ငံက ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) အား ယူရိုငွေလေးသိန်း ထောက်ပံ့ကြောင်း အောက်တို ဘာ၂၇ ရက်တွင် UNFPA က ထုတ်ပြန်သည်။
ကချင်၊ ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်၊ ကယားပြည်နယ်များရှိ အမျိုးသမီးများကို ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
UNFPA ကို လိင်အခြေပြုအကြမ်းဖက်မှု (GBV) ကို ကာကွယ်ရန်နှင့် တုံ့ပြန်ရန်အတွက် ရန်ပုံငွေကို ဆက်လက်ခွင့်ပြု ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းရန်ပုံငွေကို စိတ်ကျန်းမာရေးနှင့်စိတ်ပညာဆိုင်ရာ အထောက်အကူပြုမှု (MHPSS) နှင့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့်အခွင့်အရေး (SRHR) ဝန်ဆောင်မှုများကို အမျိုးသမီးများ၊ မိန်းကလေးများ ၊ လူငယ်များအတွက် ပဋိပက္ခဖြစ်ပွားရာဒေသ များတွင် သက်ကြီးရွယ်အိုများ ၊ အမျိုးသမီးများ ၊ မသန် စွမ်းသူများ၊ LGBTQIA+ နှင့် လက်ထပ်ထိမ်းမြားသောအဖွဲ့များကို ကူညီမည် ဟု ထုတ်ပြန်ထားသည်။
ကိုဗစ်(၁၉)ကပ်ရောဂါသည် အမျိုးသမီး၊ မိန်းကလေးများ နှင့် လူငယ်များအတွက် အသက်ကယ် SRHR, GBV နှင့် MHPSS ဝန်ဆောင်မှုများ လိုအပ်နေသော အမျိုးသမီးများနှင့် မိန်းကလေး များသည် လိင်အခြေပြုအကြမ်းဖက်မှုကို ပိုမိုပြင်းထန်စွာကြုံတွေ့ ရနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေး အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အခွင့်အရေးသည် အရေးကြီးကြောင်း UNFPA က ထုတ်ပြန်ထားသည်။
အီတလီနိုင်ငံသည် ၂၀၁၆ နှင့် ၂၀၁၉ ခုနှစ်ကလည်း အမျိုး သမီးနှင့်မိန်းကလေးတို့၏ပထမဆုံးပရိုဂရမ်ကို ယူရို ၈၀၀၀၀၀ ပေးကြောင်း သိရသည်။ အမျိုးသမီးနှင့် မိန်းကလေးတို့၏ပထမ ဆုံး ပရိုဂရမ်ကို ဩစတြေးလျ၊ အီးယူ၊ ဖင်လန်၊ ဂျာမနီ၊ အီတလီ နှင့် ဆွီဒင်တို့က ထောက်ပံ့ပေးထားကြောင်း သိရသည်။
http://sdtimedaily.com/2020/10/28/shp31-51/

No comments:
Post a Comment