Wednesday, October 28, 2020

ရှမ်းပြည်နယ်ရှိ ရက်ကွက်တစ်ခုနှင့် ကျေးရွာအုပ်စုနှစ်စုကို ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော နယ်မြေစာရင်းမှပယ်ဖျက်

 

ရှမ်းပြည်နယ်ရှိ ရက်ကွက်တစ်ခုနှင့် ကျေးရွာအုပ်စုနှစ်စုကို ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော နယ်မြေစာရင်းမှပယ်ဖျက်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန်အခြေအနေမရှိသောကြောင့် ရွေးကောက်ပွဲမကျင်းပဟုကြေညာထားသော နယ်မြေများမှ မူဆယ်မြို့နယ်ရှိ ရက်ကွက် တစ်ခုနှင့် လားရှိုး၊ကွမ်းလုံရှိကျေးရွာ အုပ်စုတို့ကို ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသော နယ်မြေစာရင်းမှပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ယနေ့ (အောက်တိုဘာ ၂၇ ရက်)ညပိုင်းကကြေညာလိုက်သည်။

အဆိုပါထုတ်ပြန်ကြေညာချက်အရ အဆိုပါနယ်မြေများတွင် သက်ဆိုင်သောရွေးကောက်ပွဲ ကော်မရှင်အ ဖွဲ့ခွဲများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ထပ်မံစီစစ်တင်ပြချက်အရ မူဆယ်မြို့နယ် တော်ရပ်ရပ်ကွက်နှင့် လားရှိုးမြို့နယ်ရှိ မယ်ဟန်ကျေးရွာအုပ်စု ကွမ်းလုံ မြို့နယ်ရှိ မန်ပြိန်းကျေးရွာအုပ်စုတို့ကို ရွေးကောက်ပွဲကျင်းပရန်ခွင့်ပြုလိုက် ခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ရှမ်းပြည်နယ် မူဆယ်မြို့အတွင်းရှိ ရပ်ကွက် တစ်ခုနှင့်ကျေးရွာအုပ်စု ၁၀ ခု၊ လာရှိုးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၆ ခုနှင့် ကွမ်လုံ မြို့နယ်ရှိ ကျေးရွာအုပ်စု ၁ ခုတို့ကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသော နယ်မြေများအဖြစ် အောက်တိုဘာ ၁၆ ရက်ကကြေညာခဲ့သည်။

“မူဆယ်တော်ရပ်ရပ်ကွက်ဆိုတာတကယ့်မူဆယ်မြို့ရဲ့စီးပွားရေးဇုန်။ ဘာမှလည်း မဖြစ်ဘူး ဗျာ။ မူဆယ်မြို့ဆိုတာရှမ်းကမဲပေးနိုင်တဲ့သူက ခြောက်သောင်းကျော်၊သုံးလကျော် နေထိုင် ပြီးမဲပေးနိုင်တဲ့ ဧည့်သည်ကလည်းခြောက်သောင်းကျော် ရှိတယ်” ဟု ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်းမရှိသည့် နယ်မြေများစာရင်းထုတ်ပြန်စဉ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကပြောထားသည်။

ရှမ်းတိုင်းရင်းသားပါတီများအနေနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်းထုတ်ပြန်ချက် ကိုပြန်လည်စိစစ်ပေးရန် တောင်းဆိုမှုများရှိခဲ့သည်။

အလားတူ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာအုပ်စု ၃ ခုနှင့် အမ်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၄ ခုကိုလည်း ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်းမှ ပယ်ဖျက် လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ယနေ့(အောက်တိုဘာ ၂၇ ရက်) ညပိုင်း ထုတ်ပြန်ချက်များအရသိရသည်။

http://sdtimedaily.com/2020/10/27/kz15-26/

No comments:

Post a Comment