ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများတွင် ဖျားနာမှုများပြားနေပြီး ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ
ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများတွင် ဖျားနာမှုများပြားနေပြီး ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။
လက်ရှိမှာ ဖျားနာမှုတွေများပြားနေတယ်။ ရာသီဥတုကြောင့်ဖြစ်နေကြတာ များတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေလိုအပ်နေပါတယ်။ လက်ရှိရခိုင်မှာ ကိုဗစ်လည်းဖြစ်နေကြတာဆိုပေမယ့် တိုက်ပွဲရှောင်စခန်းတွေရှိနေတဲ့ လူတွေဘက်ကိုလည်း ကျန်းမာရေး စောင့်ရှောက်တာတွေလုပ်စေချင်တယ် အစိုးရက ဆန်တွေဘာတွေတော့ ထောက်ပံပေးတာတွေ ရှိပါတယ်”ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။
ဒုက္ခသည်ဦးရေ ၃၃၂၁ ဦးရှိသည့် တိန်ညိုစစ်ဘေးရှောင်စခန်းတွင် ဖျားနာသူ ၃၀ နှင့် ၅၀ ကြားရှိလာကာ ၎င်းတို့မှာ မည်သည့်အကြောင်းကြောင့်ဖျားနာနေခြင်းအား မသိရှိဖြစ်နေကြပြီး ဆေးကုသမှုခံယူမည့်နေရာမရှိသဖြင့် ဆေးဆိုင်မှ ဆေးများဝယ်ယူသောက်သုံးနေရကြောင်း သိရသည်။
“လတ်တလောမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးကြရသူတွေကလည်း တိုက်ပွဲရှောင်စခန်းတွေကိုလာဖို့ ခက်ခဲတဲ့အခြေအနေမျိုးတွေရှိနေတာ့ သူတို့နေရာမှာပဲ ဖြစ်သလိုနေကြရတာတွေရှိတယ်” ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။
REC က အောက်တိုဘာ ၁ ရက်အထိ ကောက်ယူထားသောစာရင်းများအရရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် အရေအတွက်မှာ ၂၂၆၈ဝ၄ ဦးရှိနေပြီဖြစ်ကာအိမ်ထောင်စု ၁၀ စုနှင့်အောက်ခိုလှုံနေသောနေရာများကို စစ်ဘေး ဒုက္ခသည်စခန်းအဖြစ် မဖော်ပြတော့ဘဲ နီးစပ်ရာခိုလှုံနေသူများစာရင်းတွင် ပေါင်းထည့်ပေးထားကြောင်း သိရသည်။
http://sdtimedaily.com/2020/10/03/shp25-94/

No comments:
Post a Comment