ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် နှစ်ဦးအား ထောင် နှစ်နှစ်စီ အမိန့်ချ
ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့မှ ရုံးအဖွဲ့မှူး ကိုကျော်သီဟရဲကျော်နှင့် သက်မွေးပညာရပ်ဆိုင်ရာ အတွင်းရေးမှူး ကိုစိုးလှနိုင်တို့ကို စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သောကြောင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တရားရုံးကအောက်တိုဘာ ၂ရက်နေ့တွင် ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်ကြောင်း ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။
“ဒီကိစ္စက လက်ခံလို့မရတဲ့ ကိစ္စပဲ။ မျက်ကွယ်အမိန့်ချရလောက်အောင် ကြီးတဲ့အမှုလည်း မဟုတ်ဘူး။ ဒီကိစ္စဟာ တံခါးဖွင့်စစ်ဆေးရမယ့် ကိစ္စလည်းဖြစ်တယ်။ ဒါကို အခုလိုမျိုး ခိုးကြောင်ခိုးဝှက်လုပ်တာဟာ သူတို့မရိုးသားတာပဲ” ဟု ဗကသများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ကိုထူးခန့်သော်က ပြောဆိုသည်။
ယင်းကဲ့သို့ အမိန့်ချမှတ်ရာတွင် ပုဒ်မ ၅၀၅(က)၊ (ခ) နှစ်ရပ်ပေါင်း ထောင်ဒဏ် နှစ်နှစ် ချခဲ့ခြင်း ဖြစ်ပြီး ကျန်မြို့နယ်များမှ စွဲဆိုထားသော အမှုများအတွက် ဆက်လက်တရားရင်ဆိုင်ရဦးမည်ဖြစ်သည်။
စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်း ဖမ်းဆီးခံထားရသော ဗကသများအဖွဲ့ချုပ်ဝင် သမဂ္ဂကျောင်းသား ၁၅ ဦး ရှိပြီဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်ထံမှ သိရသည်။
ဗကသများအဖွဲ့ချုပ်ဝင်များထဲမှ အမှုတွဲဖွင့်ခံထားရသော ကျောင်းသားနှင့် အမှုမရှိဘဲ လိုက်လံဖမ်းဆီးမှုကြောင့် တိမ်းရှောင်နေရသော ကျောင်းသား ၂၃ ဦး ရှိကြောင်း အဆိုပါးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
http://sdtimedaily.com/2020/10/03/shp22-99/

No comments:
Post a Comment