နေဝန်းနီတိုက်ပွဲရှောင်စခန်းနေ ပြည်သူတွေ နေရာပြောင်းရွှေ့နေထိုင်နိုင်ဖို့ ဆန္ဒရှိနေရတဲ့ အကြောင်းရင်း
နမ့်ခမ်း | မားနဂါး ။
မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်က နေဝန်းနီတိုက်ပွဲရှောင်စခန်းက ပြည်သူတွေ နေရာပြောင်းရွှေ့နေထိုင်နိုင်ဖို့ ဆန္ဒ ပြင်းပြလျှက် ရှိနေပြီး အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ NGOs ရဲ့ထောက်ပံ့မှုတွေနဲ့အတူ စခန်းနေပြည်သူတွေ စုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ သူတို့မူလဇာတိမြေနဲ့ နီးတဲ့ ကချင်ပြည်နယ် အမှတ်(၁) ရပ်ကွက် မန်ဝိန်းကြီး က တန်ဖိုးငွေ ကျပ်သိန်းတစ်ထောင်ကျော်တန် ၂.၈၅ဧက အကျယ်အဝန်းရှိတဲ့ မြေတစ်ကွက် ဝယ်ယူခဲ့ပြီး ပြောင်းရွှေ့နေထိုင်နိုင်ဖို့ ကြိုးစားခဲ့ရာမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူမှ အောက်တိုဘာလ ၂၂ရက်နေ့မှာ လုံခြုံရေးအရ အတည်တကျပြောင်းရွှေ့နေထိုင်ဖို့ မဖြစ်နိုင်သေးကြောင်း ပြောဆိုမှုတွေ ရှိခဲ့တယ် လို့ တိုက်ပွဲရှောင် စခန်းက တာဝန်ခံတွေကတဆင့် သိရပါတယ်။
၂၀၁၁ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ KIA တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည် နယ်ကနေ တိုက်ပွဲရှောင်ခဲ့ရပြီး နမ့်ခမ်းမြို့ နေဝန်းနီ တိုက်ပွဲရှောင်စခန်းမှာ လက်ရှိအချိန်ထိ နေထိုင်ကြရသူတွေ ဖြစ်ပါတယ်။
ဆယ်နှစ်တာကာလအတွင်း နေဝန်းနီတိုက်ပွဲရှောင်စခန်းမှာ နေလာချိန်မှာတော့ လက်ရှိမြေနေရာကလုံလောက် မှု မရှိဖြစ်လာပါတယ်။ လူဦးရေတိုးလာတာ၊ အိမ်ထောင်စုတိုင်းအတွက်က အိမ်ခန်းကျဉ်းမြောင်း လွန်းပြီး ကျန်း မာရေးနဲ့ ကိုက်ညီမှုမရှိတဲ့ နေထိုင်မှုပုံစံတွေကြုံနေရတာ၊ မိသားစုဝင်တွေထဲက ဆယ်ကျော်သက်တွေ ရှိတဲ့မိ သားစုဆိုရင်လည်း မလိုလားအပ်တဲ့ လိင်မှုဆိုင်ရာ အခက်အခဲတစ်စုံတစ်ရာမျိုး ကြုံတွေ့လာမှာကို စိုးရိမ်နေကြ ရပါတယ်။
ဒါ့အပြင် ကလေးငယ်တွေ သဘာဝအလျှောက် ဆော့ကစားရာမှာ နေရာကျဉ်းမြောင်းမှုကြောင့် မလိုလားအပ်တဲ့ ထိ ခိုက်နစ်နာမှုတွေ ရှိနေတာတွေနဲ့ စခန်းနဲ့ ဘော်လုံးကွင်းသာခြားတဲ့ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူတွေ စတည်းချရာ စားကျက်ချဲ့ထွင်မှုကိုလည်း စခန်းနေပြည်သူနဲ့ကလေးငယ်တွေ အတွက် မလုံခြုံတဲ့ နေထိုင်မှုပုံစံ အခက်အခဲတွေ ကြုံတွေ့နေရတာကြောင့် ပြောင်းရွေ့နေထိုင်နိုင်ရေး ဆန္ဒပြင်းပြနေကြရတာ ဖြစ်ပါတယ်။
နေဝန်းနီစခန်းနေ ပြည်သူတွေ ပြောင်းရွေ့နေထိုင်နိုင်ဖို့ ဆန္ဒပြင်းပြချက်တွေနဲ့အတူ ပြောင်းရွေ့နေထိုင်နိုင်ရေး အခက်အခဲဖြစ်နေရတဲ့ အကြောင်းကို မားနဂါး နယ်သတင်းထောက်ဖြစ်သူ ဒီဒါင်းရံက်ခြိုဝ်းက စခန်းနေပြည်သူ အချို့နဲ့ တာဝန်ရှိသူတွေထံ တွေ့ဆုံမေးမြန်း ရိုက်ကူး ပေးပို့ထားတာကို ထုတ်လွှင့်တင်ဆက်ပေးလိုက်ပါတယ်။
https://www.facebook.com/MarnagarMultimediaNews/videos/478296426421273/?__xts__%5B0%5D=68.ARD6e0fsmMUZwerjE_2g2p9h7gFURrv4QT4ixqSLGjlgF4CdRAvewR61jmVl4yCuYDPNXyvENQDM3Sodg3OEEJaUnH5na_0QMi7WHXVbisqkxSKu7EW830E5B1921zipAh83aGtNnJeBYdOM4S4uNc5ABc6UvdIXfwsZNAJZCw1n9WL512EMKIpRiMFOLElhUpDaUCp0DynMnKcVb2MXDRAggi0TUyuJzCxlpRuUpO1HdzLMd-pCP9rL5gTmN1aTcZFR8H7NNzM97CfTYNuJ5uGNsg68zzjKWRwvnfN1vpAWrAJJpXnwYTV-S0_PJlZVHIl0q2QcLBSkuGI&__tn__=-R
No comments:
Post a Comment