Friday, October 30, 2020

အမ်းမြို့နယ်တွင် AA က မော်တော်ယာဉ် ၂ စီး မီးရှို့ပြီး လူ ၄ ဦး ဖမ်းဆီးဟု တပ်မတော်သတင်းထုတ်ပြန်

 အမ်းမြို့နယ်တွင် AA က မော်တော်ယာဉ် ၂ စီး မီးရှို့ပြီး လူ ၄ ဦး ဖမ်းဆီးဟု တပ်မတော်သတင်းထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၃၀
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျောက်ဆင်ကျေးရွာအနီးတွင် AA အဖွဲ့က မော် တော်ယာဉ် ၂ စီးကို မီးရှို့ပြီး လူ ၄ ဦးကို ဖမ်းဆီးသွားကြောင်း တပ်မတော်သ တင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၃၀ ရက်နေ့ ယနေ့ နေ့လယ်ပိုင်း ကဇူးကိုင်းကျေးရွာနေ ယာဉ် မောင်း ဦးတင်အောင်မိုး ၄၇ နှစ်နှင့် ၎င်း၏ ဇနီး မအေးလှိုင် ၄၉ နှစ် လိုက် ပါလာသည့် CANDA အမျိုးအစားယာဉ်နှင့် အမ်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်နေ ယာဉ်မောင်း မောင်မောင်နိုင် ၂၅ နှစ်၊ ယာဉ်နောက်လိုက် မောင်ကျော်သူလင်း ၂၅ နှစ်တို့ လိုက်ပါလာသည့် ISSUE အမျိုးအစား ယာဉ် ၂ စီး တို့အား ကဇူးကိုင်း - အလယ်ကျွန်းသွားကားလမ်းပေါ်ရှိ ဂျိတ်ချောင်းကျေးရွာအနီးတွင် မီးရှို့ဖျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ လူ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်၏ သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး AA ဘက်က တစ်စုံ တစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

https://web.facebook.com/khitthitnews/posts/1050943732009639?__cft__[0]=AZXE3UGSJbl28QHveojxgQbl-YoLOgx9kogydgmUKg_2Xz9YW5o9-ZTyBW0S6MKJusFoV_nHDX3Pq9lAEqsCkJSZWIOf8hSGuLzLIJn2BgkgGB9-rEpMlV8iCo8euf8OGG5f-T_cMHYcOEHzRbwE2TpM&__tn__=%2CO%2CP-R

No comments:

Post a Comment