တပ်မတော်ရေ ပစ်ခတ်မှုဖြစ်စဉ်တွင် ICRC အငှားရေယာဉ်မှ ဒဏ်ရာရရှိသူ ၃ ဦး အရေးပေါ်ဆေးကုသမှု ရရှိစေရန် ICRC ဆောင်ရွက်ပေးနိုင်ဟု သတင်းထုတ်ပြန်
ရန်ကုန်၊ အောက်တိုဘာ ၃၀
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာအနီး တပ်မတော်ရေယာဉ်၏ ပစ်ခတ်မှုကြောင့်အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ICRC ၏အငှားရေယာဉ်မှ ဒဏ်ရာရရှိသူ ၃ ဦးကို အရေးပေါ် ဆေးကုသမှု ရရှိစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ICRC က ယနေ့ တရားဝင်သတင်းထုတ်ပြန်သည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့် ပတ်ဝန်းကျင်အခြေအနေကို ပိုမိုသိနားလည်စေနိုင်ရန် ICRC က သက်ဆိုင်သူများနှင့်ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း၊ ICRC အနေဖြင့် ရခိုင်ပြည်နယ်တွင် လစဉ် လူဦးရေ ၈၀၀၀၀ ခန့်ကို အကူအညီပေးနိုင်ခဲ့ကြောင်း ICRC ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း ယနေ့ နေ့လယ် ၁၁နာရီ ၄ဝခန့် အချိန် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ICRC အဖွဲ့က ငှားရမ်းထားသော ရိက္ခာထောက်ပံ့ရေး ရေယာဉ် တစ်စီးပစ်ခတ်ခံခဲ့ရပြီး လှေပေါ်လိုက်ပါလာသူ ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း၊ လက်နက်ကြီးထိမှန်သော ICRC ရေယာဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများမှာ ဦးမောင်သန်းဝေ ၃၅ နှစ်၊ ဦးကြာအေးချမ်း ၄၉ နှစ်၊ ဦးလှဝေမောင် ၃၅ နှစ်တို့ဖြစ်ပြီး သေဆုံးသူမှာ အသက် ၁၈နှစ်အရွယ် မောင်ဇော်ဝင်းထွန်းဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူတွင် မီးလောင်ဒဏ်ရာများနှင့်လက်နက်ကြီး ကျည်ဆန်ထိမှန်သော ဒဏ်ရာများရှိကြောင်း သိရှိရသည်။
တပ်မတော်ကမူ အဆိုပါစက်လှေသည် AA စက်လှေဖြစ်ပြီး ယင်းလှေပေါ်မှ ပစ်ခတ်မှုရှိ၍ ပြန်လည် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
https://web.facebook.com/khitthitnews/posts/1050814965355849?__cft__[0]=AZWUYZv6Bi8aw1elc_v7HKVIxcPGjECcttlUG202NWIMGW46SvknMcsE9CDUTimkB9qoUXct7obsxS3nsM_p7cwaoRxlm0lvnj2YcohDfh2pO46iHklK5G6-4TES6lAhg_inMIhpK977Al-oUKEex8Bo&__tn__=%2CO%2CP-R
No comments:
Post a Comment