Thursday, October 29, 2020

အမ်းမြို့နယ်အတွင်း အရပ်သား ၄ ဦးကို AA ဖမ်းဆီး၊ မော်တော်ယာဉ်နှစ်စီးကို မီးရှို့ဖျက်ဆီး

 ရခိုင်ပြည်နယ် အမ်းမြို့နယ် ဂျိတ်ချောင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့ဝင်များက အရပ်သား ၄ ဦးလိုက်ပါလာသော မော်တော်ယာဉ်နှစ်စီးအား မီးရှို့ဖျက်ဆီး ကာ  လိုက်ပါလာသည့်အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကိုဖမ်းဆီးသွားကြောင်း တပ်မတော် သတင်းမှန်ကြားရေးအဖွဲ့က ယနေ့ ညဦးပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

 
အမ်းမြို့နယ်၊ ကျောက်ဆင်ကျေးရွာအနီး ရွာသား အသွင်ယူ၍ လှုပ်ရှားနေသော AA အကြမ်းဖက်သောင်းကျန်းသူများက ယနေ့ နေ့လယ်ပိုင်း၌ ကဇူးကိုင်ကျေးရွာနေ ယာဉ်မောင်း ဦးတင်အောင်မိုး၊ ၄၇ နှစ် (ဘ) ဦးလှဆောင်၊ ဗမာ/ဗုဒ္ဓ နှင့် ၎င်း၏ ဇနီး မအေးလှိုင် ၄၉ နှစ် (ဘ) ဦးမောင်ထွေးတို့လိုက်ပါလာသည့် CANDA အမျိုးအစားယာဉ်နှင့် အမ်းမြို့နယ်၊ အမှတ် (၃)ရပ်ကွက်နေ ယာဉ်မောင်းမောင်မောင်နိုင် ၂၅ နှစ်၊ (ဘ) ဦးသောင်းတင်၊ ချင်း/ဗုဒ္ဓ၊ ယာဉ်နောက်လိုက် မောင်ကျော်သူလင်း ၂၅ နှစ်တို့ လိုက်ပါလာသည့် ISSUE အမျိုးအစား ယာဉ်နှစ်စီးတို့အား ကဇူးကိုင် - အလယ်ကျွန်းသွား ကာလမ်းပေါ်ရှိ ဂျိတ်ချောင်းကျေး ရွာအနီးတွင် အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ယာဉ်ပေါ်ပါ အပြစ်မဲ့ ပြည်သူ ၄ ဦးအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်မတော်၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
 
AA အဖွဲ့သည် တပ်မတော်သတင်းပေးဟု သံသယရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် စစ်ဖက်နှင့် မသက်ဆိုင်သည့် အရပ်သားများကို ယခုကဲ့သို့ပင် မ
ကြာခဏ ဖမ်းဆီးလေ့ ရှိသည်။
 
ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်၊ဖောင်းကားကျေးရွာတွင် မဲဆွယ် စည်းရုံးရေး ပြုလုပ်နေသော NLD ကိုယ်စားလှယ်
လောင်း ၃ ဦးကိုလည်း AA က ဖမ်းဆီးခဲ့သည်။ ယင်းလုပ်ရပ်သည် ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ပြောကြားသည်။
 
ထို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှ အရပ်သား ၂၀ ဦးထက်မနည်းကိုလည်း AA က ဖမ်းဆီးထားကြောင်း ချင်း အရပ်ဖက် အဖွဲ့အစည်းများက 
ထုတ်ပြန်ပြောကြားထားသည်။
 http://www.theladiesnewsjournal.com/news/fri-2020-10-30-1438/13951

No comments:

Post a Comment