မြန်မာ့တပ်မတော်နှင့် TNLA တို့အကြား စက်တင်ဘာလအတွင်း အပစ်အခတ် ရပ်စဲရေး အသီးသီး ထုတ်ပြန်မှုတွေ ရှိခဲ့ပေမယ့် တိုက်ပွဲ (၆) ကြိမ်ဖြစ်ပွားခဲ့
လားရှိုး | မားနဂါး။
လက်ရှိ ကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရပ်ရောဂါကို ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေကို တိုးမြှင့် လုပ်ဆောင်နိုင်ရေးအတွက် တအာင်း(ပလောင်)အမျိုးသားလွွှတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာ့တပ်မတော် တို့ နှစ်ဖက်စလုံး စက်တင်ဘာလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ အပစ်အခတ် ရပ်စဲရေး ထုတ်ပြန်ချက်တွေ ရှိခဲ့ပေမယ့် ထိုကာလအတွင်း (၆) ကြိမ် တိုင်တိုင် ထိပ်တိုက် တိုက်ပွဲဖြစ် ပွားခဲ့တယ်လို့ (TNLA) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးတားအိုက်ကျော်ထံမှတဆင့် သိရပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကတော့ ကွတ်ခိုင်မြို့နယ် ၊တန့်ယန်းမြို့နယ်၊ လားရှိုးမြို့နယ် တို့နေရာနယ်ပယ်ဒေသတွေမှာ စက်တင်ဘာလအတွင်းမှာပဲ ဖြစ်ပွားခဲ့တာပါ။
မြန်မာ့တပ်မတော်နဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ နှစ်ဖက်စလုံးဟာဆိုရင် အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ချက်တွေကို အသီးသီးထုတ်ပြန်ခဲ့ရာမှာ (TNLA) ဘက်က စက်တင်ဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ (၉) ရက်နေ့အထိ တိုးမြှင့် တဖက်သတ် အပစ်အခတ် ရပ်စဲထားပြီး မြန်မာ့တပ်မတော်ဘက်မှာလည်း စက်တင်ဘာလ ၁ ရက် နေ့ မှ ၃၀ ရက်နေ့ထိ ပစ်ခတ်တိုက်ခိုက်မှု တိုးမြှင့်ရပ်စဲကြောင်း ထုတ်ပြန်ချက်တွေ ရှိခဲ့ပါတယ်။
အပစ်ခတ် ရပ်စဲကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး (TNLA) သတင်းနှင့် ပြန် ကြားရေးတာဝန်ခံ ဗိုလ်မှူးတားအိုက် ကျော်က
" ကျတော်တို့ အပစ်အခက်ရပ်စဲရေးထုတ်ပြန်ပြီးနောက်ပိုင်းမှာ ကျတော်တို့လှုပ်ရှားတဲ့ နယ်မြေအတွင်း မှာ တိုက်ပွဲကတော့ တော်တော်လေး လျှော့ကျသွားတာရှိပါတယ်။ ထုတ်ပြန်ချက်ထဲမှာလည်း ပါပြီး သားဖြစ်တယ် အပစ်ရပ်ကြေငြာထားပေမဲ့လည်း မိမိကိုယ်ကို ခုခံကာကွယ်တဲ့ပုံစံနဲ့ ဆက်ရှိနေမယ် ဆိုတာကို ရေးထားပြီးသားဖြစ်ပါတယ်။ အခုလည်း တိုက်ပွဲမဖြစ်အောင် ရှောင်နေပေမဲ့လည်း မြန်မာ့ တပ်မတော်က ကျတော်တို့ ရှိတဲ့နေရာကို လိုက်လံထိုးစစ်ဆင်တိုက်ခိုက်တဲ့အခါမှာ ကိုယ့်ကို ခုခံကာ ကွယ်တဲ့ အနေနဲ့ ရှိနေပါတယ် " လို့ မားနဂါးသတင်းဌာနကို ဒီကနေ့မှာ ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေးကာလမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ကိုဗစ်-၁၉ ကာလဖြစ်တာကြောင့် ထူးခြားတဲ့ လုပ်ငန်းစဉ်ဆောင်ရွက်ချက်တော့ ဘာမှမရှိသေးပါဘူး။ နောက်ပြီး ကိုဗစ်-၁၉ ဒုတိယလှိုင်း ကူးစက်မှုနှုန်းမြင့်တတ်လာတာကြောင့် ကာကွယ်ထိန်းချုပ်ရေးအပိုင်းမှာ ကျနော်တို့ အဖွဲ့တွေအနေနဲ့ အရင်ကထက်ပိုပြီး ဆောင်ရွက်နေတာတော့ ရှိတယ်လို့လည်းသူက ဆက်လက်ပြောဆိုခဲ့ပါတယ်။
အပစ်အခတ် ရပ်စဲရေးကာလအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ မြန်မာ့ တပ်မတော် သတင်းမှန်နှင့်ပြန်ကြားရေးဌာနထံ အကြိမ်ကြိမ် ဖုန်းဖြင့်ဆက်သွယ် ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိခဲ့ပါ။
တစ်ဆက်တည်းမှာပဲ မြန်မာ့တပ်မတော်အနေနဲ့ အပစ်အခတ် ရပ်စဲကာလကို ထပ်မံတိုးမြှင့်ကာလ အဖြစ် ေကေ် တိုဘာလ ၁ရက်နေ့မှ ၃ဝရက်နေ့အထိ သတ်မှတ် ထုတ်ပြန်ကြေငြာချက်တစ်စောင်ကို လည်း စက်တင်ဘာလ ၂၉ရက်နေ့မှာ တပ်မတော် သတင်းမှန်နှင့် ပြန်ကြားရေးမှ ထုတ်ပြန်ထားတာတွေ ရှိပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/3870751756287354?__xts__%5B0%5D=68.ARAWQouK7JJ8kriCTUS3kq9ThmMqfpt8xOugdF8oOzvO0EG3L91SRcFbqkvIam1faCQKYiCkLHK4zL7ygysx4mqJyMfti9_930jPBtTPiFd15s8ABVdVHM3ocFeV1WhKuhYvQmVTNTtSXWPlM8VS40YUK7UL4yiUh_ixS1NBFZhyP4QlTwS3ovc7pd2OtLriIBHpBoMR6HApB9naeHI1m7iWbhjtOPZcSuC4wE78JgQ47Cgjcg_fVmXcBkzXnI9weBMbwMVzj6GBBJki1wJhzWiHN4ePMXlvs1Hssskra1F5ycu8342FWEvOyPGYuB8gR0_InHbvRzItWsGdjkST-9pIew&__tn__=-R
No comments:
Post a Comment