မြန်မာ့တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ထာဝရငြိမ်းချမ်းရေးအတွက် နောက်ထပ်(၁)လတိုးမြှင့်ရပ်ဆိုင်းပေးမယ်လို့သတင်းထုတ်ပြန်
နေပြည်တော် | မားနဂါး ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို နောက်ထပ်(၁)လတိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ စက်တင်ဘာလ ၂၉ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်နဲ့ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ထိရောက်အောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့တွေမှာ တပ်မတော်အနေနဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ၂၀၂ဝပြည့်နှစ်၊ အောက်တိုဘာလ (၁)ရက်မှ (၃၁)ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့ သတင်းထုတ်ပြန်ကြေညာထားပါတယ်။
Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်းအတွင်း နိုင်ငံအနှံ့အပြားမှာ ကူးစက်နှုန်းမြှင့်မားခြင်းနဲ့ သေဆုံးမှုများရှိနေသောကြောင့် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး မြန်မာ့တပ်မတော်အနေနဲ့လည်း နိုင်ငံတော်နဲ့အမျိုးသားအကျိုးစီးပွားအတွက် အင်တိုက်အားတိုက်တက်ကြွစွာ ပူူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါတယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက်နဲ့ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ Appeal for Global Ceasefire ကိုထောက်ခံတဲ့အနေနဲ့ နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟုသတ်မှတ်ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းများရှိတဲ့နေရာများမှ အစ ကျန်နယ်မြေတွေမှာ ၂၀၂ဝပြည့်နှစ်၊ စက်တင်ဘာလ(၁)ရက်မှ (၃၀)ရက်အထိ တပ်မတော်အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတိုးမြှင့်ရပ်စဲထားကြောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
ဓာတ်ပုံ | တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
https://www.facebook.com/MarnagarMultimediaNews/photos/a.919900154705877/3870299796332550/?type=3&__xts__%5B0%5D=68.ARDi3FpHbWr3MHwfPp5x4rD999tjEFvqZlT5KMVzgUqng-5Zxl-O8djfAKtqrNDr68VhXDNezd_kKqxJzlsx_wKh33Fva4MZItX8RhvKR8UIf5zAcDicnuE4JU-azOwBYyI7CdT-O8hzAe1ccC1-jY9DJsEd8anLg9AMaMM8K-MzeiYWIfrzzCsKiGuJfcgVFSjIUKpma7zREb2Kw8ZHjeopTp8eUwlcWrsfXDOnVqxc4ErfP8YlAkjJzVxzJXKSRb5TLOjNZP4Qg9piO77CWlDX0n0HxUMBUKcc46CxzgUA7wgFvRNqTzG7aivk1MvoIA1RQxPmVoQSyNPgcE2YRXhpqQ&__tn__=-R
No comments:
Post a Comment