Wednesday, September 30, 2020

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်နှိမ်နင်းရေးလိုအပ်သည်အထိ ဆက်လက်လုပ်ဆောင်ရန် တပ်မတော်ကို တာဝန်လွှဲအပ်ကြောင်း သမ္မတရုံးစာ အတုဖြစ်ဟု ဦးဇော်ဌေးပြော

 ရခိုင်ပြည်နယ်တွင် အကြမ်းဖက်နှိမ်နင်းရေးလိုအပ်သည်အထိ ဆက်လက်လုပ်ဆောင်ရန် တပ်မတော်ကို တာဝန်လွှဲအပ်ကြောင်း သမ္မတရုံးစာ အတုဖြစ်ဟု ဦးဇော်ဌေးပြော

By The Standard Time Daily -September 30, 2020

Share on Facebook


ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်နှိမ်နင်းရေးဆက်လက်ဆောင်ရွက်ရန် တပ်မတော်အကြီးအကဲများကို တာဝန်လွှဲအပ်ကြောင်း လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် သမ္မတရုံးစာမှာ အတုဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြု ပြောကြားလိုက်သည်။


ရခိုင်ပြည်နယ်တွင် အကြမ်းဖက်စစ်ဆင်ရေးဆောင်ရွက်နေသည့် မြန်မာ့တပ်မတော်အား ချီးကျူးဂုဏ်ပြုခြင်းနှင့် ထပ်ဆင့် တာဝန်ပေးခြင်းခေါင်းစဉ်ဖြင့် စာသည် စက်တင်ဘာ ၂၉ ရက် ရက်စွဲဖြင့် လူမှုကွန်ယက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။


ယင်းစာနှင့်ပတ်သက်၍ ဦးဇော်ဌေးက “နိုင်ငံတော်သမ္မတရုံး ရုံးစာ အတု (အတု) ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရုံးက အဲ့လိုစာ မထွက်ပါ” ဟု ပြောသည်။


ယင်းစာတွင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်ရေးတွင် ပြည်ထောင်စုအမိနိုင်ငံတော်၏ အချုပ်အခြာအာဏာအား အသက်ပေး၍ ကာကွယ်စောင့်ရှောက်နေကြသော တပ်မတော်သားများနှင့် တပ်မတော်၏ စစ်ဆင်ရေးလုပ်ရပ်များ အားလုံးသည် နိုင်ငံတော်၏ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားဆောင်ရွက်နေသည့် လုပ်ရပ်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ထောက်ခံကြောင်း ပါရှိသည်။


ထို့အပြင် ထိုအကြမ်းဖက်နှိမ်နင်းရေးကို လိုအပ်သည်အထိ ဆက်လက်လုပ်ဆောင်ရန်အတွက် တပ်မတော်၏ သက်ဆိုင်ရာတာဝန်ရှိအကြီးအကဲများအား ထပ်ဆင့်တာဝန်လွှဲပေးလိုက်သည်ဟူ၍ နိုင်ငံတော်သမ္မတရုံး စည်းတံဆိပ်ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမည်ဖြင့် ဖော်ပြထားခြင်းဖြစ်သည်။

http://sdtimedaily.com/2020/09/30/zm03-159/

No comments:

Post a Comment