Tuesday, September 29, 2020

ရှမ်းမြောက်တွင် တပ်မတော်နှင့် TNLA တိုက်ပွဲများ ဆက်ဖြစ်

 ရှမ်းမြောက်တွင် တပ်မတော်နှင့် TNLA တိုက်ပွဲများ ဆက်ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ စက်တင်ဘာလအတွင်းတွင် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေသည်။

တပ်မတော်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း စက်တင်ဘာလအတွင်းတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ PSLF/ TNLA သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ယခုကဲ့သို့ပြောသည်။

“ဒီလထဲမှာတော့ ဖြစ်တာရှိတယ်။ ၁၅ ရက်နေ့အထိ ရှိတယ်။ ဒီလထဲမှာတော့ ၅ ကြိမ်ဖြစ်တယ်။ နေရာတွေ က ဒီကွတ်ခိုင်မြို့နယ်တွေထဲမှာ ဖြစ်တယ်။ နောက်လားရှိုးမြို့နယ်ထဲမှာ ဖြစ်တယ်။ နောက် ဒီလားရှိုးနဲ့ တန့်ယန်းအစပ် တန့်ယန်း မြို့နယ်ထဲမှာလည်း ဖြစ်တယ်။”

စက်တင်ဘာလ ၁၀ ရက်နေ့က ကွတ်ခိုင်မြို့နယ်၊ ကောင်းလိမ်ကျေးရွာ အထက်ဖက်ရှိ လွယ်လန်တောင် ပေါ် တွင်တစ်ကြိမ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တန့်ယန်းမြို့နယ် ဝမ်ခုံကျေးရွာအနီးတွင် တစ်ကြိမ်နှင့် လားရှိုးမြို့နယ် ပန်းထွန်ကျေးရွာအုပ်စု မက်မန်းကျေးရွာအနီးတွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ်ဖြစ်ပွားခဲ့ သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။

ထို့အပြင် စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း လားရှိုးမြို့နယ် ဟုန်မွန်ကျေးရွာအနီးတွင် တစ်ကြိမ်ဖြစ် ပွား ခဲ့သေးသည်ဟု PSLF/TNLA က ဆိုသည်။

အစိုးရက အကြမ်းဖက် အဖွဲ့အစည်းဟု သတ်မှတ်ထားသည့် ရက္ခိုင့်တပ်တော် AA ရှိရာ ရခိုင်ပြည်နယ်မှ အပ ကျန်ေဒေသတော်တော်များများကို တပ်မတော်က အပစ်ရပ်ကြောင်း ကြေညာထားသကဲ့သို့ TNLA ပါဝင် သည့် ညီနောင် မဟာမိတ် ၃ ဖွဲ့ကလည်း စက်တင်ဘာလ ၁ ရက်နေ့က တစ်ဖက်သတ် အပစ်ရပ်ကြောင်း ကြေညာ ခဲ့ကြသည်။ ညီနောင် မဟာ မိတ် ၃ ဖွဲ့မှာ TNLA၊ AA၊ MNDAA (ကိုးကန့်) တို့ဖြစ်သည်။

အပစ်ရပ်ထားသော်လည်း တပ်မတော်က ၎င်းတို့ လှုပ်ရှားရာ တောတွင်းအထိ လာရောက် ထိုးစစ်ဆင် တိုက်ခိုက်သည့်အတွက် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု TNLA က ပြောသည်။

ဗိုလ်မှူးမိုင်းအိုက်ကျော်က “အခုက ကျနော်တို့က ကြေညာချက် ထုတ်ထားပေမယ့် အတတ်နိုင် ဆုံး တိုက်ပွဲ မဖြစ်အောင် ကျနော်တို့ ရှောင်တယ်။ ဒါပေမယ့် ဒီတပ်ဖက်က ကျနော်တို့ စခန်းရှိတဲ့နေရာတွေ ကို လာ ရောက်ထိုးစစ် ဆင်တိုက်ခိုက်တော့ တိုက်ပွဲဖြစ်ပွားတာ” ဟု ပြောသည်။

လက်ရှိတွင် ကိုဗစ်ကပ်ရောဂါမှာ ပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် တပ်မတော်အနေဖြင့် ဒေသခံပြည် သူများကို ငှဲ့ညာသောအားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုကို ရှောင်ရှားရန် လိုသည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုများနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တစ်စုံတစ်ရာ ထုတ် ပြန်ထားခြင်း မရှိပေ။

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တပ်မတော်နှင့် ညီနောင်မဟာ မိတ်အဖွဲ့ များ၏ တိုက်ပွဲများကို ရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန်အတွက် အစိုးရမှ ယခုအ ချိန်အထိ ကမ်းလှမ်းလာခြင်းမျိုး မရှိသည့် တစ်ဖက်တွင် ကိုဗစ်ဒုတိယလှိုင်း ကပ်ရောဂါကြောင့် တွေ့ဆုံ ဆွေးနွေးမည့် နည်းလမ်းများမှာ လက်ရှိ အခြေအနေအရ မဖြစ်နိုင်သေးသည့် အနေအထားတွင် ရှိနေသည်ဟု ဆိုသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားနေ တစ်ဖက်တွင် တပ်မတာ်မှ ၎င်းတို့လှုပ်ရှားရာ ဒေသများအတွင်းသို့ တပ်အင် အား ဖြည့်တင်းမှုများရှိသည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

“အထူးသဖြင့် လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းဖက်မှာ ပြန်ပြီးအင်အားဖြည့်ထားတယ်။ သူက တပ်မ ၉၉ ရှိတယ်။ ဒီ စကခ ၁၀၁ ပေါ့နော် ရှိတယ်။ သူတို့တက်လာတော့ စစ်ကား သုံးလေးဆယ် လောက်ရှိတယ်။ နမ့်ခမ်းဖက်တက်တာလည်းရှိတယ်။ စောစောပြောတဲ့နေရာတွေပေါ့ အဲဒီဒေသတွေကို ဖြန့်ထားတယ်။ အဲဒါက နဂိုကတည်းက အဲဒီတပ်တွေပဲ ရှိတယ်။ ထပ်ပြီးအင်အားဖြည့်တာဖြစ်တယ်။”

တအန်း(ပလောင်) အမျိုးသားလွတ် မြောက်ရေး တပ်မတော် PSLF/TNLA သည် ရက္ခိုင့်တပ်မတော် ULA/ AA၊ ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် MNTJP/MNDAA၊ ကချင်လွတ်လပ်ရေး KIA တို့နှင့်အ တူ အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးရန် ဆွေးနွေးနေသည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်ဖြစ်သည်။

ထို့အပြင် ၎င်းအဖွဲ့များသည် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များဖြစ်ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။

http://www.nmg-news.com/2020/09/29/12103

No comments:

Post a Comment