Tuesday, September 1, 2020

ကျောက်တော်မြို့နယ်၊ သာစည်ကျေးရွာမှ လူငယ်တစ်ဦး ပစ်သတ်ခံရပြီး ရွှေပြည်ကျေးရွာမှ လူ ၃ ဦး ဖမ်းဆီးခံရ

ကျောက်တော်မြို့နယ်၊ သာစည်ကျေးရွာမှ လူငယ်တစ်ဦး ပစ်သတ်ခံရပြီး ရွှေပြည်ကျေးရွာမှ လူ ၃ ဦး ဖမ်းဆီးခံရ
ရန်ကုန်၊ စက်တင်ဘာ ၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် သာစည်ကျေးရွာမှာ အသက် ၂၀ အရွယ် လူငယ်တစ်ဦး ယနေ့ ညနေပိုင်းက ပစ်သတ်ခံရပြီး ရွှေပြည်ကျေးရွာမှ လူ ၃ ဦးမှာလည်း ဖမ်းဆီးခေါ်ဆောင် ခံရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယနေ့ ညနေ ၅ နာရီကျော်တွင် ကျောက်တော်မြို့နယ် သာစည်ကျေးရွာသား တစ်ဦးဖြစ်သော လူငယ် ၁ ဦး ပစ်သတ်ခံရလိုက်ရကြောင်း၊ အလားတူ ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာမှ ဦးစောရွှေညွှန့်၊ ဦးငဝန်ထဲ၊ ဦးရွှေဒုန်းဘိုတို့ ၃ ဦးမှာ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောဆိုသည်။
"ရွှေပြည်ကျေးရွာက ရွာသား ၃ ဦးက ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသူတွေပါ။ နောက်တစ်ခုက သာစည်ကျေးရွာက လူငယ်ပေါ့ ။ အသက် ၂၀ အရွယ်လူငယ်ကလည်း ဒီနေ့ ညနေပိုင်းမှာ ပစ်သတ်ခံရပါတယ်" ဟု ရွှေပြည်ကျေးရွာသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်​ေ ဒါ်ခင်စောဝေကမူ နှစ်ဖက်တိုက်ပွဲများ အမြန်ရပ်တန့်သင့်ကြောင်း၊ ယခုအချိန်သည် ကိုဗစ်ကပ်ရောဂါဘေး ရင်ဆိုင်နေရဖြစ်၍ ပြည်သူလူထု၏ မျက်နှာကို ကြည့်သင့်ကြောင်း ပြောဆိုသည်။
"စာရွက်ပေါ်မှာ ပြောတဲ့ အပစ်ရပ်တာမျိုးမဟုတ်ဘဲ နှစ်ဖက်စလုံး အပစ်ရပ်စေချင်တယ်။ တိုက်ပွဲတွေ ရပ်တန့်စေချင်ပါတယ်။ အခုက ရခိုင်ပြည်နယ် ၁၇ မြို့နယ် တော်တော်များများမှာ ကိုဗစ်ရောဂါက ကူးစက်နေပါတယ်။ အဲဒါကြောင့် တိုက်ပွဲရပ်ပြီး နှစ်ဖက် အပစ်ရပ်စေချင်ပါတယ်" ဟု ဒေါ်ခင်စောဝေက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

https://www.facebook.com/khitthitnews/posts/1000547817049231?__cft__[0]=AZXUyxWaRh-7Z6G1UliVB2X6vwfDGpzsSHhbf9nOUAqNEd9v1imXMpAJjPaufDt3Iu2hEoTkHL-ElN0tn6f7Kt0aUc8wD1uiMzXfXUkWviXL0DThoHTSh2FZlkceeqpxlkNY4F9n3PjTfEcHDsfwdxSwLvaHygjXBAbdZw7qSzUfZA&__tn__=%2CO%2CP-R

No comments:

Post a Comment