Tuesday, September 1, 2020

AA ၊ TNLA နှင့် MNDAA မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ်မှုကို ရက်ပေါင်း ၇၀ သက်တမ်းတိုး၊ တရုတ် ကြားဝင် ကူညီရန် မေတ္တာရပ်ခံ

AA ၊ TNLA နှင့် MNDAA မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်ရပ်မှုကို ရက်ပေါင်း ၇၀ သက်တမ်းတိုး၊ တရုတ် ကြားဝင် ကူညီရန် မေတ္တာရပ်ခံ
ရန်ကုန်၊ စက်တင်ဘာ ၁
ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၊ တအာင်း TNLA နှင့် ကိုးကန့် MNDAA မဟာ မိတ် ၃ ဖွဲ့က စက်တင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ ရက်ပေါင်း ၇၀ ကြာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ၇ ကြိမ်မြောက် သက်တမ်းတိုးကြောင်း ကြေညာလိုက်ပြီး တရုတ်နိုင်ငံက ကြားဝင်ကူညီရန် မေတ္တာရပ်ခံလိုက်ကြောင်း သိရှိရသည်။
ယနေ့ ထုတ်ပြန် မဟာမိတ် ၃ ဖွဲ့၏ ကြေညာချက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့ရန်၊ လက်တွေ့ကျသော လုပ်ငန်းများကို ထိထိရောက် ဆောင်ရွက်နိုင်ရန်၊ နှစ်ဦးနှစ်ဖက် အမြန်ဆုံးတွေ့ဆွေးနွေးနိုင်ရန်၊ ကိုဗစ်ထိန်းချုပ် ကာကွယ်တားဆီးရေး လုပ်ငန်းများ အထောက်အကူပြုစေရန် ကြေညာခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အပစ်ရပ် ကြေညာထားစဉ် ကာလအတွင်း နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမည့် ကိစ္စရပ်များနှင့် တွေ့ဆုံဆွေးနွေးသည့် လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကူညီပံ့ပိုးပေးမှုများ ကိုလည်း လိုလာကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ယခင်ကူညီဆောင်ရွက်ခဲ့သည့် နည်းတူ ယခုလည်း ထပ်မံကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အပစ်ရပ်ကာလအတွင်း တပ်မတော်၏ထိုးစစ်ဆင်မှုများကို ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

https://www.facebook.com/khitthitnews/posts/1000482727055740?__cft__[0]=AZWJmgNld9fsBNx8OCOb7bG03xMBvduhkEPs9pZu7aKZJZp9woK-JAAPjcI1PtJ7YhnEFpIINnFSlfQqE_0ipegfEc6P6uljXSVKcTD_7H8jojRZk9d5nSE3TkQLEF-jh1ugPPID7aaSx2W4IGOhn9RIbpp5N-oKhF_qCCROJjd-Vg&__tn__=%2CO%2CP-R

No comments:

Post a Comment