Wednesday, September 30, 2020

တပ်မတော် ကာကွယ်ရေး ဦး စီး ချုပ်ရုံးက ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး နှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ကြေညာ

 တပ်မတော် ကာကွယ်ရေး ဦး စီး ချုပ်ရုံးက စက်တင်ဘာ ၂၉ ရက်နေ့က ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး နှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ကြေညာရာတွင် -

 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တွင် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ပိုမို ထိရောက် လျင်မြန် ကျယ် ပြ န့ ် စွာ ဆောင်ရွက် နိုင်ရေး အတွက် လည်းကောင်း၊ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင် နိုင်ရေး အတွက် လည်းကောင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ၏ Appeal for Global Ceasefire ကို ထောက်ခံသော အား ဖြင့် လည်းကောင်း နိုင်ငံတကာ စံနှုန်း အတိုင်း နိုင်ငံတော်မှ အကြမ်းဖက် ဟု သတ်မှတ် ကြေ ညာ ထားသော အကြမ်းဖက် အဖွဲ့အစည်းများ ရှိ သည့် နေရာများ မှ အ ပ ကျန် နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁) ရက်မှ (၃၀) ရက်အထိ တပ်မတော် အ နေ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု တိုးမြှင့ ် ရပ်စဲ ထား ကြောင်းကို တပ်မတော် ကာကွယ်ရေး ဦး စီး ချုပ်ရုံး က သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
 
ယခုအခါ မိမိတို့ နိုင်ငံတွင် COVID-19 ရောဂါ ကူးစက် ပြ န့ ် ပွား မှု ဒုတိယ လှိုင်း အတွင်း နိုင်ငံ အနှံ့အပြား တွင် ကူးစက် နှုန်း မြင့် မား ခြင်း နှင့် သေဆုံးမှု များ ရှိနေခြင်း ကြောင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အရှိန်အဟုန် မြှ င့ ် ဆောင်ရွက်လျက်ရှိ ရာ မြန်မာ့တပ်မတော် အ နေ ဖြင့် လည်း နိုင်ငံတော် နှင့် အမျိုးသားအကျိုးစီးပွား အတွက် အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိ ပါသည်။
 
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန် မြှ င့ ် ဆောင်ရွက် နိုင်ရေး နှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင် ရာတွင် ထိရောက် အောင်မြင်စွာ ဆောင်ရွက် နိုင်ရေး တို့အတွက် နိုင်ငံတော်မှ အကြမ်းဖက် ဟု သတ်မှတ် ကြေ ညာ ထားသော အကြမ်းဖက် အဖွဲ့အစည်းများ ရှိ သည့် နေရာများ မှ အ ပ ကျန် နယ်မြေများတွင် တပ်မတော် အ နေ ဖြင့် စစ်ရေး ဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၃၁) ရက်အထိ ထပ်မံ တိုးမြှင့ ် ရပ်ဆိုင်း ပေး သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေ ညာ အပ်ပါသည်ဟု ပါရှိသည်။

http://www.theladiesnewsjournal.com/news/wed-2020-09-30-0341/13681
 

No comments:

Post a Comment