Monday, September 28, 2020

တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှု နောက်ထပ် ၁ လ တိုးမြှင့်ကြောင်း ထုတ်ပြန်

 တပ္မေတာ္မွ ပစ္ခတ္တိုက္ခိုက္မႈ ေနာက္ထပ္ ၁ လ တိုးျမႇင့္ေၾကာင္း ထုတ္ျပန္

နိရဥၥရာ၊ စက္တင္ဘာ ၂၉/၂ဝ၂ဝ
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ ပစ္ခတ္တိုက္ခိုက္မႈေနာက္ထပ္ တစ္လ တိုးျမႇင့္ေၾကာင္း ယေန႔ ေန႔စြဲျဖင့္ ထုတ္ျပန္ ေၾကညာသည္။
သို႔ေသာ္ နိုင္ငံေတာ္မွ အၾကမ္းဖက္ဟု သတ္မွတ္ေၾကညာထားေသာ အၾကမ္းဖက္အဖြဲ႕အစည္းမ်ား ရွိသည့္ နယ္ေျမမ်ား မပါဝင္ဟု ဆိုသည္။
ရကၡိဳင့္တပ္ေတာ္ ( AA) ကို နိုင္ငံေတာ္က အၾကမ္းဖက္အဖြဲ႕အျဖစ္သတ္မွတ္ထားသျဖင့္ ရခိုင္ျပည္နယ္မွာ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး၌ ပါဝင္လာမည္ မဟုတ္ေပ။
တပ္မေတာ္၏ ေၾကညာခ်က္ထဲတြင္ COVID-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္ ေဆာင္ရြက္ နိုင္ေရးႏွင့္ ထာဝရၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ရာတြင္ ထိေရာက္ေအာင္ျမင္စြာ ေဆာင္ရြက္နိုင္ေရးတို႔ အတြက္ နိုင္ငံေတာ္မွ အၾကမ္းဖက္ဟု သတ္မွတ္ေၾကညာထားေသာ အၾကမ္းဖက္ အဖြဲ႕အစည္းမ်ား ရွိသည့္ ေနရာမ်ားမွအပ က်န္နယ္ေျမမ်ားတြင္ တပ္မေတာ္အေနျဖင့္ စစ္ေရးဆိုင္ရာ လႈပ္ရွားမႈမ်ားကို ၂ဝ၂ဝ ျပည့္ႏွစ္၊ ေအာက္တိုဘာလ (၁)ရက္မွ (၃၁) ရက္အထိ ထပ္မံတိုးျမႇင့္ ရပ္ဆိုင္း ေပးသြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
၂ဝ၂ဝ ျပည့္ႏွစ္၊ စက္တင္ဘာလ (၁)ရက္မွ (၃ဝ)ရက္အထိ တပ္မေတာ္အေနျဖင့္ ပစ္ခတ္တိုက္ခိုက္မႈ တိုးျမႇင့္ရပ္စဲထားခဲ့ၿပီး ေနာက္ထပ္ တစ္လ ထပ္ တိုးျမႇင့္ျခင္း ျဖစ္သည္။
ထိုသို႔ တိုးျမႇင့္ရျခင္းမွာ ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံတြင္ Coronavirus Disease 2019(COVID-19) ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ား ပိုမိုထိေရာက္လ်င္ျမန္က်ယ္ျပန္႔စြာ ေဆာင္ရြက္နိုင္ေရး အတြက္လည္းေကာင္း၊ ထာဝရၿငိမ္းခ်မ္းေရးေဖာ္ေဆာင္နိုင္ေရးအတြက္ လည္းေကာင္း၊ ကုလသမဂၢအေထြေထြ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres ၏ Appeal for Global Ceasefire ကို ေထာက္ခံေသာ အားျဖင့္ လည္းေကာင္း ေဆာင္ရြက္ျခင္းဟု ပါရွိသည္။
--------------------------
Unicode -
တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှု နောက်ထပ် ၁ လ တိုးမြှင့်ကြောင်း ထုတ်ပြန်
နိရဥ္စရာ၊ စက်တင်ဘာ ၂၉/၂ဝ၂ဝ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပစ်ခတ်တိုက်ခိုက်မှုနောက်ထပ် တစ်လ တိုးမြှင့်ကြောင်း ယနေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာသည်။
သို့သော် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့် နယ်မြေများ မပါဝင်ဟု ဆိုသည်။
ရက္ခိုင့်တပ်တော် ( AA) ကို နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသဖြင့် ရခိုင်ပြည်နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၌ ပါဝင်လာမည် မဟုတ်ပေ။
တပ်မတော်၏ ကြေညာချက်ထဲတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့ အတွက် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများ ရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ (၁)ရက်မှ (၃၁) ရက်အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်း ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ (၁)ရက်မှ (၃ဝ)ရက်အထိ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု တိုးမြှင့်ရပ်စဲထားခဲ့ပြီး နောက်ထပ် တစ်လ ထပ် တိုးမြှင့်ခြင်း ဖြစ်သည်။
ထိုသို့ တိုးမြှင့်ရခြင်းမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး အတွက်လည်းကောင်း၊ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် လည်းကောင်း၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres ၏ Appeal for Global Ceasefire ကို ထောက်ခံသော အားဖြင့် လည်းကောင်း ဆောင်ရွက်ခြင်းဟု ပါရှိသည်။


https://www.facebook.com/narinjara.info/posts/3649478425064208

No comments:

Post a Comment