မွန်လက်နက်ကိုင်နယ်မြေအတွင်း မဲဆွယ်ရေး မွန်ပါတီမှလွဲ၍ မည်သည့်ပါတီမှ အဝင်မခံဟုဆို
နိရဉ္စရာ၊ စက်တင်ဘာ ၂၉/၂ဝ၂ဝ
မွန်လက်နက်ကိုင်နယ်မြေအတွင်း မဲဆွယ်ရေး မွန်ပါတီမှလွဲ၍ မည်သည့်ပါတီမှ အဝင်မခံကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်ပြည်နယ် အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်က ပြောတယ်လို့ ကရင်သတင်းစဉ် ( KIC) မှာ သတင်းဖော်ပြပါတယ်။
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကချင်၊ ကယားနှင့် ကရင်ပြည်နယ် အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌတွေ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၉ ရက်နေ့၊ နံနက်ပိုင်းက အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့ရာမှာ ကရင်ပြည်နယ် အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်က အထက်ပါအတိုင်း ပြောခဲ့တယ်လို့ KIC မှာဖော်ပြပါတယ်။
“ကြာအင်းဆိပ်ကြီးလိုနေရာမျိုးမှာဆိုရင် ဘယ်လိုဖြစ်လဲ ဆိုတော့ မွန်ပြည်သစ်ဆိုရင် ကျနော်တို့ ပါတီ တွေကို အဝင်မခံပါဘူး။ ကျနော်တို့ ပါတီတင်မဟုတ်ပါဘူး။ ဘယ်ပါတီမဆိုပေါ့နော်၊ မွန်နဲ့ပတ်သက်တဲ့ ပါတီတွေ လောက်ပဲ” လို့ ဦးသန်းနိုင်က ပြောဆိုတယ်လို့ ဆိုပါတယ်။
အခုလို အဝင်မခံတာက ကိုဗစ်ဗိုင်းရပ်စ်ကြောင့် မဲဆွယ်စည်းရုံးရေးကို အဝင်မခံဖြစ်တယ်လို့ ပြောဆိုတယ်လို့ဆိုပါတယ်။ ဒီလိုတားမြစ်တာဟာ အကြောင်းပြချက်သက်သက်သာဖြစ်တယ်လို့လည်း သူက ဆက်လက်ပြောဆိုတယ်လို့ ဆိုပါတယ်။
(Source and Photo- KIC)
----------------------------
Unicode -
နိရဉ်စရာ၊ စကျတငျဘာ ၂၉/၂ဝ၂ဝ
(Source and Photo- KIC)
https://burmese.narinjara.com/.../5f7321b140b9274e52923aa1
https://www.facebook.com/narinjara.info/posts/3650097998335584
No comments:
Post a Comment