ရခိုင်ဒေသမှအပ တပ်မတော်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ၁ လ ထပ်မံ သက်တမ်းတိုး
ရန်ကုန်၊ စက်တင်ဘာ ၂၉
အစိုးရက အကြမ်းဖက်အဖွဲ့အစည်းများ အဖြစ် သတ်မှတ်ကြေညာထားသာ အဖွဲ့များရှိသည့် ရခိုင်ဒေသမှ အပ တပ်မတော်က ကျန်ပြည်နယ်/တိုင်းဒေသကြီးများတွင် အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ထပ်မံ သက်တမ်းတိုးကြောင်း ကြေညာချက် တစ်ရပ် ယနေ့ ထုတ်ပြန်သည်။
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁)ရက်မှ (၃၁) ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
လတ်တလော ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့အကြား အရှိန်အဟုန်ဖြင့် ဖြစ်ပွားလျက်ရှိပြီး အရပ်သားထိခိုက်သေဆုံးမှုများမှာလည်း မြင့်တက်လျက်ရှိသည်။
ထို့ပြင် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားလျက်ရှိပြီး အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူ ၁၂၄၂၅ ဦးရှိကာ သေဆုံး ၂၈၄ ဦးရှိလာပြီဖြစ်သည်။
https://www.facebook.com/khitthitnews/posts/1024226451348034?__cft__[0]=AZVX3-xzmy3ZROXy7JhxXrpL_F_YnEFB-_uA0A13PhtV5IeWQNoUyelGh_w14GXtWxXMzVFC8ch38pgmaFzhsjmBW9--SWQQht5WfbAx5-KiWquGl2CSXMrWmjkCbdoW7DuiNi4obc5FiX6lJ6sMAD2Qry00NGV1rGZ1kEO_Xd-Caxyq497y1xRjL8V-TLJkhOQ&__tn__=%2CO%2CP-R
No comments:
Post a Comment