ရမ္းျဗဲၿမိဳ႕နယ္သံေခ်ာင္းေက်းရြာသားမ်ားကို ဖမ္းဆီးျခင္း မရွိဟုဆို
ခိုင္လူလွ (ရိုးမေျမ)
နိရဥၥရာ၊ စက္တင္ဘာ ၃ဝ/၂ဝ၂ဝ
ရခိုင္ျပည္နယ္၊ ရမ္းျဗဲၿမိဳ႕နယ္၊ သံေခ်ာင္းေက်းရြာသို႔ တပ္မေတာ္စစ္ေၾကာင္း တစ္ခု ေရာက္လာၿပီး ရြာသားမ်ားကို စစ္ေဆးေမးျမန္းမႈမ်ားရွိေသာ္လည္း ဖမ္းဆီးမႈ မရွိေၾကာင္း ရြာသားမ်ားက ေျပာၾကားသည္။
“ ရြာသားသုံးေယာက္ အဖမ္းခံရတယ္ဆိုတာ မဟုတ္ပါဘူး။ စစ္ေၾကာင္းေရာက္လာတာေတာ့ မွန္ပါတယ္။ ရြာသားေတြကို စစ္ေဆးတာလည္း မွန္ပါတယ္။ ကၽြန္ေတာ္တို႔ကလည္း ရြာသားေတြ ကိုယ့္ဟာကိုယ္ ေအးေအးေဆး လုပ္စားေနၾကတယ္ဆိုတဲ့ အေၾကာင္းေတြကို ေျပာျပပါတယ္။ တခ်ိဳ႕က တပ္ကို သတင္းအမွားေတြေပးလို႔ ခုလို လာစစ္တာလို႔ သိရပါတယ္” ဟု ရြာသားတစ္ဦးက ေျပာၾကားသည္။
စီးပြားေရးအရ မေက်နပ္သည့္ အုပ္စုတစ္စု AA ႏွင့္ အဆက္အသြယ္ရွိသည္ဟု သြားေရာက္ တိုင္ၾကားရာမွ တပ္မေတာ္စစ္ေၾကာင္း တစ္ခုရြာထဲသို႔ ေရာက္လာၿပီး စစ္ေဆးၿပီး လူသုံးေယာက္ကို ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း၊ ရြာသားမ်ားမွာ စက္တင္ဘာ ၃ဝ ရက္ေန႔ထိ ရြာမွ ထြက္ေျပးေနရေၾကာင္း စသျဖင့္ ဆိုရွယ္မီဒီယာမ်ားတြင္ သတင္းအျဖစ္ ေရးသားေဖာ္ျပခဲ့ၾကသည္။
အဆိုပါ သတင္းႏွင့္ ပတ္သက္ၿပီး ၎ေက်းရြာသားက “ စီးပြားေရးအရ မေက်နပ္သည့္ အုပ္စုတစ္စုက အခ်င္းခ်င္း သြားေရာက္တိုင္ၾကားတယ္ဆိုတာ မွန္တယ္လို႔ ေျပာရမွာျဖစ္ပါတယ္။ ရြာသား သုံးေယာက္ကို ဖမ္းေခၚ သြားတယ္ဆိုတာ သတင္းမွားပါတယ္။ တပ္မေတာ္စစ္ေၾကာင္း ေရာက္လာတာလည္း မွန္ပါတယ္။ ရြာသားတစ္ေယာက္ကိုမွ ဖမ္းဆီးတာေတာ့ မရွိပါ” ဟု ေျပာၾကားသည္။
၎တပ္မေတာ္စစ္ေၾကာင္းမွာ အင္အား ၈ဝ ခန္႔ပါၿပီး ေက်ာက္ျဖဴ အေျခစိုက္ ၃၄ တပ္ရင္းမွ ျဖစ္ၿပီး စက္တင္ဘာ ၂၈ ရက္ေန႔ ညဥ့္အခ်ိန္ သံေခ်ာင္းရြာသို႔ ေရာက္ရွိၿပီး ၂၉ ရက္ေန႔ ညဥ့္အခ်ိန္တြင္ ျပန္လည္ ထြက္ခြာသြားခဲ့ေၾကာင္း၊ ရြာတြင္ တစ္စုံတစ္ရာ ထိခိုက္မႈ ျဖစ္ေအာင္ ျပဳလုပ္ခဲ့ျခင္း မရွိေၾကာင္း ရြာတာဝန္ရွိသူ တစ္ဦးကလည္း ေျပာၾကားသည္။
ရမ္းျဗဲၿမိဳ႕နယ္ သံေခ်ာင္းေက်းရြာသည္ အိမ္ေၿခ ၂ဝဝ ေက်ာ္ခန္႔ရွိသည့္ ေက်းရြာ တစ္ရြာ ျဖစ္ေၾကာင္း သိရသည္။
----------------------------
Unicode -
ရမ်းဗြဲမြို့နယ်သံချောင်းကျေးရွာသားများကို ဖမ်းဆီးခြင်း မရှိဟုဆို
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၃ဝ/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သံချောင်းကျေးရွာသို့ တပ်မတော်စစ်ကြောင်း တစ်ခု ရောက်လာပြီး ရွာသားများကို စစ်ဆေးမေးမြန်းမှုများရှိသော်လည်း ဖမ်းဆီးမှု မရှိကြောင်း ရွာသားများက ပြောကြားသည်။
“ ရွာသားသုံးယောက် အဖမ်းခံရတယ်ဆိုတာ မဟုတ်ပါဘူး။ စစ်ကြောင်းရောက်လာတာတော့ မှန်ပါတယ်။ ရွာသားတွေကို စစ်ဆေးတာလည်း မှန်ပါတယ်။ ကျွန်တော်တို့ကလည်း ရွာသားတွေ ကိုယ့်ဟာကိုယ် အေးအေးဆေး လုပ်စားနေကြတယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြပါတယ်။ တချို့က တပ်ကို သတင်းအမှားတွေပေးလို့ ခုလို လာစစ်တာလို့ သိရပါတယ်” ဟု ရွာသားတစ်ဦးက ပြောကြားသည်။
စီးပွားရေးအရ မကျေနပ်သည့် အုပ်စုတစ်စု AA နှင့် အဆက်အသွယ်ရှိသည်ဟု သွားရောက် တိုင်ကြားရာမှ တပ်မတော်စစ်ကြောင်း တစ်ခုရွာထဲသို့ ရောက်လာပြီး စစ်ဆေးပြီး လူသုံးယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ရွာသားများမှာ စက်တင်ဘာ ၃ဝ ရက်နေ့ထိ ရွာမှ ထွက်ပြေးနေရကြောင်း စသဖြင့် ဆိုရှယ်မီဒီယာများတွင် သတင်းအဖြစ် ရေးသားဖော်ပြခဲ့ကြသည်။
အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ၎င်းကျေးရွာသားက “ စီးပွားရေးအရ မကျေနပ်သည့် အုပ်စုတစ်စုက အချင်းချင်း သွားရောက်တိုင်ကြားတယ်ဆိုတာ မှန်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ရွာသား သုံးယောက်ကို ဖမ်းခေါ် သွားတယ်ဆိုတာ သတင်းမှားပါတယ်။ တပ်မတော်စစ်ကြောင်း ရောက်လာတာလည်း မှန်ပါတယ်။ ရွာသားတစ်ယောက်ကိုမှ ဖမ်းဆီးတာတော့ မရှိပါ” ဟု ပြောကြားသည်။
၎င်းတပ်မတော်စစ်ကြောင်းမှာ အင်အား ၈ဝ ခန့်ပါပြီး ကျောက်ဖြူ အခြေစိုက် ၃၄ တပ်ရင်းမှ ဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်နေ့ ညဉ့်အချိန် သံချောင်းရွာသို့ ရောက်ရှိပြီး ၂၉ ရက်နေ့ ညဉ့်အချိန်တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း၊ ရွာတွင် တစ်စုံတစ်ရာ ထိခိုက်မှု ဖြစ်အောင် ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ရွာတာဝန်ရှိသူ တစ်ဦးကလည်း ပြောကြားသည်။
ရမ်းဗြဲမြို့နယ် သံချောင်းကျေးရွာသည် အိမ်ခြေ ၂ဝဝ ကျော်ခန့်ရှိသည့် ကျေးရွာ တစ်ရွာ ဖြစ်ကြောင်း သိရသည်။
https://burmese.narinjara.com/.../5f7469a952e60167cbc9499...
https://www.facebook.com/narinjara.info/posts/3652889744723076
No comments:
Post a Comment