Sunday, September 27, 2020

သီပေါမြို့နယ် ပန်စောက်ရွာအနီးမှာအမျိုးသားတစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေ

 သီပေါမြို့နယ် ပန်စောက်ရွာအနီးမှာအမျိုးသားတစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေ

မိုင်းရူကော၊ ရွှေဖီမြေ

စက်တင်ဘာ ၂၈ ရက်၊ သီပေါ

ဒီနေ့မွန်းလွဲ ၂ နာရီခွဲက သီပေါမြို့နယ် ပန်စောက်ကျေးရွာအနီး လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးဘေးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားဟာ ပါးစောင်းမှာ သေနတ်ဒဏ်ရာတစ်ချက်နဲ့ သေဆုံးတာဖြစ်တယ်လို့ နယ်စည်းမခြားပရဟိတ(သီပေါ)မှ ကိုမျိုးက ပြောပါတယ်။

“ပါးစောင်းမှာ သေနတ်ဒဏ်ရာတစ်ချက်နဲ့ သေဆုံးနေတာ။ အလောင်းပုံစံအရဆို ဒီနေ့ နေ့လည်ပိုင်းလောက်ကဖြစ်တာ” လို့ ကိုမျိုးက ပြောပါတယ်။

သီပေါလူငယ် လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ နယ်စည်းမခြားပရဟိတ(သီပေါ)တို့က သွားရောက် ကူညီခဲ့ကြပြီး သေဆုံးသူရဲ့အလောင်းကို လားရှိုးဆေးရုံသို့ သီပေါ

လူငယ် လူမှုကယ်ဆယ်ရေးအဖွဲ့က ပို့ဆောင်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်ကလည်း သီပေါမြို့နယ် ကုံးမုံကျေးရွာအနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အလောင်း ၃ လောင်းကို တွေ့ရှိခဲ့ပါတယ်။

သီပေါမြို့နယ်မှာ အခုလိုမျိုး ဖြစ်စဉ်ဟာ ဒီတစ်ကြိမ်နဲ့အပါအဝင် သေနတ်နဲ့ ပစ်သတ်ခံရသူ (၁၇)ယောက် ရှိသွားပြီလို့ သိရပါတယ်။

#သေနတ်ဒဏ်ရာ #သေဆုံး #သီပေါ #လူမှုကူညီရေး

#ဓာတ်ပုံ- Shar Htat Paing

https://www.facebook.com/451214215694715/posts/798576870958446/


https://www.facebook.com/shwepheemyaynews/posts/798576870958446

No comments:

Post a Comment