“ဝ” အဖွဲ့တွင် တာဝန်ထမ်းဆောင်၍ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့ကြောင်းနှင့် ဘိန်းလုပ်သည်ဟု အထောက်အထား ရှိပါက ရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်ကြောင်း UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် ပြောကြား
‘‘၀’’ အဖွဲ့ (UWSA) တွင် တာဝန်ထမ်းဆောင်၍ ငြိမ်းချမ်းရေးလုပ်ဆောင်ခဲ့ကြောင်းနှင့် ၎င်းသည် ဘိန်းလုပ်ခဲ့ကြောင်း သက်သေအထောက်အထားရှိပါက ရဲတပ်ဖွဲ့တွင် တိုင်ကြားနိုင်ကြောင်း ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် (ခ) ဇခုန်ဇုန်းဆောင်က ပြော ကြားသည်။
UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် (ခ) ဇခုန်ဇုန်းဆောင်၏ နောက်ကြောင်းရာဇဝင်နှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေပြီး အဆို ပါ ဝေဖန်မှုများနှင့် ပတ်သက်၍ UDP ပါတီ ၏ Facebook လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ပါတီဥက္ကဋ္ဌက စက်တင်ဘာ ၂၆ ရက်တွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် (ခ) ဇခုန်ဇုန်းဆောင်သည် ‘‘၀’’ အဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့သူဟုတ် မဟုတ်၊ ဘိန်းလုပ် ငန်းများ လုပ်ကိုင်ခဲ့ခြင်းရှိ မရှိစသည့်အ ကြောင်း အရာများနှင့်ပတ်သက်၍ ဝေဖန်မှု များရှိခဲ့သည့် အပေါ် ၎င်းကထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။
‘‘ ‘‘၀’’ ထဲမှာ တာဝန်ထမ်းတယ်။ ဟုတ် တယ်လေ။ အဲဒီအချိန်မှာ ငြိမ်းချမ်းရေးယူပြီး တော့မှ ကျွန်တော် ငြိမ်းချမ်းရေး စလုပ်တာ ကျွန်တော် စလုပ်တာ။ အဲဒါ ရှမ်းပြည်မြောက်ပိုင်း မုန်းကိုးမှာ ပထမဦးဆုံး ကျွန်တော်စခဲ့ လိုက်တာ။ စုံစမ်းပါ။ အရင်တုန်းက နဝတ အစိုးရခေတ်မှာ သူတို့လည်းရှိတယ်။ စတာ ဘယ်သူစသလဲ။ ၈၉ ခုနှစ် စတာ။ ၉၀၊ ၉၁၊ ၉၂ အဲဒီမှာ ‘‘၀’’ တို့၊ ကချင်တို့။အဲဒါ ရှိသေး တယ်နော်။ သမိုင်းမှာ ခင်ဗျားတို့ ကိုယ့်ဘာ သာကိုယ် သွားကြည့်လို့ ရတယ်။ ကျွန်တော် ပြောစရာ မလိုပါဘူး။ ငြိမ်းချမ်းရေး ကျွန် တော် စခဲ့လိုက်တာ’’ဟု UDP ဥက္ကဋ္ဌ ဦးကျော်မြင့် (ခ) ဇခုန်ဇုန်းဆောင်က ပြော ကြားသည်။
ထို့ပြင် ၎င်းအနေဖြင့် ‘‘၀’’ဒေသတွင် နေထိုင်ခဲ့သည့်အတွက် ဘိန်း၊ မူးယစ်ဆေး ၀ါးစသည့်ကိစ္စများ လုပ်ဆောင်သည်ဟု ပြော၍မရကြောင်း၊ အကယ်၍ ဘိန်း၊ မူးယစ် ဆေးဝါး စသည့်ကိစ္စများ လုပ်ဆောင်ခဲ့ပါက ယခုကဲ့သို့ နေထိုင်နိုင်မည်မဟုတ်ကြောင်းလည်း ဦးကျော်မြင့် (ခ) ဇခုန်ဇုန်းဆောင်က ပြောကြားသည်။
‘‘တကယ်လို့ ဘိန်းလုပ်တဲ့သူဆိုရင် သူတို့ဆီမှာ မှတ်တမ်းရှိမယ်။ သူတို့ဆီလည်း Information ရှိမယ်။ ကျွန်တော် ဦးကျော်မြင့် ဦးဇခုန်ဇုန်းဆောင်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထဲမှာ သွားရှာ။ မှတ်တမ်းရှိလား။ Report ရှိလား။ တချို့လူတွေက ဘိန်းလုပ်တယ် ဘာလိုလို ပြောနေကြတယ်။ အဲဒါဆိုရင် ဒီလိုနေလို့ရလား။ ဒါဆိုရင် အဲဒီမြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အလကားပေါ့။ ဒီလောက်အကြီး ကြီးလုပ်တဲ့သူဆိုရင် ဒီမှာ နေလို့ရတယ်ပေါ့။ ခင်ဗျားတို့က အဲဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စော်ကားစေချင်တာလား။ ဘိန်းလုပ်တဲ့သူ ဆိုရင် ဒီလို နေထိုင်တယ်ပေါ့။ ခင်ဗျားတို့မှာ အထောက်အထားရှိလား။ ရှိရင် ရဲတပ်ဖွဲ့ကို ပေးလေ။ အဲဒါလည်း မပေးနိုင်ဘူး။ အဲဒါ လည်း မပြောနိုင်ဘူး’’ဟု UDP ဥက္ကဋ္ဌ ဦးကျော်မြင့် (ခ) ဇခုန်ဇုန်းဆောင်က ပြောကြားသည်။
UDP ဥက္ကဋ္ဌ ဦးကျော်မြင့် (ခ) ဇခုန်ဇုန်း ဆောင်ကို ဂုဏ်သိက္ခာ ညှိုနွမ်းအောင် ရည် ရွယ်၍ မူးယစ်ဆေးဝါး (ဘိန်း) အရောင်းအ ဝယ်လုပ်သည်ဟူ၍ မဟုတ်မမှန် ရေးသား ထားသော ကိစ္စနှင့်ပတ်သက်၍ မှန်ကန် ခိုင် မာသော သက်သေအထောက်အထားများ ဖြင့် သက်ဆိုင်ရာ အစိုးရဌာနရုံးသို့ တိုင် ကြား၍ ဥပဒေအရေ အရေးယူနိုင်ကြောင်း UDP က စက်တင်ဘာ ၂၄ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် စာရင်းများအရ ၂၀၂၀ ရွေးကောက်ပွဲ တွင် ကိုယ်စားလှယ်လောင်းဦးရေ အများဆုံး ပြိုင်မည့်ပါတီသုံးခုတွင်စာရင်းတွင်ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ပါတီ ပါဝင်သည်။
အမျိုးးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) တို့မှာ ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးဖြင့် ကိုယ်စားလှယ်လောင်းဦးရေ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်ထောင်စု ကံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှာ ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ကြောင်း သိရသည်။
https://news-eleven.com/article/194235

No comments:
Post a Comment