ဆေးကုသမည့်လူနာနှင့် လစာထုတ်မည့်ပညာရေးဝန်ထမ်းများစီးနှင်းလိုက်ပါသော စက်လှေအား AAအဖွဲ့ဟန့်တားကာ နောက်ပြန်လှည့်ခိုင်း
စက်တင်ဘာ ၃၀ --
ပလက်ဝမြို့နယ်၊ မီးဇာနှင့် ဝက္ကူးဝရွာများမှ ပလက်ဝမြို့သို့ ဆေးကုသရန်သွားမည့်လူနာများနှင့် လစာထုတ်မည့်ပညာရေးဝန်ထမ်းများစီးနှင်းလိုက်ပါသော စက်လှေများအား ယမနေ့ စက်တင်ဘာ ၂၉ရက်နေ့က ပလက်ဝသို့သွားနေသော လမ်းခုလတ်တွင် AAအဖွဲ့က ဟန့်တားကာ နောက်ပြန်လှည့်ခိုင်းခဲ့ကြောင်း သတင်းရရှိသည်။
စုစုပေါင်း စက်လှေ (၉)စီးခန့်သည် ကုလားတန်အထက်ပိုင်းမှ စုန်ဆင်းလာပြီး ကုလားတန်မြစ်ကြောင်းအတိုင်း ပလက်ဝသို့ သွားလာရာလမ်းတွင် တချို့သောစက်လှေများကျော်သွားသော်လည်း တချို့စက်လှေများအား AA လက်နက်ကိုင်အဖွဲ့က ကြွေတောင်ရွာအရောက်တွင် တားဆီးခ့ဲပြီး လာလမ်းအတိုင်းပြန်လှည့်ခိုင်းခြင်းဖြစ်သည်။ ကြွေတောင်ရွာကို ကျော်သွားနိုင်ခဲ့သော စက်လှေများလည်း ပိန္နဲတပင်အလွန် ကျောက်ပျဥ်ထောင့်ရွာတွင် နောက်ထပ် AA လက်နက်ကိုင်အဖွဲ့၏ တားဆီးနှောင့်ယှက်ခြင်းကို ခံရကာ ပြန်လှည့်ခဲ့ရသည်ဟု သိရသည်။
"တစ်ချို့စက်လှေတွေကို ကြွေတောင်မှာတားကြတယ်။ တချို့ကျတော့ ပိန္နဲတပင်ရွာအကျော်ရွာနားမှာ တားထားကြပြီး ဆက်သွားခွင့်မပြုဘဲ ပြန်လှည့်ခိုင်းတာလို့ ပြောတယ်။ တချို့က ရွာကိုညနေ ၆နာရီလောက်ပြန်ရောက်တယ်။ တချို့က ြပန်မရောက်နိုင်လို့ နီးစပ်ရာရွာတွေမှာ အိပ်ခဲ့ကြရတယ်။ AA အဖွဲ့ကလုပ်တာပါ" ဟု အဆိုပါခရီးတွင် လိုက်ပါသူနှင့်နီးစပ်သူဆွေမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ပလက်ဝမြို့နယ်ဒေသခံပြည်သူများအနေဖြင့် တပ်မတော်၏ ခရီးသွားလာခွင့်ပိတ်ပင်သော စည်းကမ်းကို လိုက်နာနေရ၍ ကုန်စည်ပြတ်လပ်မှုဒါဏ်ကို ခံစားနေရသည်သာမက AA လက်နက်ကိုင်အဖွဲ့ပေးသော ဒုက္ခမျိုးစုံကိုလည်း ယခုကဲ့သို့ ကြုံတွေ့နေရခြင်းဖြစ်သည်။
https://web.facebook.com/khumimediagroup/posts/3627265147318075?__cft__[0]=AZVM8KAjUSQkcl75aHrC-TkSfcB70clmP8hz3G7MG2XxhP_fRM3dAR1dpJLzeAFGbsHBmknhkuyk5HjQ8lFzckV1S0Ih5KPCMT5eLXU3EXWfCaJev5yzwtj5PIXM5d9tw-WfLp3_9OYMIdQulDhgA6DU9sBeWB3WtGjfWtybXftgMgKhawSl5_jgJHMo_hgUi6o&__tn__=%2CO%2CP-R
No comments:
Post a Comment