အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နှစ်ဖွဲ့သီးသန့်တွေ့ဆုံခြင်းနှင့်ပြည်နယ်အဆင့်ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးပူူးတွဲစောင့်ကြည့်ရေးကော်မတီအစည်းအဝေးများ တစ်ပြိုင်တည်းပြုလုပ်ရန် သြဂုတ် ၁ရက်နှင့် ၂ရက်တို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ သဘောတူညီမှုရရှိခဲ့ကြောင်း အစည်းအဝေးအပြီး ပြုလုပ် သည့်သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
“ကျွန်တော်တို့ကြားမှာအခက်အခဲတွေ့နေတာက JMC-S အစည်းအဝေးတွေကျင်းပဖို့အခက်အခဲဖြစ်နေတယ်။နဂိုက ဆွေးနွေးခဲ့တဲ့ နှစ်ဖက်အလုပ်အဖွဲ့တွေကြားမှာ အကျေအလည်ပြန်ပြီး ဆွေးနွေးဖို့ရှိတဲ့အတွက် ၁ရက် ၂ရက်နေ့ ဒီကနေ့အစည်းအဝေးအောင်မြင်စွာပြီးဆုံးတယ်။ ဒီ နှစ်ဖက်ကြားမှာရှိနေတဲ့ စိုးရိမ်မှုတွေဖြစ်ပေါ် နေတဲ့ အဆင်မပြေမှုတွေ အခက်အခဲတွေ ဒါတွေအားလုံး ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး သဘောတူညီချက် ရယူနိုင်တဲ့အတွက်ကျွန် တော်တို့ အောင်မြင်တဲ့အစည်းအဝေးဖြစ်ကြောင်း ပဏာမအနေနဲ့ ပြောကြားလိုပါတယ်” ဟု ၎င်းက ပြောသည်။
JMC-S အစည်းအဝေးများပြုလုပ်သွားနိုင်ရန်အကြို ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များကို ပြန်လည်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်အောင်မငေးက ပြောသည်။
“နှစ်ဖက်အလုပ်အဖွဲ့တွေကြား အဓိကအားဖြင့် JMC-S ကို ဘယ်လိုဆက်ပြီးတော့ဆွေးနွေးကြမလဲ။နောက် Parallelကို ဘယ်လိုလုပ်သွားကြမလဲ ဆိုတာသဘောတူညီခဲ့တယ်။ ဒါဆို ကျွန်တော်တို့က ဒီ နှစ်ဖက်ရဲ့ JMC-S အစည်းအဝေးကိုတော့ ၂၀၂ဝပြည့်နှစ် စက်တင်ဘာလ နောက်ဆုံးပတ်မှာကျင်းပသွားဖို့သဘောတူထားတယ်။ဒါ ဆိုရှေ့ဆက်သွားမယ့်အစည်းအဝေးက ၄ရက် ၅ရက်နေ့မှာ အလုပ်အဖွဲ့ထပ်ဆွေးနွေးမယ်။ ဆွေးနွေးပြီးရင်သက် ဆိုင်ရာ EAO ရဲ့ခေါင်းဆောင်တွေကို တင်ပြဆွေးနွေးကြမယ်” ဟု ပြောသည်။
တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့်တစ်ဖွဲ့ချင်းစီအလိုက်သဘောတူညီမှုများကို Bilateral တွေ့ဆုံညှိနှိုင်းပြီးနောက် JMC-S အစည်းအဝေးများဆောင်ရွက်ကာ ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ကိုတင်ပြသွားရမည်ဖြစ်ကြောင်း သိရသည်။
“ နယ်မြေသတ်မှတ်ချက် တပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေ ဘယ်လိုလုပ်ရမလဲဆိုတာ သဘောတူသွားပြီဆိုရင် အဲဒါတွေနဲ့အညီ JMC ကစောင့်ကြည့်ရမယ်။ အကယ်၍ အောက်ခြေမှာ တစ်ခုခုပေါ့နော် အငြင်းပွားမှုဖြစ်တယ် ပြဿနာဖြစ်တယ်ဆိုရင် ဒီနှစ်ဖက် တပ်တွေ သဘောတူထားတဲ့ဟာကိုကိုင်ပြီးတော့ JMCက ဒါကတော့ ဘယ် ဘက်ကချိုးဖောက်တာလဲ ဆိုတာမျိုး ဒါမျိုးဆိုတော့ ပိုပြီးတော့ တိကျသွားတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
ယခင်အစောပိုင်းကာလများ၌ နှစ်ဖက်တပ်များအတိအကျ ခွဲထားနိုင်ခြင်းမရှိသည့်အတွက် ထိတွေ့မှုများဖြစ်လာပါက အပြန်အလှန် စွပ်စွဲသည့်သဘောမျိုးဖြစ်နေပြီး နှစ်ဖက် သဘောတူထားသည့် သတ်မှတ်ချက်များရရှိလာပါက တရားဝင် လုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
နှစ်ဖက်တပ်များ Bilateral တွေ့ဆုံခြင်းနှင့် JMC-S အစည်းအဝေးများကျင်းပနိုင်ရေးအတွက် အပြီးသတ်ဆွေး နွေးမှုကို သြဂုတ်လ ၁၀ ရက်နေ့နှင့် ၁၁ရက်နေ့တွင် ဆောင်ရွက်ပြီး JICM အစည်း အဝေးကို ၁၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။
UPDJC အစည်းအဝေးကို ၁၇ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံညီလာခံကို ၁၉ရက်နေ့တွင် ပြုလုပ်ရန်လျာထားသည်။
https://myanmar.mmtimes.com/news/142045.html
https://myanmar.mmtimes.com/news/142045.html
No comments:
Post a Comment