ချင်းအမျိုးသား အယောက် ၂၀ ပျောက်ဆုံးစာရင်း CISC ဖော်ပြ
ဩဂုတ် ၁ --
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ပလက်ဝမြို့နယ်မှ ချင်းလူမျိုးအရပ်သား ပျောက်ဆုံးနေသော စာရင်းကို Chin IDP Support Committee (CISC)မှ ပြုစုနေလျှက်ရှိပြီး ယနေ့ ၂၀၂၀ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့အထိ ၎င်းတို့ရရှိထားသော စာရင်းအရ ချင်းလူမျိုး ယောက် ၂၀ထက် မနည်း ရှိနေပြီဟု ၎င်းတို့ပြုစုထားသော စာရင်းအရ သိရှိရသည်။
CISC ၏ အတွင်းရေးမှူး ဦးကျော်အောင်က " ၂၀၁၅ကတည်းက တိုက်ပွဲတွေ စဖြစ်လာခဲ့တာ။ ပြိုင်စိုရွာသား ဦးလိန်းမင်းကို AAက လနဲ့ချီဖမ်းခေါ်ထားပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။ သူဟာ AAတို့ရဲ့ဖမ်းဆီးတာခံရတဲ့ ပထမဆုံးချင်းအမျိုးသားဖြစ်တယ်။ သူပြီးတဲ့နောက်တော့ တစ်ချို့ကိုဖမ်းပြီးပြန်လွှတ်ပေးတယ်။ တချို့ကိုကျတော့ ပြန်မလွှတ်ပေးဘူး။ တချို့ကိုကျတော့သတ်လိုက်ကြတယ်။ အခုဒီစာရင်းက ကျွန်တော်တို့ရထားတဲ့ အဆက်အသွယ်မရဘဲ ဒီနေ့အထိ ပျောက်ဆုံးနေတဲ့ စာရင်းပါ။ ဒီစာရင်းကတော့ အတိအကျမှန်ပါတယ်။ ကျွန်တော်တို့ မသိသေးတဲ့ လူတွေရှိဦးမှာပါ။ အခုလို တစ်ဖက်သားကို ကံယာကံရှင်ရဲ့ဆန္ဒမပါဘဲ အတင်းခေါ်သွားတဲ့လုပ်ရပ်တွေ လုံးဝရပ်သင့်ပါတယ်" ဟု ခူမီးမီဒီယာသို့ ပြောသည်။
ယခုဖော်ပြသော အပျောက်ဆုံးသူများနှင့် ယနေ့အချိန်အထိ မည်သည့် သတင်းအစအနမှ မရရှိ၍ ၎င်းတို့၏ မိသားစုဝင်များအနေဖြင့် အလွန်စိတ်ပူသောက ရောက်နေရသည်။
https://www.facebook.com/khumimediagroup/posts/3440790122632246?__cft__[0]=AZVLqTxjkpyQU7E5FVmYW_5hjEKY_SybAyeZ0s39e_9pe7QbAc_Yh4QoqqbI7t7e3_a1KPVv7lcs2LiFQU3IACJswEjN2gGSl1UPHqDfwqF7kQwuQ35Rl6GvqHTsWontfw4hMVGGnS54uY5rJBCGK7aK24hwxVrVzMAVQsU6JWCFbA&__tn__=%2CO%2CP-R

No comments:
Post a Comment