Saturday, August 1, 2020

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ NCA-S EAO နှင့် အစိုးရအကြား ညှိနှိုင်းအစည်းအဝေး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ NCA-S EAO နှင့် အစိုးရအကြား ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၁) ရက်တွင် နေပြည်တော် NRPC ၌ ဆက်လက်ကျင်းပလျက်ရှိသည်။ ဤအစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး၌ ဆွေးနွေးမည့်အကြောင်းအရာများနှင့် အခြားဆက်စပ်အကြောင်းအရာများကို အဓိကထားဆွေးနွေးကြမည်ဖြစ်သည်။ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၅ )ရက်တွင် ရန်ကုန်၌ စတင်ကျင်းပခဲ့ရာ ဆွေးနွေးရမည့် အကြောင်းအရာများ မပြီးပြတ်သေးသောကြောင့် ရက်တိုး၍ ကျင်းပရခြင်းဖြစ်ပြီး ယခုညှိနှိုင်းအစည်းအဝေးရလဒ်တွင်မူတည်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပမည့်အခြေအနေကိုလည်း သိရမည်ဖြစ်သည်။
ဤအစည်းအဝေးကို ချင်းအမျိုးသားတပ်ဦးမှ ဒုတိယဥက္ကဋ္ဌ (၂) Dr. Lian Hmung Sakhong နှင့် အထွေထွေအတွင်းရေးမှူး Salai Thla Hei တို့တက်ရောက်လျက်ရှိသည်။

https://www.facebook.com/cnfhq/posts/3570404053085801?__xts__%5B0%5D=68.ARDa4viLtRKYjLtL0t1VdhS7zjVBsDWjgOMSd4da-sjO7mRH8HDjPggAmvlMGpxMObDoEHwrX5bUSbFOwuHGR7y98KL6Vl-2uYRZ6ovns7BgirCzftJecEotiRiZEO3icsSARyoWWuqPb46H6dGtwKvYi8TVw1VaK1i18nSIKNFc9qQMbQzp6VFK6wYK84QRazBD-MYPczXQRyIp-oDJhviMNGYNeMWIeKcvs0Fb9ofw5_GWi5Gxa_2wV1ZC3XLOXNIt6zHiz2yngWJXG7-0u1y6M7W0e7kuxGNsOpqipLdEcXF2l8KdtkeHOSeS3qB7ark4coByke8HhhHToXskXrdZD7gT&__tn__=-R

No comments:

Post a Comment