အမ္းၿမိဳ႕နယ္မွ ရိုက္ႏွက္ခံခဲ့ရသည့္ပညာေရးေကာလိပ္ေက်ာင္းသားအား တပ္မေတာ္အရာရွိအခ်ိဳ႕မွ ေက်ေအးေပးရန္ ေနအိမ္သို႔ လာေရာက္ေျပာဆို
ေဆာင္းဇာျခည္
နိရဥၥရာ၊ ၾသဂုတ္ ၃ဝ/၂ဝ၂ဝ
အမ္းၿမိဳ႕နယ္မွ တပ္မေတာ္သား အခ်ိဳ႕၏ ရိုက္ႏွက္ခံရသူ ပညာေရးေကာလိပ္ (ဒုတိယႏွစ္) ေက်ာင္းသားအား တပ္မေတာ္အရာရွိအခ်ိဳ႕ ေက်ေအးေပးရန္ ေနအိမ္သို႔ ယမန္ေန႔ ေန႔လယ္ ၂ နာရီခန္႔က လာေရာက္ ေျပာဆိုခဲ့ေၾကာင္း ရိုက္ႏွက္ခံခဲ့ရသူ ကာယကံရွင္ လူငယ္က နိရဥၥရာသတင္းဌာနသို႔ ေျပာသည္။
ရိုက္ႏွက္ခံခဲ့ရသည့္ လူငယ္မွာ အမ္းၿမိဳ႕နယ္၊ ပ်ဥ္းေတာေက်းရြာမွ ဦးညီစိန္ႏွင့္ ေဒၚပုတိုတို႔၏ သား ေမာင္ညီညီစိုး (၁၈) ႏွစ္ျဖစ္ၿပီး ေက်ာက္ျဖဴ ပညာေရးေကာလိပ္တြင္ ဒုတိယႏွစ္ ေက်ာင္းသား အျဖစ္ တက္ေရာက္ေနသူ ျဖစ္ေၾကာင္း သိရသည္။
၎သည္ ၾသဂုတ္လ ၂၈ ရက္ေန႔ ေန႔လယ္ ၂ နာရီခန္႔က ေက်းရြာ၏ အေရွ႕ေတာင္ဘက္ ၁ မိုင္ခန္႔အကြာရွိ ၇၅၇ တပ္ရင္း အနီး၌ စစ္သားအခ်ိဳ႕၏ ဖမ္းဆီးရိုက္ႏွက္ခံခဲ့ရသျဖင့္ ေမာင္ညီညီစိုးမွာ ဦးေခါင္းႏွင့္ မ်က္စိေအာက္တို႔တြင္ ေရာင္ရမ္း၊ ပြန္းပဲ့ဒဏ္ရာမ်ားရရွိခဲ့သည္ဟု ေမာင္ညီညီစိုးက ေျပာသည္။
“ကၽြန္ေတာ္က အိမ္ကလူေတြနဲ႔ စကားမ်ားၿပီး စိတ္ေျပလက္ေပ်ာက္ဆိုၿပီး ထြက္သြားတာ။ အဲဒီ ၇၅၇ တပ္ရင္းနားက ဗံဒါပင္ေအာက္မွာ ထိုင္ေနတာ။ အဲဒီမွာ စစ္သား တပ္သားအဆင့္ေပါ့။ သုံးေယာက္ထြက္လာၿပီး ကၽြန္ေတာ့္ကို ဒီနားမွာဘာလုပ္ေနတာလဲ၊ ဘယ္သူ႔သားလဲ၊ ေခတ္ကာလမေကာင္းဘူး၊ ဒီနားမွာ မေနနဲ႔ ေျပာတယ္။ ကၽြန္ေတာ္လည္း သူတို႔ေမးတာေျဖၿပီးလို႔ ျပန္ေတာ့မယ္လုပ္ေတာ့ ကၽြန္ေတာ့္လက္ကို လိုက္ဆြဲတယ္။ ၿပီးေတာ့ မ်က္ႏွာေတြကို ရိုက္တယ္။ သူတို႔ ၃ ေယာက္က အရက္ေတြမူးေနတယ္။ ကၽြန္ေတာ့္ကို ေအေအကလားဆိုၿပီးေတာ့လည္းေမးတယ္။ အဲဒီတပ္ထဲမွာ ကၽြန္ေတာ္တို႔ရြာက စစ္သားလုပ္ေနတဲ့ သူေတြလည္း ရွိတယ္။ သူတို႔ကိုေမးၾကည့္ပါေျပာတယ္။ ဘယ္လိုမွ ေျပာလို႔မရဘူး။ သူတို႔ ေျခေထာက္ေတြနဲ႔ ဆင့္ကန္တယ္။ လက္သီးေတြနဲ႔ ထိုးပါတယ္။ ရိုက္ၿပီးေတာ့ ကၽြန္ေတာ့္ကို ျပန္လႊတ္လိုက္ေတာ့ ကၽြန္ေတာ္အိမ္ကို တန္းေျပးလာခဲ့ရတယ္” ဟု နိရဥၥရာသို႔ ေျပာသည္။
ထိုသို႔ ရိုက္ႏွက္ခံရၿပီး ေနာက္တစ္ရက္အၾကာ ယမန္ေန႔ ေန႔လယ္ ၂ နာရီခန္႔ အဆိုပါ ၇၅၇ တပ္ရင္းမွ ဗိုလ္တစ္ဦးႏွင့္ တပ္ရင္းမႈးတစ္ဦးအပါအဝင္ ေလးဦးတို႔မွာ ေမာင္ညီညီစိုး၏ ေနအိမ္သို႔ ေရာက္ရွိလာကာ ေငြ သုံးသိန္းေပးကာ ယင္းကိစၥအား ေက်ေအးလိုေၾကာင္းေျပာၾကားခဲ့ေၾကာင္း သူက ဆက္ေျပာသည္။
“ကၽြန္ေတာ္ အရိုက္ခံရတာကို မီဒီယာတခ်ိဳ႕က တင္ထားတာကို သူတို႔ကေတြ႕တယ္ေပါ့။ အဲဒီ မီဒီယာေတြ ေအာက္ရဲ့ ပိုစ့္ေတြေအာက္မွာ ကၽြန္ေတာ့္ကို ေကာမန္႔ေရးခိုင္းတယ္။ ဒီကိစၥက ေက်ေအးလိုက္ၿပီ ဆိုၿပီးေတာ့ေပါ့။ ဒါဟာ မေတာ္တဆမႈဆိုၿပီးေတာ့ေပါ့။ ေနာက္ၿပီး သူတို႔ ေဖ့စ္ဘုတ္အေကာင့္ကို ကၽြန္ေတာ့္ကို အပ္ခိုင္းတယ္။ ၿပီးရင္ အဲဒီ သူတို႔အေကာင့္နဲ႔ Tag တြဲတင္ၿပီး ဒီကိစၥဟာၿပီးသြားၿပီ ေက်ေအးလိုက္ၿပီေပါ့ အဲဒါကို ပိုစ့္တင္ခိုင္းတယ္။ ကၽြန္ေတာ္လည္း တင္လိုက္ပါတယ္။ မီဒီယာေတြရဲ့ ပိုစ့္ေတြေအာက္မွာလည္း ကၽြန္ေတာ္ ေကာမန္႔ေပးလိုက္ပါတယ္။ ေငြသုံးသိန္း ေဆးဖိုးဆိုၿပီးေတာ့ ေပးၿပီး ကၽြန္ေတာ့္ကို ေက်ေအးေၾကာင္း လက္မွတ္ထိုးခိုင္းတယ္။ မထိုးလိုက္ပါဘူး” ဟု သူက ဆက္ေျပာသည္။
အဆိုပါ ဗိုလ္တစ္ဦးႏွင့္ တပ္ရင္းမႉးတစ္ဦး အပါအဝင္ ေလးဦးတို႔မွာ ထိုကိစၥအား ေက်ေအးၿပီျဖစ္ေၾကာင္း လက္မွတ္ထိုးခိုင္းေသာ္လည္း ရိုက္ႏွက္ခံရသူ ကာယကံရွင္က မေက်ေအးေပးလိုက္ေၾကာင္း၊ လက္မွတ္ ထိုးခိုင္းခ်ိန္ ကာယကံရွင္က မထိုးလို၍ ၄င္းတို႔ ေလးဦးမွာ ေနအိမ္မွ ထြက္ခြာသြားၾကေၾကာင္း၊ ၄င္းတို႔ ထြက္သြားၿပီးေနာက္ အဆိုပါ အရာရွိတပ္မေတာ္သားႏွင့္ Tag တြဲကာ တင္ခဲ့သည့္ ပိုစ့္မ်ားႏွင့္ မီဒီယာအခ်ိဳ႕ေအာက္မွ သူမွတ္ခ်က္ျပဳခဲ့သည့္ ေကာမန္႔မ်ားအား ျပန္ဖ်က္ခဲ့ေၾကာင္း ေမာင္ညီညီစိုးက ေျပာသည္။
“ဒီလိုသာ ရိုက္ႏွက္ၿပီး ေက်ေအးေပးလိုက္လို႔ရမယ္ဆိုရင္ ကၽြန္ေတာ္လည္း လူေတြကို ရိုက္ႏွက္ၿပီး ေငြေပးၿပီး ေက်ေအးေပးလိုက္မွာေပါ့။ အခုလည္း မတရားတဲ့အတြက္ တရားမၽွတမႈမရွိတဲ့အတြက္ ဒီေလာက္နဲ႔ ကၽြန္ေတာ္က မေက်ေအးေပးနိုင္ဘူး။ ကၽြန္ေတာ့္ကို အဲဒီ စစ္သားသုံးေယာက္ ရိုက္တုန္းက ဒီေနရာမွာ အစေဖ်ာက္လိုက္လို႔ရတယ္လို႔လည္း ေျပာခဲ့ေသးတယ္” ဟု ဆက္ေျပာသည္။
အျပစ္မရွိဘဲ ထိုကဲ့သို႔ ရိုက္ႏွက္ခံခဲ့ရမႈအား မေက်နပ္ေၾကာင္း၍ သက္ဆိုင္ရာမ်ားသို႔ တိုင္ၾကားသြားမည္ ျဖစ္ေၾကာင္း၊ ၾသဂုတ္လ ၂၈ ရက္ေန႔က သူရိုက္ႏွက္ခံရၿပီးေနာက္ ေန႔လယ္ ၃ နာရီခြဲခန္႔တြင္ မိဘမ်ားႏွင့္ ယင္း ၇၅၇ တပ္ရင္းသို႔ သြားေရာက္ကာ တိုင္ၾကားခဲ့စဥ္ ေဆးကုရန္ ေငြ ၃ ေသာင္းအားလည္း ေပးလိုက္ေၾကာင္း ေျပာသည္။
စစ္ေတြၿမိဳ႕မွ အထက္တန္းေရွ႕ေန ဦးေဇာ္ေဇာ္မင္းက “ဒါက ရိုက္ႏွက္မႈျဖစ္တဲ့အတြက္ ၃၂၄ တို႔ ၃၂၅ ဥပေဒပုဒ္မတို႔ ေျမာက္တယ္ေပါ့။ ဒီကိစၥက ရာဇဝတ္မႈေျမာက္ပါတယ္။ တရားစြဲလို႔ရတယ္။ လူအမ်ားေရွ႕မွာ အရွက္ဂုဏ္သိကၡာေတြက်တယ္။ ရိုက္ႏွက္ခံရတယ္ဆိုေတာ့ ရာဇဝတ္မႈေျမာက္တယ္။ ဒီကိစၥက အေရးယူရမယ္။ တကယ္လို႔ ကာယကံရွင္က ေက်ေအးမယ္ဆိုရင္ေတာ့ တစ္မ်ိဳးေပါ့ေနာ္” ဟု နိရဥၥရာသို႔ ေျပာသည္။
ေမာင္ညီညီစိုး ရိုက္ႏွက္ခံရသည့္ ကိစၥအား ရခိုင္ျပည္ ေက်ာင္းသားသမဂၢက နိုင္ငံေတာ္သမၼတ႐ုံးသို႔ ဆက္လက္ တင္ျပသြားရန္စီစဥ္ေနေၾကာင္း ေမာင္ညီညီစိုးက ေျပာသည္။
---------------------------------
Unicode -
အမ်းမြို့နယ်မှ ရိုက်နှက်ခံခဲ့ရသည့်ပညာရေးကောလိပ်ကျောင်းသားအား တပ်မတော်အရာရှိအချို့မှ ကျေအေးပေးရန် နေအိမ်သို့ လာရောက်ပြောဆို
ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၃ဝ/၂ဝ၂ဝ
အမ်းမြို့နယ်မှ တပ်မတော်သား အချို့၏ ရိုက်နှက်ခံရသူ ပညာရေးကောလိပ် (ဒုတိယနှစ်) ကျောင်းသားအား တပ်မတော်အရာရှိအချို့ ကျေအေးပေးရန် နေအိမ်သို့ ယမန်နေ့ နေ့လယ် ၂ နာရီခန့်က လာရောက် ပြောဆိုခဲ့ကြောင်း ရိုက်နှက်ခံခဲ့ရသူ ကာယကံရှင် လူငယ်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ရိုက်နှက်ခံခဲ့ရသည့် လူငယ်မှာ အမ်းမြို့နယ်၊ ပျဉ်းတောကျေးရွာမှ ဦးညီစိန်နှင့် ဒေါ်ပုတိုတို့၏ သား မောင်ညီညီစိုး (၁၈) နှစ်ဖြစ်ပြီး ကျောက်ဖြူ ပညာရေးကောလိပ်တွင် ဒုတိယနှစ် ကျောင်းသား အဖြစ် တက်ရောက်နေသူ ဖြစ်ကြောင်း သိရသည်။
၎င်းသည် သြဂုတ်လ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီခန့်က ကျေးရွာ၏ အရှေ့တောင်ဘက် ၁ မိုင်ခန့်အကွာရှိ ၇၅၇ တပ်ရင်း အနီး၌ စစ်သားအချို့၏ ဖမ်းဆီးရိုက်နှက်ခံခဲ့ရသဖြင့် မောင်ညီညီစိုးမှာ ဦးခေါင်းနှင့် မျက်စိအောက်တို့တွင် ရောင်ရမ်း၊ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်ဟု မောင်ညီညီစိုးက ပြောသည်။
“ကျွန်တော်က အိမ်ကလူတွေနဲ့ စကားများပြီး စိတ်ပြေလက်ပျောက်ဆိုပြီး ထွက်သွားတာ။ အဲဒီ ၇၅၇ တပ်ရင်းနားက ဗံဒါပင်အောက်မှာ ထိုင်နေတာ။ အဲဒီမှာ စစ်သား တပ်သားအဆင့်ပေါ့။ သုံးယောက်ထွက်လာပြီး ကျွန်တော့်ကို ဒီနားမှာဘာလုပ်နေတာလဲ၊ ဘယ်သူ့သားလဲ၊ ခေတ်ကာလမကောင်းဘူး၊ ဒီနားမှာ မနေနဲ့ ပြောတယ်။ ကျွန်တော်လည်း သူတို့မေးတာဖြေပြီးလို့ ပြန်တော့မယ်လုပ်တော့ ကျွန်တော့်လက်ကို လိုက်ဆွဲတယ်။ ပြီးတော့ မျက်နှာတွေကို ရိုက်တယ်။ သူတို့ ၃ ယောက်က အရက်တွေမူးနေတယ်။ ကျွန်တော့်ကို အေအေကလားဆိုပြီးတော့လည်းမေးတယ်။ အဲဒီတပ်ထဲမှာ ကျွန်တော်တို့ရွာက စစ်သားလုပ်နေတဲ့ သူတွေလည်း ရှိတယ်။ သူတို့ကိုမေးကြည့်ပါပြောတယ်။ ဘယ်လိုမှ ပြောလို့မရဘူး။ သူတို့ ခြေထောက်တွေနဲ့ ဆင့်ကန်တယ်။ လက်သီးတွေနဲ့ ထိုးပါတယ်။ ရိုက်ပြီးတော့ ကျွန်တော့်ကို ပြန်လွှတ်လိုက်တော့ ကျွန်တော်အိမ်ကို တန်းပြေးလာခဲ့ရတယ်” ဟု နိရဥ္စရာသို့ ပြောသည်။
ထိုသို့ ရိုက်နှက်ခံရပြီး နောက်တစ်ရက်အကြာ ယမန်နေ့ နေ့လယ် ၂ နာရီခန့် အဆိုပါ ၇၅၇ တပ်ရင်းမှ ဗိုလ်တစ်ဦးနှင့် တပ်ရင်းမှုးတစ်ဦးအပါအဝင် လေးဦးတို့မှာ မောင်ညီညီစိုး၏ နေအိမ်သို့ ရောက်ရှိလာကာ ငွေ သုံးသိန်းပေးကာ ယင်းကိစ္စအား ကျေအေးလိုကြောင်းပြောကြားခဲ့ကြောင်း သူက ဆက်ပြောသည်။
“ကျွန်တော် အရိုက်ခံရတာကို မီဒီယာတချို့က တင်ထားတာကို သူတို့ကတွေ့တယ်ပေါ့။ အဲဒီ မီဒီယာတွေ အောက်ရဲ့ ပိုစ့်တွေအောက်မှာ ကျွန်တော့်ကို ကောမန့်ရေးခိုင်းတယ်။ ဒီကိစ္စက ကျေအေးလိုက်ပြီ ဆိုပြီးတော့ပေါ့။ ဒါဟာ မတော်တဆမှုဆိုပြီးတော့ပေါ့။ နောက်ပြီး သူတို့ ဖေ့စ်ဘုတ်အကောင့်ကို ကျွန်တော့်ကို အပ်ခိုင်းတယ်။ ပြီးရင် အဲဒီ သူတို့အကောင့်နဲ့ Tag တွဲတင်ပြီး ဒီကိစ္စဟာပြီးသွားပြီ ကျေအေးလိုက်ပြီပေါ့ အဲဒါကို ပိုစ့်တင်ခိုင်းတယ်။ ကျွန်တော်လည်း တင်လိုက်ပါတယ်။ မီဒီယာတွေရဲ့ ပိုစ့်တွေအောက်မှာလည်း ကျွန်တော် ကောမန့်ပေးလိုက်ပါတယ်။ ငွေသုံးသိန်း ဆေးဖိုးဆိုပြီးတော့ ပေးပြီး ကျွန်တော့်ကို ကျေအေးကြောင်း လက်မှတ်ထိုးခိုင်းတယ်။ မထိုးလိုက်ပါဘူး” ဟု သူက ဆက်ပြောသည်။
အဆိုပါ ဗိုလ်တစ်ဦးနှင့် တပ်ရင်းမှူးတစ်ဦး အပါအဝင် လေးဦးတို့မှာ ထိုကိစ္စအား ကျေအေးပြီဖြစ်ကြောင်း လက်မှတ်ထိုးခိုင်းသော်လည်း ရိုက်နှက်ခံရသူ ကာယကံရှင်က မကျေအေးပေးလိုက်ကြောင်း၊ လက်မှတ် ထိုးခိုင်းချိန် ကာယကံရှင်က မထိုးလို၍ ၄င်းတို့ လေးဦးမှာ နေအိမ်မှ ထွက်ခွာသွားကြကြောင်း၊ ၄င်းတို့ ထွက်သွားပြီးနောက် အဆိုပါ အရာရှိတပ်မတော်သားနှင့် Tag တွဲကာ တင်ခဲ့သည့် ပိုစ့်များနှင့် မီဒီယာအချို့အောက်မှ သူမှတ်ချက်ပြုခဲ့သည့် ကောမန့်များအား ပြန်ဖျက်ခဲ့ကြောင်း မောင်ညီညီစိုးက ပြောသည်။
“ဒီလိုသာ ရိုက်နှက်ပြီး ကျေအေးပေးလိုက်လို့ရမယ်ဆိုရင် ကျွန်တော်လည်း လူတွေကို ရိုက်နှက်ပြီး ငွေပေးပြီး ကျေအေးပေးလိုက်မှာပေါ့။ အခုလည်း မတရားတဲ့အတွက် တရားမျှတမှုမရှိတဲ့အတွက် ဒီလောက်နဲ့ ကျွန်တော်က မကျေအေးပေးနိုင်ဘူး။ ကျွန်တော့်ကို အဲဒီ စစ်သားသုံးယောက် ရိုက်တုန်းက ဒီနေရာမှာ အစဖျောက်လိုက်လို့ရတယ်လို့လည်း ပြောခဲ့သေးတယ်” ဟု ဆက်ပြောသည်။
အပြစ်မရှိဘဲ ထိုကဲ့သို့ ရိုက်နှက်ခံခဲ့ရမှုအား မကျေနပ်ကြောင်း၍ သက်ဆိုင်ရာများသို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း၊ သြဂုတ်လ ၂၈ ရက်နေ့က သူရိုက်နှက်ခံရပြီးနောက် နေ့လယ် ၃ နာရီခွဲခန့်တွင် မိဘများနှင့် ယင်း ၇၅၇ တပ်ရင်းသို့ သွားရောက်ကာ တိုင်ကြားခဲ့စဉ် ဆေးကုရန် ငွေ ၃ သောင်းအားလည်း ပေးလိုက်ကြောင်း ပြောသည်။
စစ်တွေမြို့မှ အထက်တန်းရှေ့နေ ဦးဇော်ဇော်မင်းက “ဒါက ရိုက်နှက်မှုဖြစ်တဲ့အတွက် ၃၂၄ တို့ ၃၂၅ ဥပဒေပုဒ်မတို့ မြောက်တယ်ပေါ့။ ဒီကိစ္စက ရာဇဝတ်မှုမြောက်ပါတယ်။ တရားစွဲလို့ရတယ်။ လူအများရှေ့မှာ အရှက်ဂုဏ်သိက္ခာတွေကျတယ်။ ရိုက်နှက်ခံရတယ်ဆိုတော့ ရာဇဝတ်မှုမြောက်တယ်။ ဒီကိစ္စက အရေးယူရမယ်။ တကယ်လို့ ကာယကံရှင်က ကျေအေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့နော်” ဟု နိရဥ္စရာသို့ ပြောသည်။
မောင်ညီညီစိုး ရိုက်နှက်ခံရသည့် ကိစ္စအား ရခိုင်ပြည် ကျောင်းသားသမဂ္ဂက နိုင်ငံတော်သမ္မတရုံးသို့ ဆက်လက် တင်ပြသွားရန်စီစဉ်နေကြောင်း မောင်ညီညီစိုးက ပြောသည်။
No comments:
Post a Comment