Sunday, August 30, 2020

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၈ ရက် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို လေ့လာရန် အထူးကိုယ်စားလှယ် ဦးဆောင်သည့်အဖွဲ့တစ်ဖွဲ့ ဂျပန်နိုင်ငံက စေလွှတ်မည်

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၈ ရက် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို လေ့လာရန် အထူးကိုယ်စားလှယ် ဦးဆောင်သည့်အဖွဲ့တစ်ဖွဲ့ ဂျပန်နိုင်ငံက စေလွှတ်မည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ သြဂုတ် ၂၄ ရက်က တွေ့ဆုံဆွေးနွေးစဉ်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ သြဂုတ် ၂၄ ရက်က တွေ့ဆုံဆွေးနွေးစဉ်
PUBLISHED 30 AUGUST 2020
 
ဉာဏ်လင်းထွန်း

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို လေ့လာအားပေးရန် ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် Mr. SASAKAWA Yohei ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ကို  စေလွှတ်သွား မည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုတဲဂိတိုရှိမိစုက ပြောကြားသည်။
သြဂုတ် ၂၄ ရက်က အဆိုပါ ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အပြီး တွင် ၎င်းရေးသားသည့် အာဘော်ဆောင်းပါးကို ဂျပန်နိုင်ငံ တိုကျိုရှိ မြန်မာသံရုံးက မြန်မာဘာသာဖြင့် ပြန်လည်ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် နိုဝင်ဘာ၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ဆိုသည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များထဲမှ အရေးကြီးသည့် မှတ်တိုင်တစ်ခုကိုစိုက်ထူရန်ရှိပြီး  ထိုသို့ အထွေ ထွေရွေးကောက်ပွဲကြီး အဆင်ပြေချောမွေ့ စွာ ကျင်းပနေပုံများကို အထူးကိုယ်စားလှယ်      ဦးဆောင်သည့်လေ့လာရေးအဖွဲ့ကို စေလွှတ်ပြီး ၀ိုင်းဝန်းလေ့လာ အားပေးသွားမည်ဟု     ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ ဆောင်းပါးတွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံသားများ၏ အားထုတ်မှုဖြင့် လွတ်လပ်၍ တရားမျှတမှုရှိသော ရွေး ကောက်ပွဲကို ကျင်းပနိုင်လိမ့်မည်ဟု ခိုင်မာ စွာ ယုံကြည်ထားပါသည်” ဟု ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုတဲဂိတိုရှိမိစု က ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မဲရုံများတွင် တစ်ကြိမ်ထက်ပို၍မဲပေးခြင်းမှ ကာကွယ်နိုင်ရန်အတွက် အလွယ်တကူ ဖျက်၍ မရသည့် မင်ရည်များကို ထောက်ပံ့ပေးခြင်းဖြင့်လည်း လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲကို ကျင်းပနိုင်ရန် ကူညီသွားမည်ဟု ၎င်းက ဆိုသည်။
လာမည့် ရွေးကောက်ပွဲ၌ အသုံးပြုရန် ဂျပန်ယန်း ၁၈၁ သန်းတန်ဖိုးရှိ မင်ရည် ပုလင်း ၁၁၃၀၀၀ ကို ထောက်ပံ့မည်ဟု ဂျပန်အစိုးရနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့က သြဂုတ် ၁၄  ရက်တွင် ထုတ် ပြန်ခဲ့သည်။
ဂျပန်အစိုးရသည် ၂၀၁၅ ခုနှစ် အထွေ ထွေရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲ လေ့လာရေးကိုယ်စားလှယ်အဖွဲ့များ စေ လွှတ်မှုရှိခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ လိုအပ် သည့် ပစ္စည်းများလည်း ထောက်ပံ့ခဲ့သည်။
မဲခေါင်ဒေသသုံးနိုင်ငံ အလည်အပတ် ခရီးစဉ်အဖြစ် ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံသို့  သွားရောက်ပြီးနောက် မြန်မာနိုင်ငံ သို့ သြဂုတ် ၂၄ ရက်မှ ၂၅ ရက်အထိ နှစ်ရက် ကြာ လာရောက်ခဲ့သည့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့နှင့် တွေ့ဆုံခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံပွဲတွင် နှစ် နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စ ရပ်များ၊ ကိုဗစ်ရောဂါကာကွယ်၊ တားဆီးရေး နှင့် ကိုဗစ်ရောဂါအလွန် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့စေရန် နှစ်ဖက်ပူး ပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊  မြန်မာ နိုင်ငံ၌ ကျင်းပမည့် အထွေထွေရွေးကောက် ပွဲတွင် ဂျပန်နိုင်ငံက အကူအညီပေးရေးနှင့် လေ့လာသူအဖွဲ့ စေလွှတ်ရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုး သား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို ကူညီပံ့ပိုးမှုများ ဆက်လက်လုပ်ဆောင်ရေးတို့ကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။   

No comments:

Post a Comment