သားျဖစ္သူဗိုလ္မႉး AA ထဲကို ေရာက္သြားသျဖင့္ ဖခင္ျဖစ္သူလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအမည္စာရင္းက ပယ္ဖ်က္ခံရ
ခိုင္လူလွ (ရိုးမေျမ)
နိရဥၥရာ၊ ၾသဂုတ္ ၃ဝ/၂ဝ၂ဝ
ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အမည္စာရင္းတင္သြင္ထားသူ ဦးဖိုးစံအား သူ၏ သားျဖစ္သူ ဗိုလ္မႉး ေအာင္ျမင့္စိုးမွာ လြန္ခဲ့သည့္ ၂ဝ၁၈ ႏွစ္က AA တပ္ထဲသို႔ ေရာက္ရွိသြားသျဖင့္ လႊတ္ေတာ္ အမည္စာရင္း တင္သြင္းထားရာမွ ပယ္ဖ်က္ခံရလိုက္ရေၾကာင္း သတင္းရရွိသည္။
လက္ရွိေက်ာက္ျဖဴၿမိဳ႕နယ္ အမွတ္(၂) မဲဆႏၵနယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဖိုးစံကို လႊတ္ေတာ္အမည္စာရင္းတင္သြင္းျခင္းမွ ပယ္ဖ်က္ေၾကာင္း အေၾကာင္းၾကားလာသည္ဟု ေျပာၾကားသည္။
“ ၂ဝ၂ဝ ခုႏွစ္ ၾသဂုတ္လ ၂၇ ရက္ ေန႔စြဲနဲ႔ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ကေန ကၽြန္ေတာ္ကို လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အျဖစ္က ပယ္ဖ်က္တယ္ဆိုၿပီး အဲသလို စာေရာက္လာပါတယ္ ခင္ဗ်ား။ အဲဒီစာမွာ ဘာပါလာသလဲဆိုရင္ ေရြးေကာက္ပြဲ ဥပေဒ ပုဒ္မ ၁ဝ (ဎ)နဲ႔ ၿငိစြန္းေနတယ္ဆိုတဲ့ အေၾကာင္းကို ျပည္ထဲေရးဝန္ႀကီးဌာနမွ ခရိုင္ေရြးေကာက္ပြဲ ေကာ္မရွင္ကိုစာပို႔တယ္။ အဲဒီစာ ကၽြန္ေတာ္ကို လာေပးျခင္း ျဖစ္ပါတယ္ခင္ဗ်ား” ဟု ဦးဖိုးစံက ေျပာသည္။
ပုဒ္မ ၁ဝ(ဎ)ထဲတြင္ နိုင္ငံေတာ္အား လက္နက္ကိုင္ ဆန္႔က်င္ေနသည့္ ေသာင္းက်န္သူ အဖြဲ႕အစည္းမ်ား (သို႔မဟုတ္) ယင္းအဖြဲ႕ဝင္မ်ားႏွင့္ ဆက္သြယ္သည့္ ခိုင္လုံေသာ သက္ေသ အေထာက္အထား ရွိသူ ဆိုၿပီး ပါဝင္ေၾကာင္း၊ သို႔အတြက္ သူ႔အား ကိုယ္စားလွယ္ေလာင္းအမည္စာရင္း တင္သြင္းရာမွ ပယ္ဖ်က္ျခင္း ျဖစ္သည္ဟု သိရေၾကာင္း၊ မိမိမွာ မည္သည့္ လက္နက္ကိုင္ အဖြဲ႕အစည္းႏွင့္ဆက္သြယ္မႈ မရွိေၾကာင္း၊ အဲဒီကိစၥကို ေကာ္မရွင္တြင္လည္း ျငင္းခဲ့ၿပီးၿပီျဖစ္ေၾကာင္း၊ ယခုကဲ့သို႔ အေၾကာင္းျပၿပီး ဆုံးျဖတ္ခ်က္ျခင္းမွာ မတရားသလို ခံစားရေၾကာင္း ၎က ဆက္ေျပာသည္။
“ ကၽြန္ေတာ့္ကို ၂၂ ရက္၊ ၈ လ၊ ၂ဝ၂ဝ ေန႔က ခရိုင္ေကာ္မရွင္ အတြင္းေရးမႉး ေခၚၿပီး ခရိုင္ေကာ္မရွင္ အဖြဲ႕ဝင္မ်ားေရွ႕မွာ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က စာပို႔လာတယ္ဆိုၿပီး အေၾကာင္းၾကားပါတယ္။ အဲဒီ စာထဲမွာ ဘာပါသလဲဆိုေတာ့ ၂ဝ၁၈ ခုႏွစ္ ေမလက ေနၿပီးရင္ ဗိုလ္မႉးေအာင္ျမင့္စိုး၊ ဦးဖိုးစံရဲ့သားဟာ အမွတ္ (၇၃) သံခ်ပ္ကာ တပ္မ ဌာနခ်ဳပ္မွာ တာထမ္းေဆာင္ရင္းနဲ႔ ခြင့္မဲ့ပ်က္ကြက္ၿပီး ေပ်ာက္ဆုံးသြားတယ္။ အဲဒါကို ျပည္ထဲေရး ဝန္ႀကီးဌာနက ျပန္လည္လိုက္ၿပီး စိစစ္ ခ်က္အရ ေအေအလက္နက္ကိုင္ အဖြဲ႕ကို ေရာက္ရွိေနတယ္လို႔ သိရွိရတယ္လို႔ ပါတယ္။အဲဒါေၾကာင့္မို႔ ကၽြန္ေတာ္ကို အဲဒီပုဒ္မနဲ႔ ၿငိစြန္းတယ္ဆိုၿပီး စြပ္စြဲပါတယ္။”
သို႔ေသာ္ အဆိုပါ စြပ္စြဲခ်က္ကို ေက်ာက္ျဖဴခရိုင္ ေကာ္မရွင္အဖြဲ႕ခြဲေရွ႕တြင္ ျငင္းဆိုခဲ့သည္ဟု ဆိုသည္။
“ ကၽြန္ေတာ္က အဲဒီေနရာမွာပဲ သူတို႔ေရွ႕မွာဘဲ ျပန္ၿပီး ခုခံ ေခ်ပပါတယ္။ ကၽြန္ေတာ္နဲ႔ ဘယ္လိုမွ ဆက္စပ္မႈမရွိဘူး။ ကၽြန္ေတာ္အိမ္ေထာင္စုမွာ ေနတာလည္း မဟုတ္ဘူး။ သူဟာ တပ္ရင္းတပ္ဖြဲ႕မွာ တာဝန္ထမ္းေဆာင္ေနတာ ၁၆ ႏွစ္တိတိ ရွိၿပီ။ ကၽြန္ေတာ္နဲ႔ ဖုန္းအဆက္အသြယ္လည္း မရွိဘူး။ ကၽြန္ေတာ္နဲ႔ စာနဲ႔ အဆက္အသြယ္လည္း မရွိဘူး။ ေနာက္ၿပီး ကၽြန္ေတာ္နဲ႔ ေငြေရးေၾကးေရးအားျဖင့္လည္း ကၽြန္ေတာ္ကို ပံ့ပိုးတယ္။ ကၽြန္ေတာ္ဆီက ပံ့ပိုးတယ္။ အဲဒါလည္း မရွိဘူး အဲသလို ဆိုၿပီး ျငင္းဆိုခဲ့တယ္။”
ဦးဖိုးစံ၏ သားျဖစ္သူ ဗိုလ္မႉးေအာင္ျမင့္စိုးသည္ ျပန္တမ္းဝင္ အမွတ္ ၾကည္း(၄ဝ၇၉၉) ျဖစ္ၿပီး ၂ဝဝ၂ခုႏွစ္ကေန ၂ဝဝ၄ ခုႏွစ္အထိ စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္ (၄၇) မွာ တက္ေရာက္ခဲ့သူျဖစ္ေၾကာင္း၊ ၂ဝ၁၈ ခုႏွစ္က အမွတ္ (၇၃) သံခ်ပ္ကာ တပ္မဌာနခ်ဳပ္တြင္ တာဝန္ထမ္းေဆာင္ေနရာမွ ရကၡိဳင့္တပ္ေတာ္ (AA) သို႔ ေရာက္ရွိသြားခဲ့သည္ဟု သိရသည္။
ဦးဖိုးစံအေနျဖင့္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ထံသို႔ အယူခံတင္ရာတြင္လည္း အယူခံ တက္ေရာက္ခြင့္မရွိေတာ့ေၾကာင္း အေၾကာင္းျပန္ထားသည္ဟု သိရသည္။
“ ကၽြန္ေတာ္က ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ကို စာနဲ႔ အေၾကာင္းၾကားပါတယ္။ ကၽြန္ေတာ္ကို ဒီလိုတစ္ဖက္သတ္ စြပ္စြဲၿပီး မဟုတ္မမွန္ လုပ္ႀကံပီးရင္ ျပစ္မႈ ရွိတဲ့ အတြက္ ကိုယ္စားလွယ္ ေလာင္း အျဖစ္က ပယ္ဖ်က္တယ္ဆိုၿပီး အဲသလို ကၽြန္ေတာ္ကိုစာေပးလာတဲ့ အတြက္ ကၽြန္ေတာ္ကေတာ့ ျပည္ေထာင္စု ေရြးေကာက္ေကာ္မရွင္ကို ဆက္လက္ၿပီး စာတင္ထားပါတယ္။ လႊတ္ေတာ္ဆိုင္ရာ ဥပေဒနဲ႔ အညီ ဆက္လက္ၿပီး ေဆာင္ရြက္သြားဖို႔ အစီအစဥ္ရွိပါတယ္။ အသနားခံစာကို ၂၄ ရက္ ၈လ ၂ဝ၂ဝ ေန႔စြဲပါ စာနဲ႔ တင္တဲ့ ဥစၥာကို ရရွိတယ္။ ဆိုၿပီး အဲသလို ပါပါတယ္။ သို႔ေသာ္ အဲဒီ ကၽြန္ေတာ္ကို ခရိုင္ေရြးေကာက္ပြဲ ေကာ္မရွင္က အဖြဲ႕ခြဲက ကၽြန္ေတာ္ကို ေခၚယူၿပီး ေျပာတဲ့ေန႔မွာ အမိန္႔ခ်မွတ္တယ္ဆိုၿပီးစာမွာ ပါပါတယ္။ ျပည္နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲက သတ္မွတ္ကာလ အေတာအတြင္းမွာ အယူခံ တက္ေရာက္ခြင့္ မရွိေတာ့ ဘူးဆိုၿပီး ပါရွိပါတယ္ ခင္ဗ်ား” ဟု ဦးဖိုးစံက ေျပာဆိုသည္။
ေက်ာက္ျဖဴခရိုင္ ေကာ္မရွင္ အဖြဲ႕ခြဲ ဥကၠ႒ ဦးတင္ထြန္းထံသို႔ ဆက္သြယ္ရာ ေရြးေကာက္ပြဲ ကိုယ္စားလွယ္ေလာင္းအျဖစ္မွ ပယ္ဖ်က္ျခင္းမွာဟုတ္မွန္ေၾကာင္း၊ ဥပေဒအရ ၿငိစြန္းမႈရွိ၍ ပယ္ဖ်က္ျခင္း ျဖစ္ေၾကာင္း၊ အယူခံဝင္ထားသည္ဟု သိရေၾကာင္း ေျပာၾကားသည္။
---------------------------------
Unicode -
သားဖြစ်သူဗိုလ်မှူး AA ထဲကို ရောက်သွားသဖြင့် ဖခင်ဖြစ်သူလွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းက ပယ်ဖျက်ခံရ
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၃ဝ/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်ထားသူ ဦးဖိုးစံအား သူ၏ သားဖြစ်သူ ဗိုလ်မှူး အောင်မြင့်စိုးမှာ လွန်ခဲ့သည့် ၂ဝ၁၈ နှစ်က AA တပ်ထဲသို့ ရောက်ရှိသွားသဖြင့် လွှတ်တော် အမည်စာရင်း တင်သွင်းထားရာမှ ပယ်ဖျက်ခံရလိုက်ရကြောင်း သတင်းရရှိသည်။
လက်ရှိကျောက်ဖြူမြို့နယ် အမှတ်(၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံကို လွှတ်တော်အမည်စာရင်းတင်သွင်းခြင်းမှ ပယ်ဖျက်ကြောင်း အကြောင်းကြားလာသည်ဟု ပြောကြားသည်။
“ ၂ဝ၂ဝ ခုနှစ် သြဂုတ်လ ၂၇ ရက် နေ့စွဲနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ကျွန်တော်ကို လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်က ပယ်ဖျက်တယ်ဆိုပြီး အဲသလို စာရောက်လာပါတယ် ခင်ဗျား။ အဲဒီစာမှာ ဘာပါလာသလဲဆိုရင် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁ဝ (ဎ)နဲ့ ငြိစွန်းနေတယ်ဆိုတဲ့ အကြောင်းကို ပြည်ထဲရေးဝန်ကြီးဌာနမှ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကိုစာပို့တယ်။ အဲဒီစာ ကျွန်တော်ကို လာပေးခြင်း ဖြစ်ပါတယ်ခင်ဗျား” ဟု ဦးဖိုးစံက ပြောသည်။
ပုဒ်မ ၁ဝ(ဎ)ထဲတွင် နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသည့် သောင်းကျန်သူ အဖွဲ့အစည်းများ (သို့မဟုတ်) ယင်းအဖွဲ့ဝင်များနှင့် ဆက်သွယ်သည့် ခိုင်လုံသော သက်သေ အထောက်အထား ရှိသူ ဆိုပြီး ပါဝင်ကြောင်း၊ သို့အတွက် သူ့အား ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရာမှ ပယ်ဖျက်ခြင်း ဖြစ်သည်ဟု သိရကြောင်း၊ မိမိမှာ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းနှင့်ဆက်သွယ်မှု မရှိကြောင်း၊ အဲဒီကိစ္စကို ကော်မရှင်တွင်လည်း ငြင်းခဲ့ပြီးပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ အကြောင်းပြပြီး ဆုံးဖြတ်ချက်ခြင်းမှာ မတရားသလို ခံစားရကြောင်း ၎င်းက ဆက်ပြောသည်။
“ ကျွန်တော့်ကို ၂၂ ရက်၊ ၈ လ၊ ၂ဝ၂ဝ နေ့က ခရိုင်ကော်မရှင် အတွင်းရေးမှူး ခေါ်ပြီး ခရိုင်ကော်မရှင် အဖွဲ့ဝင်များရှေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စာပို့လာတယ်ဆိုပြီး အကြောင်းကြားပါတယ်။ အဲဒီ စာထဲမှာ ဘာပါသလဲဆိုတော့ ၂ဝ၁၈ ခုနှစ် မေလက နေပြီးရင် ဗိုလ်မှူးအောင်မြင့်စိုး၊ ဦးဖိုးစံရဲ့သားဟာ အမှတ် (၇၃) သံချပ်ကာ တပ်မ ဌာနချုပ်မှာ တာထမ်းဆောင်ရင်းနဲ့ ခွင့်မဲ့ပျက်ကွက်ပြီး ပျောက်ဆုံးသွားတယ်။ အဲဒါကို ပြည်ထဲရေး ဝန်ကြီးဌာနက ပြန်လည်လိုက်ပြီး စိစစ် ချက်အရ အေအေလက်နက်ကိုင် အဖွဲ့ကို ရောက်ရှိနေတယ်လို့ သိရှိရတယ်လို့ ပါတယ်။အဲဒါကြောင့်မို့ ကျွန်တော်ကို အဲဒီပုဒ်မနဲ့ ငြိစွန်းတယ်ဆိုပြီး စွပ်စွဲပါတယ်။”
သို့သော် အဆိုပါ စွပ်စွဲချက်ကို ကျောက်ဖြူခရိုင် ကော်မရှင်အဖွဲ့ခွဲရှေ့တွင် ငြင်းဆိုခဲ့သည်ဟု ဆိုသည်။
“ ကျွန်တော်က အဲဒီနေရာမှာပဲ သူတို့ရှေ့မှာဘဲ ပြန်ပြီး ခုခံ ချေပပါတယ်။ ကျွန်တော်နဲ့ ဘယ်လိုမှ ဆက်စပ်မှုမရှိဘူး။ ကျွန်တော်အိမ်ထောင်စုမှာ နေတာလည်း မဟုတ်ဘူး။ သူဟာ တပ်ရင်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတာ ၁၆ နှစ်တိတိ ရှိပြီ။ ကျွန်တော်နဲ့ ဖုန်းအဆက်အသွယ်လည်း မရှိဘူး။ ကျွန်တော်နဲ့ စာနဲ့ အဆက်အသွယ်လည်း မရှိဘူး။ နောက်ပြီး ကျွန်တော်နဲ့ ငွေရေးကြေးရေးအားဖြင့်လည်း ကျွန်တော်ကို ပံ့ပိုးတယ်။ ကျွန်တော်ဆီက ပံ့ပိုးတယ်။ အဲဒါလည်း မရှိဘူး အဲသလို ဆိုပြီး ငြင်းဆိုခဲ့တယ်။”
ဦးဖိုးစံ၏ သားဖြစ်သူ ဗိုလ်မှူးအောင်မြင့်စိုးသည် ပြန်တမ်းဝင် အမှတ် ကြည်း(၄ဝရ၉၉) ဖြစ်ပြီး ၂ဝဝ၂ခုနှစ်ကနေ ၂ဝဝ၄ ခုနှစ်အထိ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၄၇) မှာ တက်ရောက်ခဲ့သူဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ်က အမှတ် (၇၃) သံချပ်ကာ တပ်မဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေရာမှ ရက္ခိုင့်တပ်တော် (AA) သို့ ရောက်ရှိသွားခဲ့သည်ဟု သိရသည်။
ဦးဖိုးစံအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ အယူခံတင်ရာတွင်လည်း အယူခံ တက်ရောက်ခွင့်မရှိတော့ကြောင်း အကြောင်းပြန်ထားသည်ဟု သိရသည်။
“ ကျွန်တော်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို စာနဲ့ အကြောင်းကြားပါတယ်။ ကျွန်တော်ကို ဒီလိုတစ်ဖက်သတ် စွပ်စွဲပြီး မဟုတ်မမှန် လုပ်ကြံပီးရင် ပြစ်မှု ရှိတဲ့ အတွက် ကိုယ်စားလှယ် လောင်း အဖြစ်က ပယ်ဖျက်တယ်ဆိုပြီး အဲသလို ကျွန်တော်ကိုစာပေးလာတဲ့ အတွက် ကျွန်တော်ကတော့ ပြည်ထောင်စု ရွေးကောက်ကော်မရှင်ကို ဆက်လက်ပြီး စာတင်ထားပါတယ်။ လွှတ်တော်ဆိုင်ရာ ဥပဒေနဲ့ အညီ ဆက်လက်ပြီး ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်။ အသနားခံစာကို ၂၄ ရက် ၈လ ၂ဝ၂ဝ နေ့စွဲပါ စာနဲ့ တင်တဲ့ ဥစ္စာကို ရရှိတယ်။ ဆိုပြီး အဲသလို ပါပါတယ်။ သို့သော် အဲဒီ ကျွန်တော်ကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က အဖွဲ့ခွဲက ကျွန်တော်ကို ခေါ်ယူပြီး ပြောတဲ့နေ့မှာ အမိန့်ချမှတ်တယ်ဆိုပြီးစာမှာ ပါပါတယ်။ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက သတ်မှတ်ကာလ အတောအတွင်းမှာ အယူခံ တက်ရောက်ခွင့် မရှိတော့ ဘူးဆိုပြီး ပါရှိပါတယ် ခင်ဗျား” ဟု ဦးဖိုးစံက ပြောဆိုသည်။
ကျောက်ဖြူခရိုင် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ထွန်းထံသို့ ဆက်သွယ်ရာ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခြင်းမှာဟုတ်မှန်ကြောင်း၊ ဥပဒေအရ ငြိစွန်းမှုရှိ၍ ပယ်ဖျက်ခြင်း ဖြစ်ကြောင်း၊ အယူခံဝင်ထားသည်ဟု သိရကြောင်း ပြောကြားသည်။
No comments:
Post a Comment