Saturday, August 1, 2020

ရသေ့တောင်တွင် စစ်ပွဲကျန် အမြောက်ကျည်ပေါက်ကွဲ၍ တစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကပ်ချောင်းကျေးရွာတွင် ယနေ့ ညနေက စစ်ပွဲလက်ကျန် အမြောက်ကျည် တစ်လုံးပေါက်ကွဲရာမှ လူငယ်တစ်ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူလူငယ်မှာ မောင်နေမျိုးလင်း (၁၅) နှစ် (ဘ) ဦးဘခင် ခေါ် ဦးဆိတ်တောင်း ဖြစ်ကြောင်း သိရသည်။
ကျေးရွာ အရပ်လူကြီးတစ်ဦးက “ သူတို့ အိမ်နဘေးမှာ ဟိုအရင် ဇက်က ပစ်တဲ့အခါ ကျည်ဖူးတွေ မပေါက်ဘဲ ကျကျန်နေခဲ့တာရှိတယ်။ အဲဒီကျည်ဖူးကို သူတို့မြင်တဲ့ခါ ကောက်ကြည့်ပြီး လက်နဲ့ ပွေ့ချီပြီး ပွတ်ကစားရာကနေ မြေကြီးကိုကျပြီး ပေါက်ကွဲတာ ဖြစ်ပါတယ်။ မောင်နေမျိုးလင်းက ပွဲချင်းပီးသေပါတယ်။ နောက်ထပ် ကလေး ငါးဦးဒဏ်ရာရပါတယ်” ဟု ပြောသည်။
ဒဏ်ရာရသူများမှာ မောင် ဖြိုးငြိမ်းလင်း (၁၃) နှစ်၊ ဇော်မင်းထွန်း (၁၇) နှစ်၊ ဇော်နိုင် (၁၃) နှစ်၊ မျိုးနိုင်ဦး (၅) နှစ်နဲ့ နေတိုးလင်း (၁ဝ) နှစ်တို့ ဖြစ်ကြသည်။ ထိုအထဲမှ ဇော်မင်းထွန်းနှင့် မျိုးနိုင်ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း ၎င်းက ပြောကြားသည်။
ဖြစ်ပွားချိန်မှာ သြဂုတ် ၁ ရက် ညနေ ၄ နာရီ ခွဲတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ကပ်ချောင်းရွာတွင် စစ်ကျန်ဗုံးသီးကွဲရာမှ လူငယ် တစ်ယောက်သေဆုံးပြီး ၅ ယောက်ဒဏ်ရာရရှိသွားကြောင်း၊ ကျေးရွာသားများကို အဆက်အသွယ်လုပ်ရာမှ သိရှိရကြောင်း ပြောကြားသည်။

https://www.facebook.com/narinjara.info/posts/3453284408016945?__xts__%5B0%5D=68.ARBMroT0VE2j4b1oWj4NTafe0DXtsjFgWGybbz-S_Qnqal8oV6F89uuhaW3cop-XBbo0eP_xfl47srRtnGelNdvlyvJxxPygqXi4gITuuWRcyxVBMeAQnBu-H54wy3qvfsCTXjdK7jSvRvJYNnJFWQKGsZtjPxLJykLtAvraWMCEUhhu2JEKWq7jZ7_TYHwhroN9n2thL5DtzdMGI3zGyugHUZF9EQXPvz4OGwKz1Z_sOyKgPFC4zKaaC0HkWFoVD0uySbrJEvuqXAax8yQb2C-qVRaNRbEAX2TEp48ondYnZE6parpcODGx6PUBvaoqMfMsfdDceVMizOTchxBwCHRd9Q&__tn__=-R

No comments:

Post a Comment