Saturday, August 1, 2020

ကပ်ချောင်းကျေးရွာတွင် တိုက်ပွဲကျန်အမြောက်ကျည်ပေါက်ကွဲ၍ ဒဏ်ရာရရှိသူ ၅ ဦးအနက်၊ ၃ ဦး စစ်တွေဆေးရုံသို့ ရောက်ရှိ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကပ်ချောင်းကျေးရွာတွင် ယနေ့ ညနေက စစ်လက်ကျန် အမြောက်ကျည် တစ်လုံးပေါက်ကွဲရာမှ ဒဏ်ရာရရှိသူ ၅ ဦးအနက် ၃ ဦးမှာ စစ်တွေဆေးရုံသို့ ယနေ့ ညနေ ၇ နာရီခွဲခန့်က ရောက်ရှိလာကြောင်း သိရှိရသည်။
စစ်တွေဆေးရုံသို့ရောက်ရှိလာသူများမှာ ကိုကျော်မြင့်သန်း ၊ မောင်ဇော်နိုင်နှင့် မောင်မျိုးဦးတို့ ဖြစ်ကြောင်း သိရှိရသည်။ ကျန်နှစ်ဦးမှာ ရသေ့တောင်မြို့နယ်၊ ကူတောင်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။
ရသေ့တောင်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ စစ်တွေဆေးရုံးကို ရောက်လာတဲ့ ကလေး ၃ ဦးထဲက တစ်ယောက်က ဒဏ်ရာတော်တော့ကို ပြင်းထန်ပုံရတယ်။ သူ့မှာ မျက်လုံးနားမှာ တစ်ချက်ထိတယ်။ ဗိုက်မှာလည်း ဒဏ်ရာရသွားတယ်။ အသက်ရှူတာ နည်းနည်း အောင့်တယ်။ နောက်တစ်ယောက်မှာလည်း လက်ညိုတွေ၊ လက်သန်းတွေပါသွားတယ်။ နောက်တစ်ယောက်ကတော့ ဒဏ်ရာသိပ်မပြင်းဘူး ” ဟု ပြောသည်။
ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကပ်ချောင်းကျေးရွာတွင် ယနေ့ညနေ ၄ နာရီခွဲ အချိန်ခန့်က စစ်လက်နက် ကြွင်းကျန်ပစ္စည်းတစ်ခု ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

https://www.facebook.com/narinjara.info/posts/3453765771302142?__xts__%5B0%5D=68.ARAcsG5JS44KLRrv4K5IU6muqRrVRD25lsY-MZkmCZwlldNkR-1A7CDVacowZHdEPy-IGGz6YnvJxVwFWedhipAmZtdhxrzW3Ob54nmtLKb5xQvL5nhOHPV8K2NXF0-GYR_AiocvIenLF5vpOyXS8QNobH-djeuMQ64chvywsMu_pjCOTJxLby_ZCKVs4a6zcA0qdT46ypgQ9j8rYNrMdYi8lijhAPHVjzMN3c2hTyI9bWjWlyzDhT8b-_IsJ_fUdr34Q1oMqZz7pVigAKfZFy3stqr8qgRChwzg2z-MzurWpTTQVhc7vnDQqVLg7dhpK0ETQnypl7MGcqUX6c7S7dp8tQ&__tn__=-R

No comments:

Post a Comment