(၂၆)ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို video conferencing စနစ်ဖြင့် ကျင်းပ
နေပြည်တော် ဇူလိုင် ၁
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် ယနေ့နံနက် ၈ နာရီခွဲတွင် video conferencing ဖြင့် ကျင်းပသည့် (၂၆)ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
အစည်းအဝေးကို အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး ညှိနှိုင်းရေးမှူးဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး Ms. Junever M. Mahilum-West နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Chen Xiaodong တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ပြီး အစည်း အဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိ ကြီးများနှင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း ဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက် ခဲ့ကြသည်။

အစည်းအဝေး၌ အဆင့်မြင့်အရာရှိကြီးများက အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ လက်ရှိဖြစ်ပေါ်တိုးတက် မှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ နိုင်ငံ ရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု နယ်ပယ်များတွင် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် အာဆီယံ-တရုတ် မဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ အနာဂတ်အလား အလာတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ ခေါင်းစဉ် အောက်ရှိ အာဆီယံအပေါင်းသုံး၊ အရှေ့အာရှ ထိပ်သီး အစည်းအဝေးနှင့် အာဆီယံ ဒေသဆိုင်ရာဖိုရမ် ဘာသာရပ် ခေါင်းစဉ်ကို ဦးဆောင်ဆွေးနွေးရာတွင် တရုတ်အနေဖြင့် အာဆီယံ ဦးဆောင်သည့် ယန္တရားများနှင့် အာဆီယံ၏ အချက်အချာကျမှုတို့ကို ဆက်လက်ထောက်ခံသည့် အတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများအကြား ကိုဗစ်-၁၉ ကူးစက်ရောဂါ တိုက်ဖျက်ရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် အခြေအနေများ၊ အရှေ့အာရှ ထိပ်သီး အစည်းအဝေး၏ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ဆိုင်ရာ မနီလာလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများ၊ အရှေ့ အာရှထိပ်သီးအစည်းအဝေး ထူထောင်သည့် (၁၅)နှစ် မြောက်ဆိုင်ရာ ဟနွိုင်းကြေညာစာတမ်း ထုတ်ပြန်မည့် အခြေအနေများနှင့် အာဆီယံဒေသဆိုင်ရာဖိုရမ်၏ လုပ်ငန်း စဉ်များတွင် တရုတ်၏ ပူးပေါင်းပါဝင်မှုများ စသည်တို့ကို ထည့်သွင်းဆွေးနွေးသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက် ခဲ့ကြသည်။
No comments:
Post a Comment