အစိုးရနှင့် NCA- S EAO ကိုယ်စားလှယ်များ၏ ပဉ္စမအကြိမ် အလုပ်အဖွဲ့ အစည်းအဝေးကျင်းပ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုရာတွင် ထည့်သွင်းမည့် သဘောတူညီချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်း
ရန်ကုန် ဇူလိုင် ၂
အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို(ခ)ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေး အဖွဲ့ ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့တက်ရောက်ကြပြီး NCA - S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင် အထည်ဖော်မှု ဆိုင်ရာမူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်း၊ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင် များဖြစ်ကြသည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ် ကလူစေး၊ ကြာဆော်လမွန်၊ စောကျော်ညွန့်၊ နိုင်အောင်မငေး၊ ဒေါက်တာ စိုင်းဦးနှင့် ခွန်မြင့်ထွန်းတို့ တက်ရောက်ကြပြီး ကိုဗစ်-၁၉ ကြောင့် အစည်းအဝေးသို့ မတက်ရောက် နိုင်သည့် အဝေးရောက် ကိုယ်စားလှယ်များသည် Online Video Conferencing ဖြင့် တက်ရောက်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ၌ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ထည့်သွင်းချုပ်ဆိုမည့် သဘောတူ ညီချက်များ ရယူနိုင်ရန်အတွက် နှစ်ဖက် ညှိနှိုင်းရေး ကိုယ်စားလှယ်များ (၄)ကြိမ် တွေ့ဆုံ ညှိနှိုင်းခဲ့ကြပြီး ယနေ့အစည်းအဝေးသည် (၅)ကြိမ်မြောက် တွေ့ဆုံ ခြင်းဖြစ်ပါကြောင်း၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်ကိစ္စ၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုကိစ္စ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူကိစ္စ များကို ဆွေးနွေးခဲ့ကြရာတွင် သဘောတူညီချက် များစွာကို ရရှိခဲ့ပြီး ဖြစ်ပါကြောင်း။
ပြီးခဲ့သည့် စတုတ္ထအကြိမ် နှစ်ဖက် အလုပ်အဖွဲ့အစည်းအဝေးတွင် ဆက်လက် ဆွေးနွေး ညှိနှိုင်းရန် ကျန်ရှိ နေသည့် အချက်များနှင့် ပတ်သက်ပြီး နှစ်ဖက် သဘောထားများကိုလည်း ပွင့်ပွင့်လင်းလင်း ရှင်းလင်း ဆွေးနွေး ခဲ့ကြပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေး ဆောင်ရွက်နေရသည့် ကာလအတွင်း အကန့် အသတ်များ ရှိနေသော်လည်း ယခုကဲ့သို့ အစည်းအဝေးများ ကျင်းပပြုလုပ်ပြီး ရှေရှည် တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးအတွက်၊ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအတွက် ဆက်လက် ဖော်ဆောင်မည့် လမ်းညွှန်အခြေခံမူများ၊ သဘောတူ ညီချက်များ၊ ဖော်ထုတ်ရရှိနိုင်ရန်အတွက် နှစ်ဖက် ဆွေးနွေးဘက်များအကြား နားလည် မှုရှိရှိနှင့် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည့်အတွက် ဝမ်းသာ အားရပါကြောင်း။
ယနေ့ အစည်းအဝေးတွင်လည်း နှစ်ဖက်လိုလားချက်များကို တစ်ဖက်နှင့်တစ်ဖက် ယုံယုံကြည်ကြည် ဆွေးနွေး ညှိနှိုင်းကြပြီး ဦးစားပေးဖော်ဆောင်ရမည့် လုပ်ငန်းစဉ်များ သဘောတူ ညီချက်များကို ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း။
NCA ၏ အဓိက လုပ်ငန်းကဏ္ဍကြီး နှစ်ရပ်ဖြစ်သည့် နိုင်ငံရေး ဆွေးနွေးမှုပိုင်းနှင့် တပ်ပိုင်းဆိုင်ရာတို့ကို ဟန်ချက်ညီ အကောင်အထည်ဖော်ရန် လိုအပ်သည်ကို အားလုံး အသိပင် ဖြစ်ပါကြောင်း၊ တစ်ဖက်တွင် နိုင်ငံရေး ဆိုင်ရာ သဘောတူညီချက်များ ရယူနေသလို တစ်ဖက်တွင်လည်း လုံခြုံရေးဆိုင်ရာပြန်လည် ပေါင်းစည်း ရေးနှင့် ပတ်သက်၍ ၂၀၂၀ အလွန်တွင် မည်သို့ မည်ပုံ ဆွေးနွေးမည်၊ မည်ကဲ့သိုသောသူများနှင့် ဆွေးနွေးမည်ဆိုသည်ကို ဇွန် ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစိုးရနှင့် NCA-S EAO တို့၏ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး၊ ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် သဘောတူ ညီမှုများ ရရှိခဲ့ပါကြောင်း၊ အဆိုပါအစည်းအဝေးကြောင့် ၂ နှစ်နီးပါး မကျင်းပနိုင်ခဲ့သည့် JMC-U အစည်းအဝေးကို ဇူလိုင် ၇ ရက် နှင့် ၈ ရက်နေ့ များတွင် ပြန်လည် ကျင်းပနိုင် မည်ဖြစ်ပြီး အပစ်ရပ်ခိုင်မာရေး လုပ်ငန်းများကို ပိုမို ဆောင်ရွက် လာနိုင်မည်ဖြစ်ပါကြောင်း။
မိမိတို့အားလုံး လိုလား၊ လက်ခံထားကြသည်မှာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် အတွက် ဖြစ်ပါကြောင်း၊ တစ်ဖက်၏ လိုလားချက်၊ သဘောထားများကို တစ်ဖက်က နားလည်လက်ခံပြီး နှစ်ဖက် လက်ခံနိုင် သည့် ရလဒ်ကောင်းများရရှိစေရန် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ရည်မှန်း ထားသည့် အတိုင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဩဂုတ်လ ဒုတိယ ပတ်အတွင်းကျင်းပ၍ ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း(၃) ချုပ်ဆိုရန်နှင့် စာချုပ်တွင် အရေးပါ သည့် သဘောတူညီချက်များပါဝင် ချုပ်ဆိုနိုင်ရန်အတွက် မိမိတို့ ဆွေးနွေးဖက်များအကြား တာဝန်ရှိသလို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပါ ကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ NCA-S EAO ၏ NCA အကောင်အထည်ဖော်မှု ဆိုင်ရာမူဘောင် ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်းက ပြီးခဲ့သည့် နှစ်ဖက်ညှိနှိုင်း အစည်းအဝေးတွင် ချန်ထားခဲ့သည့် ဆက်လက် ညှိနှိုင်းရန် အချက် များကို ယနေ့ အစည်းအဝေးတွင် သဘောတူညီချက်ရရှိရန် ကြိုးပမ်းညှိနှိုင်း ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ မူအားဖြင့် သဘောတူထားသည့် အချက်များကို အပြီးသတ် သဘောတူညီမှု ရရှိရန် ဆက်လက် ကြိုးပမ်းညှိနှိုင်းကြမည် ဖြစ်ပါကြောင်း။
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ထည့်သွင်းချုပ်ဆိုကြမည့် အကြောင်းအရာများ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအခြေအနေအောက်တွင် ကျင်းပရ နိုင်ဖွယ်ရှိသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်း အဝေးကျင်းပရေးဆိုင်ရာ အခင်းအကျင်းများ၊ UPDJC အစည်း အဝေး၊ JICM အစည်းအဝေး ကျင်းပရေးကိစ္စများကို ပြီးခဲ့သည့် အစည်းအဝေးတွင် သဘောတူထားပြီးဖြစ်၍ အသေး စိတ်အချက်အလက်များကို ဆက်လက်ဆွေးနွေးသွားရန်လိုအပ်ပါကြောင်း။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို လာမည့်ဩဂုတ်လအတွင်း ကျင်းပရန် သဘောတူညီထားပြီးဖြစ်ကာ လျာထားသည့် အတိုင်း အချိန်မှီကျင်းပနိုင်ရေး ကြိုးပမ်း ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည့် နိုင်ငံရေး ပါတီများအတွက် ကြိုတင်ပြင်ဆင်ချိန် အလုံအလောက်ရရှိရေးကိုလည်း ထည့်သွင်းစဉ်းစား ရမည်ဖြစ် ကြောင်း၊ ညီလာခံကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာလ အခြေအနေအောက်တွင် ကျင်းပရ မည်ဖြစ်၍ ညီလာခံ အခင်းအကျင်းအား ပြောင်းလဲကျင်းပရန် ရှိသော်လည်း အားလုံးလက်ခံသည့် ညီလာခံရလဒ် ရရှိရေးအတွက် အစုအဖွဲ့အသီးသီး၊ အလွှာအသီး သီးက ကိုယ်စားလှယ်များ စုံစုံညီညီ တက်ရောက်နိုင်ရေး ကြိုးပမ်းစီစဉ် ဆောင်ရွက်သွားရန် လိုပါကြောင်း။
ယခုညှိနှိုင်းအစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးပါ အရာ ရောက်သည့် အစည်းအဝေး ဖြစ်သည်နှင့်အညီ အစည်းအဝေးရလဒ်ကို အားလုံးက စိတ်ဝင်တစား စောင့်ကြည်နေသည်ဖြစ်၍ ရလဒ် ကောင်း ရရှိရန် ကြိုးပမ်းရေးအတွက် မိမိတို့အားလုံးတွင် တာဝန်ရှိပါကြောင်း၊ အားလုံးကျေနပ် လက်ခံပြီး ပြီးပြည့်စုံသည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ရေး၊ ငြိမ်းချမ်းရေး ရှေ့လုပ် ငန်းစဉ်များ ချောချောမွေ့မွေ့ဖြင့် ရှေ့ဆက်ချီတက်သွားနိုင်ရေးအတွက် ယခုညှိနှိုင်း အစည်းအဝေးတွင် ဝိုင်းဝန်းကြိုးပမ်း ညှိနှိုင်းဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယနေ့ အစည်းအဝေးတွင် (၈) ကြိမ်မြောက် JICM အစည်း အဝေး ဆုံးဖြတ်ချက်များ အကောင်အထည် ဖော်ရေးအတွက် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့် လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ အခြေခံမူ သဘောတူ ညီချက်များ နှင့် အထွေထွေ ကိစ္စရပ်များ ကိုဆွေးနွေးခဲ့ကြသည်။
ယနေ့အစည်းအဝေးမှ ရရှိလာသည့် နှစ်ဖက် ဆွေးနွေးညှိနှိုင်းချက်များအား သီးခြားစီ အစုအဖွဲ့အလိုက် ပြန်လည် ဆွေးနွေးသုံးသပ်၍ ဇူလိုင် ၄ ရက်တွင် အစည်း အဝေးကို ပြန်လည်ကျင်းပကာ နှစ်ဖက်သဘော တူညီချက်များရယူ ညှိနှိုင်း သွားမည်ဖြစ် ကြောင်း သိရသည်။
No comments:
Post a Comment