အစိုးရနှင့် NCA-S EAOs မှ UPDJC ကိုယ်စားလှယ်များနှင့် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး
ရန်ကုန် ဇူလိုင် ၂၈
အစိုးရနှင့် NCA-S EAOs (NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ)မှ UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ) ကိုယ်စားလှယ်များနှင့် UPDJC နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ် များ၏ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) တွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် (၈)ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးကိစ္စ၊ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးမှုအခြေအနေ နှင့် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေမှုအခြေအနေများကို အစိုးရနှင့် NCA-S EAOs မှ ကိုယ်စားလှယ်များက ရှင်းလင်းတင်ပြပြီးနောက် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက သိရှိလို သည်များ မေးမြန်းပြီး အစိုးရနှင့် NCA-S EAOs မှ ကိုယ်စားလှယ်များက ပြန်လည် ရှင်းလင်း ဆွေးနွေး ခဲ့ကြသည်။
ယနေ့ ကျင်းပသည့် ဆွေးနွေးပွဲသို့ အစိုးရအစုအဖွဲ့မှ ဦးလှမောင်ရွှေ၊ ဦးပြုံးချိုနှင့် ဦးဇော်ဌေး၊ NCA-S EAOs အစုအဖွဲ့မှ ဦးမျိုးဝင်း၊ စောမြရာဇာလင်းနှင့် နိုင်အောင်မငေး၊ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ-မြန်မာ)၊ ဦးမြင့်စိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ တာလှဖေ (တအာင်း(ပလောင်)အမျိုးသားပါတီ)၊ ဦးသိန်းထွန်း (တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ)၊ ဦးအောင်ကြည်ညွန့် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ ဒေါက်တာအောင်မြတ်ဦး (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ ဦးသာထွန်းလှ (ရခိုင်အမျိုးသားပါတီ)၊ ဦးခွန်ထွန်းရွှေ (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ)၊ ဦးလီပေါ်ရဲ (လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ)၊ ဒေါ်ဒွဲဘူ(ကချင်ပြည်နယ်ပြည်သူ့ပါတီ)၊ နိုင်တလညီ(မွန်ညီညွတ်ရေးပါတီ)၊ ဒေါ်ရင်ရင်မေ (ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ)၊ ဦးစောထွန်းအောင်မြင့်(ကရင်ပြည်သူ့ပါတီ)၊ ဦးညီပလုပ် (‘ဝ’အမျိုးသားပါတီ)၊ စိုင်းနိုင်နိုင်ထွေး (ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ)၊ ဦးစိုင်းဌေးအောင် (တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုး တိုးတက် ရေးပါတီ)၊ ဒေါ်အေးသီတာမြင့် (လားဟူ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ)၊ ဦးစိုင်းအောင်မြင့်ခိုင် (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)၊ ဆလိုင်းဂျင်မီရီဇာဘွေး (ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)နှင့် ဦးထွန်းအောင် (အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ) တို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment