ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာတွင် ကျေးရွာသူ အသက် ၄၀ နှစ်အရွယ် နော်မူနော်ကို ဇူလိုင်လ ၁၆ ရက်နေ့ တပ်မတော်သား ၂ ဦးက ရွှေဆွဲကြိုးနှင့် ပစ္စည်းများ လုယက်ပြီး ပစ်ခတ်သတ်ဖြတ်မှုအတွက် တရားမျှတမှုရရှိရေး ၊ တပ်မတော်တပ်စခန်းများ ရုပ်သိမ်းရေးအတွက် ရွာပေါင်း ၁၁၄ ရွာမှ လူဦးရေ ၄၆၅၀ သည် တောင်သုံးလုံးမှ ကမမောင်းသို့ တောင်းဆိုမှုများဖြင့် ယနေ့ ချီတက်ဆန္ဒပြလျက်ရှိကြောင်း ကရင်အမျိုးသမီးအစည်းအရုံး၊ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်များက သတင်းထုတ်ပြန်သည်။
လူဦးရေ ၄၅၀၀ ကျော်ပါဝင်သော ဆန္ဒပြအဖွဲ့သည် ယနေ့ နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ တောင်သုံးလုံး မှ ကမမောင်း ၊ဖာပွန်အထိ ချီတက်ဆန္ဒပြလျက်ရှိကြောင်း အဆိုပါအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်
https://www.facebook.com/khitthitnews/posts/972298653207481?__xts__%5B0%5D=68.ARBYUUEPVQexJnb5w9NoOx6-1-lI406a_QXUXbg593vI67mwfdtGTHUBSdQHlM8MVbcV_781zl9S_k5gWEgMu9wS7xUgMINa3pU18gjKE_SxafSvBbSaKxx3wKAhunY5-1ovhcmValGJ6aMLlQoptjLG3dMek0g_k-m1HNcK6tycUYBoTy80Ad76dxjyXtsiRKkZqoKmS3RgslLQNY2uVroT9L0fn_HQynSa7dlK2XPDPuVv5cwKiUjgb6YK0M2I6sCMdD7sRPjHIQUN3DFjBY3fZutyffKW0IKQE-ErGoNjIKzS5-3hOx27RkRRQ3hRwqwWo-NpET8HXC-LNW6p_kc&__tn__=-R
No comments:
Post a Comment