ဒီနေ့ ဇူလိုင်လ ၃၀ ရက် မွန်းလွဲ ၄ နာရီခန့်က ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာမှာ မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ကလေးငယ် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
နေအိမ်ဘေးမှာ ကလေးငယ်တွေ ဆော့ကစားရာကနေ အိမ်ဘေးရှိ ရေတွင်းနားမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ၄ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
ရွာခံတစ်ဦးဖြစ်သူ ဦးအိုက်ချွင်းက “သူတို့က ဆော့နေကြတာ။ ဘယ်လိုကနေ ဘယ်လိုဖြစ်သွားလဲတော့ မသိဘူး။ အကုန်လုံးက ရွာလုပ်အားပေးသွားလုပ်ကြတော့ ဘယ်သူမှမရှိဘူး။ ပေါက်ကွဲတာကတော့ သူတို့ကိုင်မိလို့လား ပေါက်မိလို့လားတော့ မသိဘူး။ အဲနားမှာ ကလေးတွေပဲရှိတာ” လို့ ပြောပါတယ်။
မိုင်းထိပြီး ဒဏ်ရာရခဲ့တဲ့ ကိန်(၄ နှစ်)နဲ့ အီလောင် (၂ နှစ်)တို့ ၂ ဦးဟာ ဒဏ်ရာမပြင်းထန်တာကြောင့် ရွာမှာပဲ ကုသမှု ခံယူနေပြီး မကိန်ခမ်း(၅ နှစ်)ဟာ ဒဏ်ရာ အပြင်းအထန်ရရှိပြီး ကွတ်ခိုင်ပြည်သူ့ဆေးရုံမှာပဲ ဆေးကုသမှု ခံယူနေပါတယ်။
ကျန်တဲ့ ကျော်ထွန်း(၇ နှစ်) အေးလောင်(၈ နှစ်)နဲ့ အောင်နိုင်(၅ နှစ်)တို့လည်း ဒဏ်ရာပြင်းထန်တာကြောင့် လားရှိုးဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က တပ်မတော် တပ်မ(၉၉)၊ ခလရ (၄၁၉) တပ်သားတွေဟာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အိမ်မှာ လာရောက်တည်းခိုခဲ့တာရှိသလို ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ရွာခံတစ်ဦး ဆိုပါတယ်။
https://web.facebook.com/shwepheemyaynews/posts/752047122278088?__xts__%5B0%5D=68.ARBnBpfV4y2RkVkHV_LNK1DEQiOLbKfbCHJyf23TRyDXgPq-OcYaIgWa7WoRJyj-b7wb_WLJ5ZWH4p4GtX7Qfx5p9pyYec1w8GxWseurjJVKi_sYXcSPm0HktcuZTpoq8OIb0pjCIu4pSFMZHQDmE06_eAuY3gD_uum3w6otX2xAVPXZ8uw4hY2FUyeh_zT0HtapZbwJkcO5TSgmnlc23LfGo_OS6oXW_ugUIB5CxdZHkyUjXlMaRbzGQUrGimD2XkIFaZTqwh6RvE8Ut4I04JruIAF09jshnALkCqMTy6rNhG8Z26XTYMeKWr5ohAI380reW3E9GiEaQrS5csCVmVI&__tn__=-R
No comments:
Post a Comment