Thursday, July 30, 2020

မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့အထဲက (၅)နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံး

ဒီနေ့ ဇူလိုင်လ ၃၀ ရက် မွန်းလွဲ ၄ နာရီခန့်က ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာမှာ မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ် ၆ ဦးထဲက ၁ ဦး သေဆုံးသွားကြောင်း သိရပါတယ်။
နေအိမ်ဘေးမှာ ကလေးငယ်တွေ ဆော့ကစားရာကနေ အိမ်ဘေးရှိ ရေတွင်းနားမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ကလေးငယ်တွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပဲဖြစ်ပါတယ်။
မိုင်းထိပြီး ဒဏ်ရာအပြင်းအထန် ရခဲ့တဲ့ မကိန်ခမ်း(၅ နှစ်)ဟာ ဒီနေ့ည ၉ နာရီ ၄ဝ မိနစ်မှာ ဆုံးသွားတာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ကလေးရဲ့ မိဘတွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာနေထိုင်ပြီး ကလေးငယ်ဟာ အဖိုးဖြစ်သူနဲ့ နေထိုင်တယ်လို့ သိရပါတယ်။
ဒဏ်ရာမပြင်းထန်တဲ့ ကိန်(၄ နှစ်)နဲ့ အီလောင် (၂ နှစ်)တို့ ၂ ဦးဟာ ရွာမှာပဲ ကုသမှု ခံယူနေပါတယ်။
ကျန်တဲ့ ကျော်ထွန်း(၇ နှစ်) အေးလောင်(၈ နှစ်)နဲ့ အောင်နိုင်(၅ နှစ်)တို့ကလည်း ဒဏ်ရာပြင်းထန်တာကြောင့် လားရှိုးဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က တပ်မတော် တပ်မ(၉၉)၊ ခလရ(၄၁၉) တပ်သားတွေဟာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အိမ်မှာ လာရောက်တည်းခိုခဲ့တာရှိသလို ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ရွာခံတစ်ဦး ​ဆိုပါတယ်။

https://web.facebook.com/shwepheemyaynews/photos/a.451237879025682/752137025602431/?type=3&__xts__%5B0%5D=68.ARBZBmeZr67ws8VwCsone08ZDTuwFJ5infTV5GcVAkqzQTqO0A3pvO0OKKkwnzr1uNC7yX_R3THhuW3QKd_4w0sSH-P737Q2bA4Y8tuB-6tKs7CG6bJ8EcGMO-wLc1OP1pccejmH42AsDoJWg0yBTg_lucFebkknupozBewYc0llF0_CVytELncto1NqHJ7pIiv3NOF3uVZImeshX8tSwumGMEyJ34eZ9aS564-UhE5ugQJ7mtoo4VAzrconLYS8qekXb5N1uVX-98kdl068bYve7a2Ifx9o31v8eJ3AivFSAgRDviZP8pcQchN3JZdamiv7R1-c6DOCg1l_YyEoFzg&__tn__=-R

No comments:

Post a Comment