Thursday, July 30, 2020

ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ IDP စခန်းနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ IDP စခန်းနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော်  ဇူလိုင် ၃၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနသည် IDP စခန်းများနှင့် တိုက်ပွဲ ရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား ခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန် ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကချင်ပြည်နယ် ကာမိုင်း မြို့နယ်ရှိ ကာမိုင်း လိုင်နှောင်း နှစ်ခြင်း IDP စခန်း၊ ဖားကန့်မြို့နယ်ရှိ လဝါး RC နှင့် နန့်စီးအင်ထွယ်ဆန်ယန် ယာယီတိုက်ပွဲရှောင်စခန်း နှစ်ခု၊ မိုးကောင်းမြို့နယ်ရှိ ကံလှဧမာနွေလ ယာယီတိုက်ပွဲရှောင် စခန်းများသို့ သွားရောက်၍ ထုံးအိတ် ၄၀ ၊ ဆပ်ပြာ ၄၂၇ ခဲနှင့် ဗီနိုင်းလေးချပ်တို့အား သွားရောက်ထောက်ပံ့ခဲ့သည်။
အလားတူ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ထမ္မရာဇ် ကွက်သစ် စေတီတောင်ရွာဟောင်း ဘုန်းတော်ကြီးကျောင်း၊ ရှော်မယ် (အမက)ကျောင်း၊ တင်းထိန်ကန် ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ပီပင်ရင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ တောင်မြင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ စင်းဘော ကိုင်းကျေးရွာ၊ ရွာသစ်ကေ ဘုန်းတော် ကြီးကျောင်း၊ ဝက်လှကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ တိန်ညို တိုက်ပွဲရှောင်စခန်း၊ ပြလှကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ နကန် ကျေးရွာ(အရှေ့) ဘုန်းတော်ကြီး ကျောင်း၊ ပုဇွန်ဖေကျေးရွာ၊ ကုလား ချောင်း ဘုန်းတော်ကြီးကျောင်း၊ ရွှေထီးဆောင်း ဘုန်းတော်ကြီး ကျောင်းနှင့် မြေပုံမြို့နယ်ရှိ ကျီးခေါင်း တောင်ကျေးရွာ၊ တောင်ကြီးရင်း ကျေးရွာ၊ ကုန်ဘောင်ကျေးရွာ၊ ရေရှင်ကျေးရွာ၊ ရက်ချောင်းကျေးရွာ၊ ပြားသုန်းကျေးရွာ၊ မြို့နယ်ခန်းမ၊ ပင်ကပ်တောင် မော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဝိဇိတာ ရာမဘုန်းတော်ကြီးကျောင်း၊ ရွာသစ် ရပ်ကွက် ဘောလုံးကွင်း၊ ပြည်ခြား ကျေးရွာ၊ ဈေးဟောင်းရပ်ကွက် အ.မ.က ကျောင်း၊ သဲတန်း အ.ထ.က (၂) စာသင်ကျောင်း၊ ငန်းတောင် ကျေးရွာ၊ ပေါက်တူးတောင်ကျေးရွာ၊ စက်ခွေကျေးရွာ၊ သပြေတောကျေးရွာ၊ သရက်တောင်ကျေးရွာနှင့် တောင်ပေါ် IDPs စခန်း စုစုပေါင်း ယာယီ တိုက်ပွဲရှောင်စခန်း ၃၄ ခုသို့ သွားရောက်၍ ဆပ်ပြာတောင့် ၁၈၈၆၀ နှင့် ထုံးအိတ် ၃၄၀ တို့အား သွားရောက် ထောက်ပံ့ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး နှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင် အသိပညာပေးလုပ်ငန်း များ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်း များနှင့် စိတ်ဓာတ်ရေးရာမြှင့်တင် ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment