ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ဒညင်းသီးသွားခူးစဉ် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သူ တစ်ဦး၏ အလောင်းကို သွားရောက်သွားယူစဉ် မိုင်းထပ်မံနင်းမိပြီး တစ်ဦးထပ်မံ သေဆုံးကာ တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ ဂျိတ်ချောင်းကျေးရွာမှာ ဦးမောင်တင်သည် နံနက် ၇ နာရီခန့်တွင် ဒညင်းသီးခူးရင် ထွက်သွားပြီး ၂ နာရီခန့်တွင် ပေါက်ကွဲသံတစ်ခုကြားခဲ့ရကြောင်း၊ ဦးမောင်တင်ပြန်မလာ၍ ဇူလိုင်လ ၃၀ ရက်နေ့ မိသားစုဝင်များနှင့် ရွာသားများ လိုက်ရှာရာ ဒညင်းသီးပင်အောက်တွင် မိုင်းနင်းမိပြီး သေဆုံးနေသည်ကို တွေ့ရကြောင်း၊ အလောင်းကို သယ်ယူရန်အတွက် ပြင်ဆင်နေစဉ် မိုင်းထပ်မံ နင်းမိပြီး ဦးစူပါချေ ခြေနှစ်ဖက်ပြတ်ပြီး ဦးဆန်းဝင်းမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ခြေနှစ်ဖက်ပြတ်သူ ဦးစူပါချေသည် သွေးလွန်၍ သေဆုံးသွားခဲ့ပြီး ဦးဆန်းဝင်းမှာ တပ်မတော်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
"ဒီနေ့ ဦးမောင်တင် နဲ့ ဦးစူပါချေကလည်း သဂြိုလ်မယ်။ ဦးဆန်းဝင်းကတော့ တပ်မတော်ဆေးရုံမှာလို့ သိရပါတယ်" ဟု အမ်းမြို့နယ်မှ ကိုမျိုးလွင်က ပြောဆိုသည်။
မြေမြှုပ်မိုင်းများရှိနေခြင်းနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိခြင်းကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်မှုများရှိနေပြီး မလုံခြုံမှု ခံစားနေရကြောင်း ကိုမျိုးလွင်က ပြောဆိုသည်။
မိုင်းနင်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ အမ်းမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းရန် ဖုန်းဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။
https://web.facebook.com/khitthitnews/photos/a.386800725090613/974569812980365/?type=3&__xts__%5B0%5D=68.ARBideGhlZM0L9uFTxzNM2fqSfjbdnjJgDP3WfCkBaKkWtDp0gUvLVBlNNtHDpHahU5Yw2xEl3Rqy9fEGwRJ6aJXVS1XtgfV9wxUBdkNsqhcZ9Mi7NRoB9bN4lQYuh63iGa4-Qfb6EZwTaKffYcBkaUsioISSWyrc5FRhFOS07cTbjYzdLYpnGnrS_m_TZFKAEYo3h27nnTCKjfz8rwNwbWkln_wzMR_E-13bXYvw-iG8v5Uq1uhxOU5owg64h4k4SZ8-8LodrMwJ6lMIfOgdcQ8zzcHiyzE3VvZhx4wZRQktroedijajU70N4EUAI5VhQjQk-MC62DerXwBCWqTBXk&__tn__=-R
No comments:
Post a Comment