Tuesday, July 28, 2020

ကျောင်းကုန်းကျေးရွာမှာ ဗုံးပေါက်ကွဲ၊ ဒေသခံတစ်ဦး ပွဲချင်းပြီးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောင်းကုန်းကျေးရွာခံ ဦးချစ်မောင်(၅၉ နှစ်)ဟာ ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်မှာ တောင်ယာထဲကိုသွားရင်း မိုင်းဗုံးထိမိပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
ပြောင်းခြံမှာ အလုပ်သွားလုပ်ရင်း ဗုံးကိုကိုင်မိပြီး ပေါက်ကွဲခဲ့ရာ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းကနေတစ်ဆင့် သိရပါတယ်။
ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးနေအောင်က “ပြောင်းခြံမှာ အလုပ်သွားလုပ်တယ်။ သူ့အမျိုးသမီးက ဗုံးကိုတွေ့တယ်။ သူ့အမျိုးသားကို သူက ပြောလိုက်တယ်။ အမျိုးသားဖြစ်တဲ့သူက လက်ထဲမှာကိုင်ကြည့်ပြီး ဓားနဲ့ခေါက်ကြည့်လိုက်တော့ လက်ထဲမှာ ကွဲသွားတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
“ကျွန်တော်တို့ ရောက်သွားတဲ့အခါမှာ လူနာက သေဆုံးသွားပြီ။ ထိတဲ့ဒဏ်ရာက ဆယ်နေရာ။ လည်ပင်းမှာသုံးနေရာ၊ မျက်ခုံးအထက်မှာ တစ်နေရာတွေ့ထားတယ်။ ပြောင်းဖူးခြံနဲ့ သူတို့ကျေးရွာနဲ့ဆိုရင် တစ်မိုင်ခွဲလောက်တော့ဝေးမယ် ဖြစ်တဲ့နေရာမှာပေါ့” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။
ဗုံးပေါက်ကွဲပြီး သေဆုံးသွားတဲ့ အသက်(၅၉)နှစ်အရွယ် ဦးချစ်မောင်မှာ သားတစ်ယောက် ရှိပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့နေရာမှာ မပေါက်ကွဲသေးတဲ့ မိုင်းဗုံးတစ်လုံး ရှိနေသေးတယ်လို့လည်း သိရပါတယ်။

https://www.facebook.com/shwepheemyaynews/posts/750523712430429?__xts__%5B0%5D=68.ARAS8P9a8j49T8XtPlfe3RAhXJ8gH4p64vpET0K5k5LHSUlJpnc_-icsO5bkXPIsbh5KxZwHwQF5o2h4HkauYfC7IB6j9L_ulxYMu5eXs8O08C_U-qyfxLV2xvyerxS00ixGGrjBU4HkZFB6CEr58btblsdBphjyLE2RyMWVtHnc9BleWrLMUI5OkrEXQ90M9nkXgfUEHzU6pJ5Vx_u34mK-HuR_Vkwlp89MLBN-dmEqrWJCEAwXHR7iChpauOXum9Sywd6Pj7hyDVUJMJAROP1TXw_DXTcfcPiMQEQxlxewr3qzzjyCKIPBoGGA4QfzBlifXD_7iZZy5AovskoPcBo&__tn__=-R

No comments:

Post a Comment