Thursday, July 30, 2020

ချင်းလူငယ် ၄ဦးကို AAက ဖမ်းဆီးသွားကြောင်း သတင်းထွက်နေ

ချင်းလူငယ် ၄ဦးကို AAက ဖမ်းဆီးသွားကြောင်း သတင်းထွက်နေ
ဇူလိုင် ၃၀ --
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ပြန်လာသည့် ချင်းလူငယ်ကိုအောင်စိုးနှင့်အပေါင်းအပါ၄ဦးအား ကျောက်တော်မြို့နယ် ငသရိုင်းကျေးရွာတွင် AA လက်နက်ကိုင်အဖွဲ့မှ ဇူလိုင် ၂၉ရက်နေ့က ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။
"ပလက်ဝကို ပြန်လာတဲ့ လူငယ် ၄ယောက်ကို ဖမ်းသွားတာလို့ သိရတယ်။ တစ်ခုခုပို သိရရင် အကြောင်းကြားမှာပါ" ဟု ပလက်ဝရှိ ဒေသခံလူငယ်တစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
အဆိုပါသတင်းအား ခရီးအတူသွားသူများထံမှတဆင့်ကြားသိရခြင်းဖြစ်ပြီး၊ ဖမ်းဆီးခံရခြင်း အကြောင်းအရင်းအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း ၎င်းက ပြောသည်။

https://www.facebook.com/khumimediagroup/posts/3433890453322213?__cft__[0]=AZVIKFZsYiT3L-xDLxQpK9OuIkDfFhlaT4WEVRNpwQWSKi1ja43mAJnnr2RfBm60es0Vk-hzvbJQ36NJM-hoHyH8wuSBaGCDoIjH6AizMwfADMc8Ks-mzAkO92ZyqNTx5bK8AVWFgiUKZix43tauaYBaawhkvVabFQQRHccoDzeIiQ&__tn__=%2CO%2CP-R

No comments:

Post a Comment