Wednesday, July 1, 2020

AA အကြမ်းဖက်သောင်းကျန်းသူများက သပြုချိုင်ကျွန်း၊ လောင်းချောင်းကျေးရွာ၌ ပုစွန်ကန်စောင့် အလုပ်လုပ်ကိုင်နေသည့် စစ်မှုထမ်းဟောင်း ၁ ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်

AA အကြမ်းဖက်သောင်းကျန်းသူများက သပြုချိုင်ကျွန်း၊ လောင်းချောင်းကျေးရွာ၌ ပုစွန်ကန်စောင့် အလုပ်လုပ်ကိုင်နေသည့် စစ်မှုထမ်းဟောင်း ၁ ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်

နေပြည်တော် ဇူလိုင် ၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သပြုချိုင်ကျွန်း၊ လောင်းချောင်းကျေးရွာ၌ ပုစွန်ကန်စောင့် အလုပ်လုပ်ကိုင်နေသည့် စစ်မှုထမ်းဟောင်းတစ်ဦးအား ဇွန် ၂၄ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက ဝိုင်းဝန်းရိုက်နှက် ၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသတင်းထုတ်ပြန်ချက်တွင် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည့် ဦးသန်းလင်း အသက် ၄၄ နှစ်သည် လောင်းချောင်းကျေးရွာရှိ ဦးထွန်း နိုင်လင်း ပိုင်ဆိုင်သည့် ပုစွန်ကန်၌ ကန်စောင့်အလုပ်လုပ်ကိုင်နေစဉ် ဇွန် ၂၄ ရက် နံနက် ၁၀ နာရီခန့်တွင် အဆိုပါကျေးရွာမှ ဦးသိန်းဝင်း၊ မောင်မောင် ချေတို့အပါအဝင် AA အကြမ်းဖက်သောင်းကျန်းသူ ၇ ဦးခန့် ရောက်ရှိလာပြီး ဦးသန်းလင်းအား ဝိုင်းဝန်းရိုက်နှက်၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း။
AA အကြမ်းဖက်သောင်းကျန်းသူများ ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးခြင်း ခံရသည့် ဦးသန်းလင်းသည် ၂၀၀၁ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူ ထားသူဖြစ်ပြီး အမ်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်တွင် ဇနီးဖြစ်သူနှင့် အတူ နေထိုင်ကာ ပုစွန်ကန်စောင့်သည့် အလုပ်အား ရိုးသားစွာလုပ်ကိုင်နေထိုင်သူ တစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျေးရွာများအတွင်း အရပ်သားအသွင်ဖြင့် ရောနှောနေထိုင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လှုပ်ရှား သွားလာမှုများကို စောင့်ကြည့်၍ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ၎င်းတို့ အဖွဲ့အား ထောက်ခံအားပေးမှု မရှိသည့် ရွာသူ၊ ရွာသားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသတွင်းအေးချမ်းစွာ အလုပ်လုပ်ကိုင်လျက်ရှိသည့် စစ်မှုထမ်းဟောင်း များနှင့် ရဲမှုထမ်းဟောင်းများကို အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း။
အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ဦးသန်းလင်းအား ပြန်လည် ရရှိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ‌ ထုတ်ပြန်ချက်တွင် ဖော်ပြပါ ရှိသည်။
https://www.moi.gov.mm/?q=node/37585

No comments:

Post a Comment