ရခိုင်ပြည်နယ်ရှိ ယာယီတိုက်ပွဲရှောင်နေရာများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
နေပြည်တော် ဇူလိုင် ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်း နေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာ ယနေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ဝရကျွန်းရွာ၊ ဆေးအိုးကျရွာ၊ ခွဆုံရွာ၊ သိန်းတန်ရွာ၊ စက်ခေါ်ရွာ၊ သံခြေရွာ စုစုပေါင်း ယာယီ တိုက်ပွဲရှောင်နေရာ ခြောက်နေရာသို့ သွားရောက်၍ ဆပ်ပြာ ၃၁၈၁ တောင့်နှင့် ထုံး ၃၄ အိတ်တို့ကို ထောက်ပံ့ခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့် ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေး နှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment