Tuesday, June 30, 2020

စစ်တွေမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဦးမောင်မောင်သန်း ဓားထိုးခံရပြီး ကွယ်လွန်

စစ်တွေမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဦးမောင်မောင်သန်း ဓားထိုးခံရပြီး ကွယ်လွန်

ရန်ကုန်၊ ဇွန် ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်း(ဘ)ဦးမောင်ကြာအောင်သည် ဇွန် ၂၉ ရက် ည ၈ နာရီ ၅ မိနစ်ခန့်တွင် ဓားထိုးခံရပြီး ကွယ်လွန်သွားကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်နှင့်ဒေသခံများထံမှ သိရှိရသည်။

စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ အကွက်(၃)၊ မဏိပူရလမ်းရှိ ၎င်း၏ နေအိမ်သို့ လာရောက်စဉ် နေအိမ်အဝင်ဝ၌ အသင့်စောင့်ဆိုင်းနေသည့် အမည်မသိ အမျိုးသား ၂ ဦးက အသင့်ပါလာသော သံတုတ်၊ ဓားမြှောင်တို့ဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်း၏ ဝမ်းဗိုက်ဝဲဘက်တွင် ထိုးသွင်းဒဏ်ရာ ၄ ချက်၊ ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဝဲဘက်နံဘေးတွင် ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ကြောင်း ၊ ရရှိသော ဒဏ်ရာများဖြင့်ပင် ရဲတပ်ကြပ်ကြီး မောင်မောင်သန်းသည် ယင်းနေ့ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် သေဆုံးခဲ့ကြောင်းနှင့် သေဆုံးမှုနှင့်ပတ်သက်၍ တရားခံအား ဖမ်းဆီးရမိရေး စစ်တွေမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

https://www.facebook.com/khitthitnews/photos/a.386800725090613/952050041899009/?type=3&__tn__=-R

No comments:

Post a Comment