Tuesday, June 30, 2020

တောင်ကုတ်တွင် မိုင်းထောင်ရင်း သေဆုံးသူ ၄ ဦးမှာ AA အဖွဲ့ဝင်များဟုဆို

တောင်ကုတ်တွင် မိုင်းထောင်ရင်း သေဆုံးသူ ၄ ဦးမှာ AA အဖွဲ့ဝင်များဟုဆို

ရန်ကုန်၊ ဇွန် ၃ဝ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း ဇွန်လ ၂၉ရက်နေ့ ည ၁၁နာရီခန့်တွင် တောင်ကုတ်မြို့နှင့် ၁၂မိုင်အကွာ တရဘကျေးရွာအနီး AAအဖွဲ့ဝင် ၄ ဦးက မိုင်းထောင်ရန် ပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားကာ ၄ဦးလုံးသေဆုံးကြောင်း တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသန်းနိုင်ကပြောဆိုသည်။

“ အကြမ်းဖက်အဖွဲ့တွေက မိုင်းထောင်ဖို့လုပ်ရင်းနဲ့ သူတို့ဟာသူတို့ မိုင်းကွဲပြီးသေတာပါခင်ဗျ။ ပြည်သူလူထုသေတာ မဟုတ်ပါဘူး။ မိုင်းထောင်တဲ့ အကြမ်းဖက်အဖွဲ့ပဲ သေသွားတာပါ။ သူတို့တွေက ဘယ်မြို့နယ်တွေကလည်းဆိုတာ လောလောဆယ်တော့ မသိရသေးဘူး။ ကျွန်တော်တို့ သူတို့ကို စစ်ဆေးဖော်ထုတ်ဖို့ လုပ်နေတုန်းပါပဲ။ ဒေသခံတွေ မဟုတ်တဲ့အတွက် သူတို့ကို မသိဘူး။ လောလောဆယ် ကျောက်ဖြူကလို့တော့ အကြမ်းဖျင်းသိရပါတယ်။ တပ်မတော်နဲ့လည်း ပူးပေါင်းရမယ်။ အားလုံးပြည်သူနဲ့လည်း ပူးပေါင်းရမှာပေါ့။ စစ်ဆေးဖော်ထုတ်ရမှာပေါ့။ ဘယ်သူတွေ ဒီလိုလုပ်တယ်ဆိုတာသိအောင် တောင်ကုတ် ဒီဘက်ကို လာပြီးတော့ ဖောက်ကွဲမှုတွေ လုပ်နေတာ ဘယ်သူတွေလဲလို့ ကျွန်တော်တို့ ဖော်ထုတ်မှုတွေ လုပ်နေပါတယ်။ AA ဟုတ်မှာပေါ့။ သေချာတာပေါ့။ သူတို့ပဲရှိတာကို” ဟု ၎င်းကပြောဆိုသည်။

ထို့ပြင် တောင်ကုတ်မြို့နယ် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်ကလည်း သေဆုံးသူ ၄ ဦးမှာ အမျိုးသားများဖြစ်ပြီး မည်သည့်မြို့နယ်တွင် နေထိုင်သူများဖြစ်သည်ကို မသိရှိရသေးကြောင်း ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် လက်ရှိ တည်ဆဲဥပဒေများအရ AA တပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် များနှင့် ဆက်သွယ်၍ မိုင်းထောင်ရင်း သေဆုံးသွားသူများမှာ AA အဖွဲ့ဝင်များ ဖြစ်သည်ဆိုသော ပြောဆိုချက်အပေါ် မှန်ကန်မှု ရှိ၊ မရှိ အတည်ပြုနိုင်ရန် အခြေအနေမရှိပါ။

Photo Credit - Facebook

https://www.facebook.com/khitthitnews/photos/a.386800725090613/952065275230819/?type=3&__tn__=-R

No comments:

Post a Comment