ပလက်ဝဒေသခံများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများ သယ်ဆောင်လာသည့် လုပ်ငန်းယာဉ်များနှင့် WFP မှ မော်တော်ယာဉ်များအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က နှောင့်ယှက်
ပစ်ခတ်ဟု တပ်မတော် ထုတ်ပြန်
------------- ----------------
ချင်းပြည်နယ်၊ ပလက်ဝဒေသရှိ ဒေသခံပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် WFP မှ ထောက် ပံ့သောရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်မှ ထောက်ပံ့လှူဒါန်းသောစားသောက်ဖွယ် ရာပစ္စည်းများအား ရာသီဥတုဆိုးရွားမှုကြောင့် လမ်းပျက်စီးမှုများနှင့် AA အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက်ဟန့်တားမှုများကြားမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုများဖြင့် ဆက်လက်ပို့ဆောင်ခဲ့ရာ ဧပြီ ၂၈ ရက်တွင် ပလက်ဝမြို့သို့ရောက်ရှိခဲ့ကြောင်း၊ ဧပြီ ၂၉ ရက်တွင် တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသော ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများကို ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး ၂၉ ရက်ညနေပိုင်းတွင် ဆက်လက်ပို့ဆောင်ခဲ့သည်။
ပစ်ခတ်ဟု တပ်မတော် ထုတ်ပြန်
------------- ----------------
ချင်းပြည်နယ်၊ ပလက်ဝဒေသရှိ ဒေသခံပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် WFP မှ ထောက် ပံ့သောရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်မှ ထောက်ပံ့လှူဒါန်းသောစားသောက်ဖွယ် ရာပစ္စည်းများအား ရာသီဥတုဆိုးရွားမှုကြောင့် လမ်းပျက်စီးမှုများနှင့် AA အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက်ဟန့်တားမှုများကြားမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုများဖြင့် ဆက်လက်ပို့ဆောင်ခဲ့ရာ ဧပြီ ၂၈ ရက်တွင် ပလက်ဝမြို့သို့ရောက်ရှိခဲ့ကြောင်း၊ ဧပြီ ၂၉ ရက်တွင် တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသော ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများကို ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး ၂၉ ရက်ညနေပိုင်းတွင် ဆက်လက်ပို့ဆောင်ခဲ့သည်။
ထိုသို့ ပို့ဆောင်ရာတွင် လမ်းကြောင်းအခြေအနေနှင့် လုံခြုံရေးအခြေအနေအရ လုပ်ငန်းယာဉ် ၃၁ စီးက ရှေ့မှစတင်ထွက်ခွာခဲ့ပြီး WFP မှ ၆ ဘီးယာဉ် ၅ စီးက နောက်မှ ကပ်လျက်လိုက်ပါကာ ယာဉ်ပေါ်လိုက်လုံခြုံရေးအဖွဲ့များ၊ လမ်းလုံခြုံရေးအဖွဲ့များဖြင့် စနစ်တကျလုံခြုံရေးဆောင်ရွက်၍ ထွက်ခွာခဲ့သည်။ ယင်းသို့ထွက်ခွာခဲ့ရာ ဆမီး၏ အနောက်ဘက် မီတာ ၁၀၀၀၀ ခန့် အကွာသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်း သူများကနောက်မှလိုက်ပါလာသည့် WFP မှမော်တော်ယာဉ်များကိုသာ ဦးတည်ပစ်မှတ်ထား ရွေးချယ်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် လမ်းလုံခြုံရေးဆောင်ရွက်နေသည့်အဖွဲ့များနှင့် ယာဉ်ပေါ်ပါ လုံခြုံရေးအဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ ကစဥ့်ကလျား ဖြင့် ပြန်လည်ဆုတ်ခွာထွက်
ပြေးသွားခဲ့သည်။
ပြေးသွားခဲ့သည်။
အဆိုပါ နှောင့်ယှက်ပစ်ခတ်မှုများကြောင့် WFP မှ ယာဉ်မောင်း ဦးဝင်းကိုအောင် (ဘ) ဦးအောင်စိုးမြင့် ၊ ပခုက္ကူမြို့နေထိုင်သူ၏ မျက်နှာတွင် မော်တော်ယာဉ်လေကာမှန်စ ထိမှန်၍ ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ၎င်းမောင်းနှင်သည့် ၆ ဘီးယာဉ်အမှတ် YGN-2C-3916ဆီတိုင်ကီနှင့် ရှေ့လေကာမှန်လက်နက်ငယ်ကျည်ထိမှန်ပျက်စီးခဲ့သည်။ ထို့ပြင် အခြားမော်တော်ယာဉ် ၄ စီးတွင်လည်း ရှေ့/နောက် လေကာမှန်များ၊ တံခါးများ၊ ဘီးများနှင့် ကိုယ်ထည်များ လက်နက်ငယ်ထိမှန်ပျက်စီးခဲ့သည်။
ယင်းသို့ မော်တော်ယာဉ်များ ထိမှန်ပျက်စီးခဲ့သော်လည်း လုံခြုံရေးစနစ်တကျဆောင် ရွက်၍ ချီတက်ခဲ့မှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ခုခံကာကွယ်ခဲ့မှုများကြောင့် အဆို ပါ ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများကို ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် ပလက်ဝ နယ်မြေခံ တပ်ဌာနချုပ်ဝန်းကျင်သို့ ချောမောစွာဖြင့် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် WFP မှ ယာဉ်မောင်း ဦးဝင်းကိုအောင်အား ယာဉ်ပေါ်တွင်လိုက်ပါလာသည့် လုံခြုံရေးအဖွဲ့မှ ဆေးမှူးဖြင့် လိုအပ်သည့်ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၇ ရက် တွင်လည်း မောင်တောဒေသသို့ပို့ဆောင်မည့်ထောက်ပံ့ရေးရိက္ခာပစ္စည်းများ တင်ဆောင် လာသော အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) မှ ကုန်ကား ၆ စီးကို ကျောက်တော်မြို့၊ မဟာမုနိဘုရားကြီးလမ်းဆုံ၊ ကျောက်ကြပ်ကျေးရွာအနီး၌ လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၀ ရက်တွင် COVID-19 ရောဂါစောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာများကို ရန်ကုန်သို့ ပို့ဆောင်စစ်ဆေးရန် သွားရောက်သည့် WHOမှ UN တံဆိပ်ပါမော်တော်ယာဉ်အား မင်းပြားမြို့နယ်၊ ရာမောင်တံတားအလွန် မင်းရွာအနီး၌ လည်းကောင်း မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက်ရှိသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ပလက်ဝနယ်မြေတည်ငြိမ်အေးချမ်းရေး၊ လမ်းပန်း ဆက် သွယ်မှုကောင်းမွန်စေရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်းနှင့် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများကို ပလက်ဝဒေသခံများ လက်ဝယ်သို့အရောက်ပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Credit း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News
The Ladies News
https://www.facebook.com/News.TheLadies/posts/1482155941959370?__xts__%5B0%5D=68.ARDtpy-jcSKd_ey2u5c6JBQ6gFhHEcKL84OW0v4FW_Zqo6QZq8NrXOsc7l8GvUAi0xwviqpJM-6bJJ6nhT3dYHPyLSZDrDMAoZpEQB4LLWn4iTsO3f5HfpMzo-MJ18s9wX94DHH-lxh7WpQI9CWEeL4fUT7VQ4Tkj-7c2135LyhZZ9MtY56-ckD1I5wZahwix6_KR2ZVE-SNg81Er--sD49_6EkUjN3N7ANi4Epy34ucszcb8d0rKCdHwsaSSfEqCycR51HYThmNIYI5OGFZna0W_Kvq-kRvnBnUwTfefppyKHid6KvZUWVsPZtGrMBbr0kpBrqmJBQxpVJU2f9hYrJ4Ww&__tn__=-R
No comments:
Post a Comment