မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးစွာဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့အစည်း (Myanmar-China Friendly Contact Organization) က COVID-19 ရောဂါကာကွယ်ရေးအတွက် အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း
နေပြည်တော် မေ ၃၀
COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသောတပ်မတော်အတွက် အထောက် အကူဖြစ်စေရန် လူဦးရေ ၁၀၀၀ ဦးစစ်ဆေးနိုင်သည့် COVID-19 Real Time PCR Kit များ ပေးအပ် လှူဒါန်းခြင်းကို မေ ၂၉ ရက် နေ့လယ်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များဖြစ်သည့် မြန်မာ-တရုတ်ချစ်ကြည်ရင်းနှီးစွာ ဆက်သွယ်ဆောင်ရွက်ရေး အဖွဲ့အစည်း (Myanmar-China Friendly Contact Organization) မှ ဦးကိုကိုလှိုင် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဦးကိုကိုလှိုင်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် COVID-19 ရောဂါစစ်ဆေးရေးဆေးပစ္စည်းများဖြစ်သည့် Sample Collection Swab (နှာခေါင်း၊ အာခေါင်တို့ဖတ်ယူသော တုတ်ချောင်း ၃၀၀၀ ချောင်း)၊ Bio Detect Disposable Viral Sampling Tube ၃၀၀၀ ချောင်း၊ Bioperfectual Virul Nucleci Acid Isolation Kit (ဗိုင်းရပ်၏ BNA ကို စစ်ထုတ်ယူသောပစ္စည်းများ)လူ ၅၀ ဦးစစ်ဆေးနိုင်သောဘူး ၂၀ ဘူးနှင့် Bioperfectual FI-PCF Kit(RI PCF နည်းစနစ်ဖြင့် စစ်ဆေးရန်ဆေးရည်) လူ၅၀ ဦး စစ်ဆေးနိုင်သော ဘူး ၂၀ ဘူးတို့ကိုပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
cincds.gov.mm/node/7760
No comments:
Post a Comment