Wednesday, April 29, 2020

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ IDP စခန်းများတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ IDP စခန်းများတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဧပြီ ၂၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့ အစည်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ဧပြီ ၂၅ ရက်မှ ၂၈ ရက်အထိ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကာမိုင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်တို့ရှိ နှစ်ခြင်း IDP စခန်း၊ RC IDP စခန်း၊ လိုင်နောင်နှစ်ခြင်း IDP စခန်း၊ နန်စီအင်ထွယ်ဆန် IDP စခန်း၊ လဝါး IDP စခန်း၊ မော်ဖောင်းခါနန် IDP စခန်း၊ မော်ဖောင်းလော်ဝေါ် IDP စခန်း၊ နန်းကွေ့စိန်ယောဟန် IDP စခန်း၊ နောင်နန်းတြီနတီ IDP စခန်း၊ နောင်နန်းဂျော်မဆပ် IDP စခန်းများသို့သွားရောက်၍ အိမ်ထောင်စုတစ်စုလျှင် ဆပ်ပြာ (၂)ခဲနှင့် Mask (၂) ခုနှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၇၅၅)စုအတွက် ဆပ်ပြာခဲ (၁,၅၁၀)၊ Mask (၁,၅၁၀)၊ လက်ဆေးစင်(၇)ခု၊ Infrared Thermometer (၇)ခုနှင့် ဗီနိုင်း(၁၀)ချပ်တို့ကို ထောက်ပံ့ ခဲ့ပါသည်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ အေးလင်းမြတ်ရှင် IDP စခန်းနှင့် မြတ်ပန်းဝတ်မှုံ IDP စခန်းတို့ရှိ စုစုပေါင်းအိမ်ထောင်စု(၈၇၁)စုအတွက် လက်ဆေးစင် (၁၈)ခုနှင့် Infrared Thermometer (၂)ခုတို့ကို ထောက်ပံ့ခဲ့သည်။
ထို့အတူ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ မော်သီညှာIDPစခန်း၊ဒါးပိုင် IDP စခန်း၊ အုန်းတော ကြီးတောင် IDP စခန်း၊ အုန်းတောကြီးမြောက် IDP စခန်း၊ အုန်းတောချေ IDP စခန်း၊ ဘောဒူဖ(၁) IDP စခန်းနှင့် ဘောဒူဖ(၂) IDP စခန်းတို့ရှိ အိမ်ထောင်စု (၁၀၆၃၂) စုအတွက် ဆပ်ပြာတောင့် (၁၀၆၃၂) တောင့်၊ Mask (၁၁၇၅၄)ခု၊ လက်ဆေးစင်(၁၀)ခုနှင့် Infrared Thermometer (၃)ခု ထောက်ပံ့ခဲ့သည်။
အလားတူ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ (၅)ရပ်ကွက်နှစ်ခြင်း အသင်းတော် IDP စခန်း၊ (၆)ရပ်ကွက်မူကြို ကျောင်း IDP စခန်း၊ နမ့်ဖတ်ကာနှစ်ခြင်း အသင်းတော် IDP စခန်း၊ နမ့်ဖတ်ကာ နယ်မြေ(၄)IDP စခန်းနှင့် ပန်ကူ IDP စခန်းတို့ရှိ အိမ်ထောင်စု (၂၀၁)စုအတွက် ဆပ်ပြာတောင့် (၉၂)တောင့်၊ Mask (၁၈၄)ခု၊ လက်ဆေးစင်(၄)ခုနှင့် Infrared Thermometer (၃)ခုထောက်ပံ့ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှု လုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာမြှင့်တင် ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment